ယေ​ဇ​ကျေ​လ-44

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို့ နောက်၊ သန့် ရှင်း ရာ ဌာ န အ ရှေ့ ဘက်၊ အ ပြင် တံ ခါး သို့ ငါ့ ကို ခေါ် သွား ပြန်၍၊ ပိတ် ထား သည် ကို တွေ့ သော်၊
  • 2 အ ရှင် ထာ ဝ ရ ဘု ရား က၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင်၊ ငါ ထာ ဝ ရ ဘု ရား သည်၊ ဤ တံ ခါး ဖြင့် ဝင် ခဲ့ သည် ဖြစ် ၍၊ တံ ခါး ဖွင့် ခွင့်၊ လူ ဝင် ခွင့် မ ရှိ ဘဲ ပိတ် မြဲ ပိတ် ထား ရ မည်။
  • 3 ပြည့် ရှင် မင်း မှာ မူ၊ ဤ တံ ခါး၏ မုတ် ဆောင် ဖြင့် ဝင် ထွက် ခွင့် ရ လျက်၊ တံ ခါး ဝ အ တွင်း တွင် မင်း အ ဖြစ် ငါ ထာ ဝ ရ ဘု ရား ရှေ့၊ ပွဲ တော် တည် လိမ့် မည် ဟု မိန့် တော် မူ ၏။
  • 4 ထို့ နောက် မြောက် တံ ခါး ဖြင့်၊ ဗိ မာန် တော် မျက် နှာ စာ သို့ ငါ့ ကို ခေါ် သွား ရာ တွင်၊ ငါ ရှု ကြည့် သော်၊ ထာ ဝ ရ ဘုရား ဘုန်း တော် နှင့် ဗိ မာန် တော် ပြည့် လျက် ရှိ သည် ကို မြင် သည့် အ တိုင်း၊ ပျပ် ဝပ် လျက် နေ ရာ၊
  • 5 ထာ ဝ ရ ဘု ရား က၊ အ ချင်း လူ့ သား၊ ဗိ မာန် တော် ဆိုင် ရာ ငါ မိန့် ဆို သ မျှ ထုံး ဖွဲ့ ချက်၊ ဥ ပ ဒေ ချက် များ ကို၊ မျက် စိ နှင့် ရှု ကြည့် လျက်၊ နား နှင့် နာ ခံ လျက်၊ နှ လုံး သွင်း သည့် ပြင်၊ ဗိ မာန် တော် နှင့် သန့် ရှင်း ရာ ဌာ န သို့၊၊ ဝင် နည်း၊ ထွက် နည်း၊ ဥ ပ ဒေ များ ကို နှ လုံး သွင်း လော့။
  • 6 ပုန် ကန် လေ့ ရှိ သော ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို ရ မည် မှာ၊ အ ရှင် ထာ ဝ ရ ဘု ရား က၊ အို ဣ သ ရေ လ အ မျိုး သား တို့၊ သင် တို့ သည် ငါ့ အ စာ အာ ဟာ ရ အ ဖြစ်၊ ဆီ ဥ နှင့် အ သွေး ကို ဆက် ကပ် ကြ သည့် ကာ လ၊ စိတ် ရော ကိုယ် ပါ လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ သူ နိုင် ငံ ခြား သား တို့ ကို၊ သန့် ရှင်း သော ငါ့ ဗိ မာန် တော် ထဲ သို့ ဝင် နေ ရှုတ် ချ စေ အံ့ သော ငှာ၊ ခေါ် သွင်း ၍ ပ ဋိ ညာဉ် တော် ကို ဖောက် ကျော် မှု၊ ရွံ ရှာ ဖွယ် အ မှု နှင့်၊ သင် တို့ ရွံ ရှာ ဖွယ် အ မှု အ မျိုး မျိုး သည် ကြီး လှ လေ စွ တ ကား။
  • 7
  • 8 ငါ့ သီး သန့် ရာ များ ကို၊ ကိုယ် တိုင် မ စောင့် ရှောက် ဘဲ၊ ငါ့ သန့် ရှင်း ရာ ဌာ န၌ အ စောင့် အ ရှောက် များ ကို ထား လေ ပြီ။
  • 9 ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ဣ သ ရေ လ လူ မျိုး တို့ အ ပါ အ ဝင် နိုင် ငံ ခြား သား တို့ အ နက်၊ စိတ် ရော ကိုယ် ပါ လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ သူ တစ် ဦး တစ် ယောက် မျှ၊ ငါ့ သန့် ရှင်း ရာ ဌာ န ထဲ သို့ ဝင် ရ မည် မ ဟုတ်၊
