ဆာ​လံ-2

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 လူ မျိုး တို့ သည် အ ဘယ် ကြောင့် ရုန်း ရင်း ခတ် ပြု ကြ သ နည်း။ လူ စု တို့ သည် အ ဘယ် ကြောင့် အ ချည်း နှီး ကြံ စည် ကြ သ နည်း။
  • 2 လော ကီ ရှင် ဘု ရင် တို့ သည် ထ ကြ ၍၊ မှူး မတ် အ ရာ ရှိ တို့ လည်း၊ ထာ ဝ ရ ဘု ရား နှင့် ခ ရစ် တော် ကို ရန် ဘက် ပြု လျက်၊
  • 3 သူ တို့ ချည် နှောင် ခြင်း ကို ဖြေ ကြ ကုန် အံ့။ ချည် နှောင် သော ကြိုး တို့ ကို ပယ် ကြ ကုန် အံ့ ဟု သင်း ဖွဲ့ ကြ ၏။
  • 4 ကောင်း ကင် ဘုံ ၌ ထိုင် တော် မူ သော သူ သည် ပြုံး ရယ် ၍၊ ထာ ဝ ရ ဘု ရား သည် သူ တို့ ကို ကဲ့ ရဲ့ တော် မူ ၏။
  • 5 ထို အ ခါ အ မျက် တော် ထွက် ၍၊ သူ တို့ ကို မိန့် တော် မူ မည်။ ပြင်း စွာ သော အ မျက် တော် နှင့် သူ တို့ ကို ပူ ပန် စေ တော် မူ မည်။
  • 6 ငါ ၏ ရှင် ဘု ရင် ကို သန့် ရှင်း သော ဇိ အုန် တောင် တော် ပေါ် မှာ၊ ငါ ကိုယ် တိုင် ဘိ သိက် ပေး ပြီ ဟု မိန့် တော် မူ မည်။
  • 7 ဗျာ ဒိတ် တော် အ ချက် ကို ငါ ပြန် ကြား ပေ အံ့။ ထာ ဝ ရ ဘု ရား က သင် သည် ငါ့ သား ဖြစ် ၏။ ယ နေ့ ပင် သင့် ကို ငါ ဖြစ် ဘွား စေ ပြီ။
  • 8 ငါ့ ကို တောင်း လော့။ လူ အ မျိုး မျိုး တို့ ကို သင် ၏ အ မွေ ဥစ္စာ ဘို့ ငါ ပေး မည်။ မြေ ကြီး စွန်း တိုင် အောင် ပိုင် ထိုက် သော အ ခွင့် ကို လည်း ငါ ပေး မည်။
  • 9 သင် သည် သူ တို့ ကို သံ လှံ တံ နှင့် အုပ် စိုး ၍၊ မြေ အိုး ကို ခွဲ ဖျက် သ ကဲ့ သို့ ခွဲ ဖျက် လိမ့် မည် ဟု ငါ့ အား မိန့် တော် မူ ပြီ။
  • 10 သို့ ဖြစ် ၍ ရှင် ဘု ရင် တို့၊ ပ ညာ သ တိ ရှိ ကြ လော့။ လော ကီ မင်း တို့၊ ဆုံး မ ခြင်း ကို ခံ ကြ လော့။
  • 11 ကြောက် ရွံ့ သော စိတ် နှင့် ထာ ဝ ရ ဘု ရား ၏ အ မှု တော် ကို ထမ်း ရွက် ၍၊ တုန် လှုပ် ခြင်း နှင့် ဝမ်း မြောက် ကြ လော့။
  • 12 သား တော် ကို နမ်း ကြ လော့။ သို့ မ ဟုတ် လျှင် အ မျက် တော် ထွက် ၍၊ သင် တို့ သည် လမ်း ၌ ပျက် စီး ခြင်း သို့ ရောက် ကြ လိမ့် မည်။ အ မျက် တော် သည် ချက် ခြင်း ထွက် လိမ့် မည်။ သား တော် ကို ကိုး စား သော သူ အ ပေါင်း တို့ သည် မင်္ဂ လာ ရှိ ကြ ၏။
回到本卷目录 回到本版本目录 回到首页