ယေ​ဇ​ကျေ​လ-39

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အ ချင်း လူ့ သား၊ ဂေါ ဂ မင်း ကို ရည် လျက် ဟော ပြော ဆင့် ဆို ရ ဦး မည် မှာ၊ အ ရှင် ထာ ဝ ရ ဘု ရား က၊ ရော ရှ၊ မေ ရှက်၊ တု ဗ လ လူ မျိုး တို့ အ ရှင် အို ဂေါ ဂ မင်း၊ သင့် တစ် ဘက်၌ နေ သော ငါ သည်၊
  • 2 သင့် ကို လှည့် ချီ စေ၍၊ မြောက် မျက် နှာ စွန်း မှ၊ ဣ သ ရေ လ တောင် တန်း ပေါ် သို့၊ ရှေ့ ဆောင် လျက် ချီ တက် ဝင် ရောက် စေ ပြီး လျှင်၊
  • 3 ဘယ် လက် ကိုင် လေး ကို ပုတ် ချ လျက်၊ ညာ လက် ကိုင် မြှား ကို လည်း ခတ် ချ သ ဖြင့်၊
  • 4 ဣ သ ရေ လ တောင် တန်း ပေါ် တွင် ကျ ဆုံး အံ့ သော သင် မှ စ ၍၊ တပ် သား များ၊ အ ပေါင်း ပါ လူ မျိုး များ ကို၊ ငှက် ရဲ အ မျိုး မျိုး နှင့် တော သား ရဲ တို့ အား၊ အ စာ အ ဖြစ် အပ် ပေး မည်။
  • 5 ငါ ဗျာ ဒိတ် ပေး ခဲ့ သည့် အ တိုင်း၊ သင် သည် စစ် မြေ ပြင် တွင် ကျ ဆုံး မည် ဟု ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို ၏။
  • 6 မာ ဂေါ ဂ ပြည် မှ စ၍၊ ဘေး မ မြော် မြင် ဘဲ၊ ကမ်း ခြေ တစ် လျှောက် နေ ထိုင် သူ တို့ အ ပေါ် သို့ လောင် မီး ကျ စေ သ ဖြင့်၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် ကြောင်း၊ ၎င်း တို့ သိ ရ ကြ သည့် ပြင်၊
  • 7 ဣ သ ရေ လ လူ မျိုး တော့် ဘောင် တွင်၊ သန့် ရှင်း သော ငါ့ နာ မ တော် ကို၊ နောင် ရှုတ် ချ ခွင့် မ ပေး ဘဲ၊ ထင် ရှား စေ သ ဖြင့်၊ ဣ သ ရေ လ လူ မျိုး၌ စံ နေ သော အ ရှင်၊ သန့် ရှင်း သော ထာ ဝ ရ ဘု ရား ငါ ဖြစ် ကြောင်း၊ လူ မျိုး ခြား တို့ သိ ရ ကြ လ တ္တံ့။
  • 8 ထို အ မှု အ ရေး သည် သင့် ရောက် တည် နေ လိမ့် မည်။ ငါ မိန့် ဆို ခဲ့ ရာ နေ့ ရက် သည်၊ ဤ နေ့ ရက် တည်း ဟု၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို ၏။
  • 9 ထို အ ခါ၊ ဣ သ ရေ လ မြို့ ရွာ များ တွင် နေ ထိုင် သူ တို့ သည် ထွက် ၍၊ ဒိုင်း ဝန်း၊ ဒိုင်း ရှည် ကို လည်း ကောင်း၊ လေး နှင့် မြှား များ ကို လည်း ကောင်း၊ တုတ် နှင့် လှံ များ ကို လည်း ကောင်း၊ လက် နက် ဟူ သ မျှ ကို ခု နစ်နှစ် ပတ် လုံး ထင်း လုပ် ၍ မီး ဆိုက် ကြ လိမ့် မည်။