  • 10 ရုပ် ပွား ဆင်း တု များ နောက်၊ ဣ သ ရေ လ လူ မျိုး တို့ လမ်း လွှဲ ရာ တွင်၊ ငါ မှ ခွာ သွား သော လေ ဝိ ဂိုဏ်း သား တို့ မှာ မူ၊ ကိုယ့် ဒု စ ရိုက် ဝန် ကို ထမ်း ဆောင် လျက် ပင်၊
  • 11 ငါ့ သန့် ရှင်း ရာ ဌာ န တွင် ကံ ကျွေး အ ဖြစ်၊ ဗိ မာန် တော် တံ ခါး စောင့် ခြင်း၊ ဗိ မာန် တော် မှု ဆောင် ရွက် ခြင်း၊ လူ ပ ရိတ် သတ် အ ဖို့ မီး ရှို့ ရာ သ က္ကာ မှ စ သော၊ သ က္ကာ အ မျိုး မျိုး ကို စီ ရင် ခြင်း၊ ၎င်း တို့ ရှေ့ ခ စား၍ အ မှု ထမ်း ခြင်း များ ကို ပြု ရ ကြ လ တ္တံ့။
  • 12 ဒု စ ရိုက် ခ လုတ် အ ဖြစ်၊ ဣ သ ရေ လ အ မျိုး သား တို့ ရုပ် ပွား ဆင်း တု များ ရှေ့၊ အ မှု ထမ်း ခဲ့ ကြ သော ကြောင့်၊ လက် ရုံး တော် ကို မြှောက် လျက်၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ကိုယ့် ဒု စ ရိုက် ဝန် ကို ထမ်း ကြ ရ မည်။
  • 13 ငါ့ ရှေ့ တွင် ပ ရော ဟိတ် အ မှု ကို ဆောင် ရွက် ရန် တိုး ဝင် ခွင့်၊ အ ထူး သီး သန့် ရာ များ မှ စ သော၊ သီး သန့် ရာ တစ် စုံ တစ် ခု သို့ မျှ ဝင် ရောက် ခွင့် မ ရ ဘဲ၊ ကိုယ့် ရှက် ဝန် နှင့်၊ ပြု မိ သော ရွံ ရှာ ဖွယ် မှု ဝန် ကို ထမ်း လျက်၊
  • 14 ဝေ ယျာ ဝ စ္စ အ မှု အ ရေး ရှိ သ မျှ၌၊ ဗိ မာန် တော် အ စောင့် အ ရှောက် အ ဖြစ် ငါ ထား မည်။
  • 15 ငါ့ ထံ မှ ဣ သ ရေ လ အ မျိုး သား တို့ လမ်း လွှဲ ရာ တွင်၊ ငါ့ သန့် ရှင်း ရာ ဌာ န တော် ကို စောင့် ရှောက် သော၊ ဇာ ဒုတ် အ နွယ် လေ ဝိ ဂိုဏ်း သား ပ ရော ဟိတ် တို့ ကား ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ အ စောင့် အ ရှောက် တော် များ အ ဖြစ်၊ အ မှု တော် ကို ဆောင် ရွက် ရန် အ ထံ တော် သို့ တိုး ဝင် ခွင့်၊ ဆီ ဥ နှင့် အ သွေး ကို ဆက် ကပ် ရန် ရှေ့ တော် တွင် ခ စား ခွင့်၊
  • 16 အ မှု တော် ကို ဆောင် ရွက် ရန် သန့် ရှင်း ရာ ဌာ န တော် သို့ ဝင်၍၊ စား ပွဲ တော် သို့ ချဉ်း ကပ် ခွင့် ရ ကြ လိမ့် မည်။
  • 17 အ တွင်း တံ တိုင်း တံ ခါး ဖြင့် ဝင်၍၊ ထို တံ ခါး ဝ နှင့် တံ တိုင်း အ တွင်း တွင်၊ အ မှု တော် ကို ဆောင် ရွက် ကြ စဉ်၊ သိုး ချည် အ ဝတ် ကို မ ဝတ် ဘဲ၊ ပိတ် သင်္ကန်း ကို ဝတ် ဆင် ရ မည့် ပြင်၊
  • 18 ပူ အိုက် သော အ ဝတ် ကင်း လျက်၊ ပိတ် ဦး ရစ် နှင့် ပိတ် ဘောင်း ဘီ ကို ဝတ် ဆင် ကြ ရ မည်။
