ဆာ​လံ-63

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 အို ဘု ရား သ ခင်၊ ကိုယ် တော် သည် အ ကျွန်ုပ် ၏ ဘု ရား သ ခင် ဖြစ် တော် မူ ၏။ ကိုယ် တော် ကို ကြိုး စား ၍ ရှာ ပါ ၏။ ရေ မ ရှိ သွေ့ ခြောက် သော လွင် ပြင် ၌ အ ကျွန်ုပ် ၏ ဝိ ညာဉ် သည် ကိုယ် တော် ကို ငတ် ပါ ၏။ အ ကျွန်ုပ် ၏ ကိုယ် ခန္ဓာ သည် လည်း ကိုယ် တော် ကို လွမ်း ဆွတ် ပါ ၏။
  • 2 ဘုန်း တန် ခိုး အာ နု ဘော် တော် ကို မြင် ခြင်း ငှါ၊ သန့် ရှင်း ရာ ဌာ န တော် ၌ ထို သို့ ကိုယ် တော် ကို ဖူး မျှော် ပါ ပြီ။
  • 3 က ရု ဏာ တော် သည် အ သက် ထက် သာ ၍ ကောင်း သော ကြောင့်၊ အ ကျွန်ုပ် ၏ နှုတ် သည် ကိုယ် တော် ကို ချီး မွမ်း ရ ပါ မည်။
  • 4 ထို သို့ အ သက် ရှင် စဉ် တွင် ကိုယ် တော် ကို ကောင်း ကြီး ပေး ပါ မည်။ နာ မ တော် ကို အ မှီ ပြု လျက် လက် ကို ချီ ပါ မည်။
  • 5 အိပ် ရာ ပေါ် မှာ ကိုယ် တော် ကို အောက် မေ့ ၍၊ ညဉ့် ယံ တို့ ၌ ကိုယ် တော် ကို ဆင် ခြင် လျက် နေ သော အ ခါ၊ ဆီ ဥ ကို ၎င်း၊ ဆူ သော အ သား ကို ၎င်း စား ၍ ဝ သ ကဲ့ သို့၊ အ ကျွန်ုပ် ၏ ဝိ ညာဉ် သည် ဝ ၍ ရွှင် လန်း သော နှုတ် ခမ်း နှင့် အ ကျွန်ုပ် ၏ နှုတ် သည် ကိုယ် တော် ကို ချီး မွမ်း ပါ မည်။
  • 6 အ ကျွန်ုပ် ကို မ စ တော် မူ သော ကြောင့်၊ အ တောင် တော် အ ရိပ် ၌ ဝမ်း မြောက် ပါ မည်။
  • 7 အ ကျွန်ုပ် ၏ ဝိ ညာဉ် သည် ကိုယ် တော် ၌ မှီ ဝဲ ၍၊ လက်ျာ လက် တော် သည် အ ကျွန်ုပ် ကို ထောက် မ တော် မူ ၏။
  • 8 အ ကျွန်ုပ် အ သက် ကို ဖျက် ဆီး ခြင်း ငှါ ရှာ သော သူ တို့ သည် မြေ ကြီး အောက် အ ရပ် သို့ ဆင်း ရ ကြ မည်။ ထား ဘေး ဖြင့် ဆုံး ၍၊ မြေ ခွေး စား ရန် ဖြစ် ရ ကြ လိမ့် မည်။
  • 9 ရှင် ဘု ရင် မူ ကား၊ ဘု ရား သ ခင် ၌ ဝမ်း မြောက် လိမ့် မည်။
  • 10 ဘု ရား သ ခင် ကို တိုင် တည် ၍ ကျိန် ဆို သော သူ အ ပေါင်း တို့ သည် ဝါ ကြွား ကြ လိမ့် မည်။ မု သာ စ ကား ကို ပြော သော သူ တို့ ၏ နှုတ် မူ ကား ပိတ် လျက် ရှိ လိမ့် မည်။
回到本卷目录 回到本版本目录 回到首页