  • 10 ထို လက် နက် များ ကို ထင်း လုပ် ကြ မည့် အ လျောက်၊ လွင် ပြင်၌ ထင်း ခွေ ခြင်း၊ သစ် တော၌ ထင်း ခုတ် ခြင်း မ ရှိ ကြ ချေ၊ ထို သို့ သူ တို့ သည်၊ လု ယူ ခဲ့ သော သူ တို့ ကို ပြန် လု လျက် လက် ရ သိမ်း ခဲ့ သော သူ တို့ ကို ပြန် သိမ်း ကြ လိမ့် မည် ဟု၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို ၏။
  • 11 ထို နေ့ ရက် ကာ လ၊ ငါ သည် ပင် လယ် အ ရှေ့ ဘက် ဖြတ် လမ်း ချိုင့် ကို၊ ဣ သ ရေ လ ပြည် တွင် သင်္ချိုင်း အ ဖြစ်၊ ဂေါ ဂ မင်း အ ဖို့ စီ ရင် လျက်၊ ဖြတ် သန်း သူ တို့ လမ်း ပိတ် အောင်၊ ဂေါ ဂ မင်း နှင့် အ လုံး အ ရင်း တို့ ကို သင်္ဂြိုဟ် ကြ မည့် အ တွက်၊ ဟာ မုန် ဂေါ ဂ ချိုင့် ဟု သ မုတ် ကြ ရ လ တ္တံ့။
  • 12 ဣ သ ရေ လ အ မျိုး သား တို့ သည်၊ နေ ပြည် မ သန့် မ ချင်း၊ ခု နစ် လ ပတ် လုံး သင်္ဂြိုဟ် ကြ ရ လိမ့် မည်။
  • 13 ပြည် သား အ ပေါင်း တို့ သင်္ဂြိုဟ် ကြ ရ သည် နှင့်၊ ဘုန်း တော် ဖွင့် သည့် ကာ လ၌၊ အ သ ရေ ရှိ ကြ လိမ့် မည် ဟု၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို ၏။
  • 14 ခု နစ် လ လွန် ပြီး မှ၊ မြေ အ ပြင် တွင် ကျန် သေး သ မျှ ကို သင်္ဂြိုဟ် ကြ စေ ခြင်း ငှာ၊ ရှာ မြဲ ရှာ လျက်၊ နေ ပြည် တွင် သွား လာ ရ သူ တို့ ကို ခိုင်း ရ ကြ မည်။
  • 15 နေ ပြည် တွင် သွား လာ တတ် သူ တို့ လည်း၊ ခ ရီး အ ကြား တွင် လူ့ အ ရိုး ကို တွေ့ လျှင်၊ ဟာ မုန် ဂေါ ဂ ချိုင့် ၌ စဏ္ဍာ လ တို့ မ မြှုပ် မ ချင်း၊ မှတ် တိုင် စိုက် ထား ရ မည်။
  • 16 ဟာ မုန် ခေါ် မြို့ ကို လည်း ထို အ ရပ်၌ တည် လိမ့် မည်။ သို့ မှ နေ ပြည် ကို စင် ကြယ် ရာ ရောက် လ တ္တံ့ ဟု မိန့် တော် မူ ကြောင်း ဆင့် ဆို လော့။
  • 17 အ ချင်း လူ့ သား၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား အ မိန့် ရှိ သည့် အ တိုင်း၊ ငှက် အ မျိုး မျိုး၊ တော သား ရဲ အ မျိုး မျိုး တို့ အား ခေါ် ဖိတ် ရ မည် မှာ၊ သင် တို့ အ ဖို့ ငါ စီ ရင် သော ဣ သ ရေ လ တောင် တန်း ပေါ် ၌ ယဇ် ပွဲ ကြီး သို့၊ အ သွေး အ သား ကို စား သောက် အံ့ သော ငှာ၊ အ ဘက် ဘက် က လာ ရောက်၍၊ စု ရုံး စည်း ဝေး ကြ လော့။
  • 18 သင် တို့ သည် ဗာ ရှန် ပြည် ထွက် ဆူ ဖြိုး သော သိုး ထီး၊ သိုး သား ငယ်၊ ဆိတ် နွား များ သ ဖွယ် ဖြစ် သော သူ ရဲ တို့ နှင့်၊ မြေ ပေါ် ရှိ အ ကြီး အ ကဲ တို့၏ အ သွေး အ သား ကို စား ရ ကြ လ တ္တံ့။
  • 19 သင် တို့ အ ဖို့ ငါ စီ ရင် ပြီး ယဇ် ဆီ ဥ ကို ဝ စွာ စား ခွင့်၊ အ သွေး ကို ယစ် မူး စွာ သောက် ခွင့် ရ လျက်၊ စား ပွဲ တော်၌၊