  • 19 လူ ပ ရိတ် သတ် ရှိ ရာ အ ပြင် တံ တိုင်း သို့ ထွက် သွား သော်၊ သင်္ကန်း များ ဖြင့် လူ ပ ရိတ် သတ် သီး သန့် ရာ ရောက် မည် ကို စိုး ၍၊ အ မှု တော် ဆောင် ရွက် ရာ တွင်၊ ဆင် ယင် သော သင်္ကန်း စုံ ကို၊ သန့် ရှင်း သော အ ခန်း စဉ် တွင် ချွတ် ထား လျက်၊ အ ဝတ် လဲ ကြ ရ မည်။
  • 20 ဦး ဆံ ရိတ် ခြင်း၊ ရှည် လျား စေ ခြင်း ကို မ ပြု ရ ဘဲ ညှပ် ကြ ရ မည်။
  • 21 ပ ရော ဟိတ် တို့ သည် အ တွင်း တံ တိုင်း သို့ မ ဝင် မီ၊ စ ပျစ် ရည် ကို မ သောက် ရ၊
  • 22 မ ယား ယူ သော်၊ လင် သေ လင် ကွာ မိန်း မ တို့ ကို မ ယူ အပ်၊ ဣ သ ရေ လ အ မျိုး သား ချင်း တို့ တွင်၊ အ ပျို က ညာ ကို သော် လည်း ကောင်း၊ လင် ပ ရော ဟိတ် သေ မိန်း မ ကို သော် လည်း ကောင်း၊ ယူ ကြ ရ မည်။
  • 23 သန့် ရာ၊ မ သန့် ရာ၊ ရှင်း ရာ၊ မ ရှင်း ရာ ကို ငါ့ လူ မျိုး တော် အား သွန် သင် ဖော် ပြ ခြင်း၊
  • 24 အ မှု ရှိ သ မျှ ကို ငါ့ ဆုံး ဖြတ် ချက် အ လိုက် ဆုံး ဖြတ် ခြင်း၊ ပြု မြဲ ပွဲ တော် ရှိ သ မျှ ကို၊ ငါ့ ဥ ပ ဒေ ချက် နှင့် ထုံး ဖွဲ့ ချက် အ လိုက် စောင့် ရှောက် ခြင်း၊ ဥ ပုသ် နေ့ တော် ကို သီး သန့် ထား ခြင်း များ ပြု ကြ ရ လ တ္တံ့။
  • 25 မိ ဘ၊ သား သ မီး၊ ညီ အစ် ကို နှင့် လင် မ ယူ သေး သော နှမ တို့ ပြင်၊ သူ သေ တို့ ထံ ချဉ်း ကပ် ၍၊ ကိုယ် ကို မ သန့် အောင် မ ပြု ကြ ရ။
  • 26 သန့် ရာ ရောက် ပြန် သော ပ ရော ဟိတ် သည်၊ ခု နစ် ရက် လည် ပြီး မှ၊
  • 27 အ မှု တော် ကို ဆောင် ရွက် ရန် အ တွင်း တံ တိုင်း၊ သန့် ရှင်း ရာ ဌာ န တော် ထဲ သို့ ဝင် သွား သော်၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ကိုယ် ပြစ် ဖြေ ရာ သ က္ကာ ကို ဆက် ကပ် ရ မည်။
  • 28 ငါ သည် သူ တို့ အ မွေ ဆိုင် ဖြစ် သည့် အ လျောက်၊ အ မွေ ဆိုင် ရှိ ကြ လိမ့် မည်။ ငါ သည် သူ တို့ ပိုင် စု ဖြစ် သ ဖြင့်၊ ဣ သ ရေ လ ပြည် တွင် ပိုင် စု မ ရ ကြ။
  • 29 ဘော ဇဉ် သ က္ကာ၊ အ ပြစ် ဖြေ ရာ သ က္ကာ နှင့် ပြစ် ဒဏ် ဖြေ ရာ သ က္ကာ များ ကို ဘုန်း ပေး ခွင့် ရှိ သည့် ပြင်၊ ဣ သ ရေ လ ပြည် ရှိ သင်္ဃိ က ဝ တ္ထု တိုင်း လည်း၊ သူ တို့ ပိုင် ရာ ဖြစ်၏။
  • 30 အ ဦး မှည့် သော အ သီး အ နှံ အ ထူး အ မြတ် မှ စ၍၊ မြှောက် ဆက် ရာ အ လှူ ဝ တ္ထု အ မျိုး မျိုး သည်၊ ပ ရော ဟိတ် တို့ အ ဖို့ ဖြစ်၏။ အိမ် သူ အိမ် သား တို့ အ ပေါ် တွင်၊ မင်္ဂ လာ တည် စေ ခြင်း ငှာ၊ မုန့် ဆန် ဦး ကို လည်း၊ ပ ရော ဟိတ် တို့ ထံ လှူ ကြ ရ မည်။
  • 31 လေ သ တ္တ ဝါ၊ မြေ သ တ္တ ဝါ၊ စ သည် တို့ အ နက်၊ အို သေ၊ နာ သေ၊ သား ရဲ ကိုက် သေ အ ကောင် ကို၊ ပ ရော ဟိတ် တို့ မ စား ကြ ရ။
回到本卷目录 回到本版本目录 回到首页