1
အ ကျွန်ုပ် ၏ ရှင် ဘု ရင်၊ အ ကျွန်ုပ် ၏ ဘု ရား သ ခင်၊ ကိုယ် တော် ကို ချီး မြှောက် ပါ မည်။ ကမ္ဘာ အ ဆက် ဆက် နာ မ တော် ကို ကောင်း ကြီး ပေး ပါ မည်။
2
ကိုယ် တော် ကို နေ့ တိုင်း အ စဉ် ကောင်း ကြီး ပေး ပါ မည်။ နာ မ တော် ကို ကမ္ဘာ အ ဆက် ဆက် ချီး မွမ်း ပါ မည်။
3
ထာ ဝ ရ ဘု ရား သည် ကြီး မြတ် ၍ အ လွန် ချီး မွမ်း ဘွယ် ဖြစ် တော် မူ ၏။ ကြီး မြတ် တော် မူ ခြင်း ကို စစ် ၍ မ ကုန် နိုင်။
4
အ မှု တော် တို့ ကို လူ မျိုး အ ဆက် ဆက် တို့ သည် ချီး မွမ်း ၍၊ တန် ခိုး တော် များ ကို ဟော ပြော ကြ ပါ လိမ့် မည်။
5
အ ကျွန်ုပ် သည် လည်း ဘုန်း တန် ခိုး အာ နု ဘော် တော် ကို ၎င်း၊ အံ့ ဘွယ် သော အ မှု တော် တို့ ကို ၎င်း မြွက် ဆို ပါ မည်။
6
သူ တို့ သည် ကြောက် မက် ဘွယ် သော အ မှု တော် တို့ ၌ ပါ သော တန် ခိုး ကို မြွက် ဆို ၍၊ အ ကျွန်ုပ် သည် လည်း၊ ကြီး မြတ် တော် မူ ခြင်း အ ကြောင်း ကို ကြား ပြော ပါ မည်။
7
သူ တို့ သည် အ လွန် ကောင်း မြတ် တော် မူ ခြင်း ကို အောက် မေ့ ဘို့ ရာ မြွက် ဆို ၍၊ ဖြောင့် မတ် တော် မူ ခြင်း အ ရာ ကို ရွှင် လန်း စွာ သီ ချင်း ဆို ကြ ပါ လိမ့် မည်။
8
ထာ ဝ ရ ဘု ရား သည် ကျေး ဇူး ပြု တတ် သော သ ဘော၊ သ နား စုံ မက် တတ် သော သ ဘော နှင့် ပြည့် စုံ ၍၊ ခန္တီ တော် နှင့် က ရု ဏာ တော် သည် အ လွန် ကြွယ် ဝ ပါ ၏။
9
ထာ ဝ ရ ဘု ရား သည် ခပ် သိမ်း သော သူ တို့ အား ကျေး ဇူး ပြု ချင် သော သ ဘော ရှိ ၍၊ ဖန် ဆင်း တော် မူ သ မျှ တို့ ကို သ နား စုံ မက် တော် မူ ၏။
10
အို ထာ ဝ ရ ဘု ရား၊ ဖန် ဆင်း တော် မူ သ မျှ တို့ သည် ဂုဏ် တော် တို့ ကို ပြ ၍၊ ကိုယ် တော် ၏ သန့် ရှင်း သူ တို့ သည် ကောင်း ကြီး ပေး ကြ ပါ ၏။
11
နိုင် ငံ တော် ၏ ဘုန်း ကို ၎င်း၊ တန် ခိုး တော် ကို ၎င်း ဟော ပြော မြွက် ဆို သ ဖြင့်၊
12
တန် ခိုး ပါ သော အ မှု တော် များ နှင့် နိုင် ငံ တော် ၏ ဘုန်း အ သ ရေ များ ကို လူ သား တို့ အား ဘော် ပြ ကြ ပါ ၏။
13
ကိုယ် တော် ၏ နိုင် ငံ သည် နိစ္စ ထာ ဝ ရ နိုင် ငံ ဖြစ် ၍၊ အာ ဏာ တော် သည် ကာ လ အ စဉ် အ ဆက် တည် ရ ပါ ၏။ ထာ ဝ ရ ဘု ရား သည် လဲ သော သူ ရှိ သ မျှ တို့ ကို ထောက် မ တော် မူ ၏။
14
နှိမ့် ချ သော သူ အ ပေါင်း တို့ ကို ကြွ ပင့် တော် မူ ၏။
15
ခပ် သိမ်း သော သတ္တ ဝါ တို့ သည် ကိုယ် တော် ကို မျှော် ကြည့် ကြ ၍၊ အ ချိန် တန် မှ သူ တို့ ကို ကျွေး မွေး တော် မူ ၏။
16
လက် တော် ကို ဖွင့် ၍၊ အ သက် ရှင် သော သတ္တ ဝါ အ ပေါင်း တို့ ကို ရောင့် ရဲ စေ တော် မူ ၏။
17
ထာ ဝ ရ ဘု ရား ၏ လမ်း ခ ရီး တော် ရှိ သ မျှ တို့ သည် ဖြောင့် မတ် ၍၊ ခပ် သိမ်း သော အ မှု တော် တို့ သည် သန့် ရှင်း ကြ ပါ ၏။
18
ထာ ဝ ရ ဘု ရား သည် ပ ဌ နာ ပြု သော သူ အ ပေါင်း၊ သစ္စာ နှင့် တ ကွ ပ ဌ နာ ပြု သော သူ အ ပေါင်း တို့ ၏ အ နီး အ ပါး ၌ ရှိ တော် မူ ၏။
19
ကြောက် ရွံ့ သော သူ တို့ ၏ အ လို ကို ပြည့် စုံ စေ တော် မူ ၏။ ထို သူ တို့ ၏ အော် ဟစ် ခြင်း ကို ကြား ၍ ကယ် တင် တော် မူ ၏။
20
ထာ ဝ ရ ဘု ရား သည် ကြည် ညို သော သူ အ ပေါင်း တို့ ကို စောင့် မ တော် မူ ၏။ မ တ ရား သော သူ အ ပေါင်း တို့ ကို ကား၊ ဖျက် ဆီး တော် မူ မည်။
21
ထာ ဝ ရ ဘု ရား ကို ချီး မွမ်း လျက် ငါ မြွက် ဆို မည်။ ခပ် သိမ်း သော လူ တို့ သည် သန့် ရှင်း သော နာ မ တော် ကို ကမ္ဘာ အ ဆက် ဆက် ကောင်း ကြီး ပေး ကြ စေ။