1
ငါ သည် မြင် ရ သည့် ကာ လ၊ ပျပ် ဝပ် လျက်၊ ငါ ကြား ရ သည့် မိန့် တော် မူ သံ မှာ၊ အ ချင်း လူ သား၊ ခြေ စုံ ရပ် လော့။ သင့် အား ငါ မြွက် ဆို မည် ဟု မိန့် တော် မူ သော်၊
2
ဝိ ညာဉ် တော် သည် ငါ့ အ တွင်း သို့ ဝင် ရောက်၍ ခြေ စုံ ရပ် စေ သ ဖြင့်၊ မိန့် တော် မူ ချက် ကို ငါ ကြား ရ၏။
3
ကိုယ် တော် က အ ချင်း လူ့ သား၊ ယ နေ့ တိုင် အောင် ပင် ဘိုး ဘေး တို့ နှင့် တ ကွ၊ ငါ့ တစ် ဖက် လွန် ကျူး ပုန် ကန်၍၊ ပုန် ကန် သော သ ဘော ရှိ သော လူ မျိုး၊ ဣ သ ရေ လ အ မျိုး သား တို့ သို့ သင့် ကို ငါ စေ လွှတ်၏။
4
စိတ် ခက် မာ၍ မျက် နှာ ပြောင် တိုက် သော၊ ထို အ မျိုး သား တို့ သို့ ငါ စေ လွှတ် သည့် အ တိုင်း၊ အ ရှင် ထာ ဝ ရ ဘု ရား ဤ သို့ မိန့် တော် မူ သည် ဟူ၍၊ သင် ဆင့် ဆို သ ဖြင့်၊
5
နား ထောင် သည် ဖြစ် စေ၊ ပုန် ကန် သော သ ဘော အ လိုက် နား မ ထောင် သည် ဖြစ် စေ၊ ချင်း တို့ ဘောင် တွင်၊ ပ ရော ဖက် တစ် ပါး ပေါ် ထွန်း သည် ကို သိ မှတ် ရ ကြ လ တ္တံ့။
6
အ ချင်း လူ့ သား၊ သင် သည် ဆူး၊ ရှား စောင်း၊ ကင်း မြီး ကောက် အ လယ် တွင် နေ ရ သော် လည်း၊ ချင်း တို့ ကို လည်း ကောင်း၊ စ ကား များ ကို လည်း ကောင်း၊ မ ကြောက် လင့်။ ပုန် ကန် လေ့ ရှိ သော ထို လူ မျိုး၏ စ ကား များ ကြောင့် ကြောက် ရွံ့ ခြင်း၊ မျက် နှာ ထား ကြောင့် တုန် လှုပ် ခြင်း ကင်း လျက် နေ လော့။
7
နား ထောင် ကြ သည် ဖြစ် စေ၊ ပုန် ကန် လေ့ ရှိ သည့် အ လိုက် နား မ ထောင် ကြ သည် ဖြစ် စေ၊ ငါ၏ ဗျာ ဒိတ် ချက် များ ကို ဆင့် ဆို လော့။
8
အ ချင်း လူ့ သား၊ ပုန် ကန် သော သ ဘော ရှိ သူ၊ ထို လူ မျိုး တို့ ကဲ့ သို့ မ ပုန် ကန် ဘဲ၊ ငါ့ အ မိန့် ကို နာ ခံ လျက် ငါ ပေး သော အ ရာ ကို နှုတ် ဖွင့်၍၊ စား လော့ ဟု မိန့် တော် မူ သည့် အ တိုင်း ငါ ရှု ကြည့် ရာ၊
9
ကမ်း လှမ်း သော လက် နှင့် ပါ ရှိ သော စာ လိပ် ကို
10
ငါ့ ရှေ့ တွင် ဖွင့် ပြ တော် မူ သော်၊ အ တွင်း အ ပြင်၌ ငို ချင်း ချက်၊ မြည် တမ်း ချက်၊ အ မင်္ဂ လာ ချက် များ ပါ ရှိ သည် ကို မြင် ရ လျှင်၊