1 ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ ၍၊ က ရု ဏာ တော် အ စဉ် အ မြဲ တည် သော ကြောင့်၊ ဂုဏ် ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
2 ဘု ရား တို့ ၏ အ ရှင်၊ ဘု ရား သ ခင် ၏ က ရု ဏာ တော် အ စဉ် အ မြဲ တည် သော ကြောင့်၊ ဂုဏ် ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
3 အ ရှင် တို့ ၏ သ ခင်၊ ဘု ရား ရှင် ၏ က ရု ဏာ တော် အ စဉ် အ မြဲ တည် သော ကြောင့်၊ ဂုဏ် ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။
4 က ရု ဏာ တော် အ စဉ် အ မြဲ တည် သည် ဖြစ် ၍၊ အံ့ ဘွယ် သော အ မှု တို့ ကို တ ပါး တည်း သာ ပြု တော် မူ ထ သော၊
5 က ရု ဏာ တော် အ စဉ် အ မြဲ တည် သည် ဖြစ် ၍၊ ပ ညာ တ ရား အ တိုင်း ကောင်း ကင် ကို ဖန် ဆင်း တော် မူ ထ သော၊
6 က ရု ဏာ တော် အ စဉ် အ မြဲ တည် သည် ဖြစ် ၍၊ ရေ ပေါ် မှာ မြေ ကြီး ကို ဖြန့် တော် မူ ထ သော၊
7 က ရု ဏာ တော် အ စဉ် အ မြဲ တည် သည် ဖြစ် ၍၊ အ လင်း အိမ် ကြီး တို့ ကို ဖန် ဆင်း တော် မူ ထ သော၊
8 က ရု ဏာ တော် အ စဉ် အ မြဲ တည် သည် ဖြစ် ၍၊ နေ့ ကို အုပ် စိုး ရ သော နေ ကို ၎င်း၊
9 က ရု ဏာ တော် အ စဉ် အ မြဲ တည် သည် ဖြစ် ၍၊ ညဉ့် ကို အုပ် စိုး ရ သော လ နှင့် ကြယ် များ ကို ၎င်း ဖန် ဆင်း တော် မူ ထ သော၊
10 က ရု ဏာ တော် အ စဉ် အ မြဲ တည် သည် ဖြစ် ၍၊ အဲ ဂုတ္တု ပြည် မှာ သား ဦး များ ကို ဒဏ် ခတ် တော် မူ ထ သော၊
11 က ရု ဏာ တော် အ စဉ် အ မြဲ တည် သည် ဖြစ် ၍၊ အား ကြီး သော လက်၊ ဆန့် သော လက် ရုံး တော် ကို လက် နက် ပြု တော် မူ ထ သော၊
12 က ရု ဏာ တော် အ စဉ် အ မြဲ တည် သည် ဖြစ် ၍၊ ဣ သ ရေ လ အ မျိုး ကို အဲ ဂုတ္တု ပြည် သား တို့ အ ထဲ က ထုတ် ဆောင် တော် မူ ထ သော၊
13 က ရု ဏာ တော် အ စဉ် အ မြဲ တည် သည် ဖြစ် ၍၊ ဧ ဒုံ ပင် လယ် ကို အ ပိုင်း ပိုင်း ခွဲ တော် မူ ထ သော၊
14 က ရု ဏာ တော် အ စဉ် အ မြဲ တည် သည် ဖြစ် ၍၊ ပင် လယ် အ လယ် ၌ ဣ သ ရေ လ အ မျိုး ကို ရှောက် သွား စေ တော် မူ ထ သော၊
15 က ရု ဏာ တော် အ စဉ် အ မြဲ တည် သည် ဖြစ် ၍၊ ဖါ ရော မင်း နှင့် ဗိုလ် ခြေ များ ကို ဧ ဒုံ ပင် လယ် ထဲ ၌ လှဲ ချ တော် မူ ထ သော၊
16 က ရု ဏာ တော် အ စဉ် အ မြဲ တည် သည် ဖြစ် ၍၊ မိ မိ လူ စု ကို တော ၌ ပို့ ဆောင် တော် မူ ထ သော၊
17 က ရု ဏာ တော် အ စဉ် အ မြဲ တည် သည် ဖြစ် ၍၊ ကြီး သော ဘု ရင် တို့ ကို ဒဏ် ခတ် တော် မူ ထ သော၊
18 -
19 -
20 က ရု ဏာ တော် အ စဉ် အ မြဲ တည် သည် ဖြစ် ၍၊ အာ မော ရိ ပြည် ကို အ စိုး ရ သော ရှိ ဟုန် မင်း ကို ၎င်း၊ က ရု ဏာ တော် အ စဉ် အ မြဲ တည် သည် ဖြစ် ၍၊ ဗာ ရှန် ပြည် ကို အ စိုး ရ သော ဩ ဃ မင်း ကို ၎င်း၊ က ရု ဏာ တော် အ စဉ် အ မြဲ တည် သည် ဖြစ် ၍၊ ဘုန်း ကြီး သော ဘု ရင် များ ကို ၎င်း လုပ် ကြံ တော် မူ ထ သော၊
21 က ရု ဏာ တော် အ စဉ် အ မြဲ တည် သည် ဖြစ် ၍၊ သူ တို့ နေ ရာ မြေ ကို လွှဲ တော် မူ ထ သော၊
22 က ရု ဏာ တော် အ စဉ် အ မြဲ တည် သည် ဖြစ် ၍၊ မိ မိ ကျွန် ဣ သ ရေ လ အ မျိုး သား အ မွေ ကို ပေး ချ တော် မူ ထ သော၊
23 က ရု ဏာ တော် အ စဉ် အ မြဲ တည် သည် ဖြစ် ၍၊ နှိမ့် ချ လျက် နေ သော ငါ တို့ ကို အောက် မေ့ တော် မူ ထ သော၊
24 က ရု ဏာ တော် အ စဉ် အ မြဲ တည် သည် ဖြစ် ၍၊ ငါ တို့ ကို ရန် သူ တို့ အ ထဲ က ရွေး နှုတ် တော် မူ ထ သော၊
25 က ရု ဏာ တော် အ စဉ် အ မြဲ တည် သည် ဖြစ် ၍၊ ခပ် သိမ်း သော သတ္တ ဝါ တို့ ကို ကျွေး မွေး တော် မူ သော၊
26 ကောင်း ကင် ဘုံ ၏ အ ရှင် ဘု ရား သ ခင် ၏ က ရု ဏာ တော် သည် အ စဉ် အ မြဲ တည် သော ကြောင့်၊ ဂုဏ် ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။