  • 20 မြင်း တပ်၊ ရ ထား တပ်၊ သူ ရဲ တပ် မှ စ၍၊ စစ် သာ အ မျိုး မျိုး နှင့် ဝ ပြော ကြ လ တ္တံ့ ဟု၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို ၏။
  • 21 ငါ့ ဘုန်း တော် ကို လူ မျိုး ခြား တို့ တွင်၊ ထို သို့ ဖွင့် ပြ လျက်၊ ငါ စီ ရင် သော ဒဏ် ချက် နှင့် တင် ဖိ သော လက် ရုံး တော် ကို၊ ၎င်း တို့ ရှု မြင် သည့် ပြင်၊ ထို နေ့ ရက် မှ စ၍၊
  • 22 ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ငါ ဖြစ် ကြောင်း၊ ဣ သ ရေ လ အ မျိုး သား တို့ သိ ရ ကြ လ တ္တံ့။
  • 23 ဣ သ ရေ လ အ မျိုး သား တို့ သည်၊ ကိုယ့် ဒု စ ရိုက် ကြောင့် သိမ်း သွား ခံ ရ ကြောင်း၊ သ စ္စာ တော် ကို ဖောက် ကျော် သည့် အ တွက် မျက် နှာ တော် လွှဲ သော ငါ သည်၊ ဓား ဘေး ဖြင့် ကျ ဆုံး ကြ သည့် တိုင် အောင်၊ ရန် သူ တို့ လက် တွင်း သို့ အပ် ပေး ခဲ့ ကြောင်း၊ မ သန့် ရာ ရောက်၍၊ သ စ္စာ တော် ဖောက် ကျော် မှု နှင့် အ မျှ၊ ငါ စီ ရင် လျက် မျက် နှာ တော် လွှဲ ခဲ့ ကြောင်း များ ကို၊ လူ မျိုး ခြား တို့ သိ ရ ကြ လ တ္တံ့။
  • 24
  • 25 ထို့ ကြောင့်၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ငါ သည် သုံ့ ဖမ်း ခံ ရ သော ယာ ကုပ် လူ မျိုး ကို၊ ယ ခု ပြန် လာ စေ လျက်၊ ဣ သ ရေ လ တစ် မျိုး လုံး ပေါ် ၌ က ရု ဏာ သက်၍၊ သန့် ရှင်း သော နာ မ တော် အ တွက်၊ ရှု စိတ် တော် မ မူ ခြင်း ဖြစ် လိမ့် မည်။
  • 26 ငါ သည်၊ ရန် သူ တို့ နေ ပြည် များ က စု သိမ်း၍၊ လူ အ မျိုး မျိုး မှ ပြန် ပို့ သ ဖြင်း၊ လူ မျိုး ခြား တို့ ရှေ့၊ သီး သန့် ရာ ရောက် သည့် ကာ လ၊ ပြည် ရင်း တွင် ထိတ် လန့် မဲ့၊ စိတ် ချ စွာ နေ ထိုင် ပြန် ကြ သော်၊ ကိုယ့် အ ရှက် ဝန် နှင့်၊ သ စ္စာ တော် ဖောက် ကျော် သ မျှ သော ဝန် ကို၊ သူ တို့ ထမ်း ဆောင် ရ ကြ လ တ္တံ့။
  • 27
  • 28 လူ မျိုး ခြား တို့ သို့ သိမ်း သွား ခံ စေ လျက်၊ ပြည် ရင်း သို့ စု သိမ်း ပြန် ၍၊ ဣ သ ရေ လ အ မျိုး သား တို့ အ ပေါ် သို့ ဝိ ညာဉ် တော် ကို သွန်း လောင်း ခဲ့ ပြီး ဖြစ် သော ကြောင့်၊ ငါ သည်၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် လျက်၊ နောင် တစ် ဦး တစ် ယောက် ကို မျှ မ ချန် မ ခြွင်း၊ မျက် နှာ တော် ကို လည်း မ လွှဲ ကြောင်း၊ သူ တို့ သိ ရ ကြ လ တ္တံ့ ဟု ဆင့် ဆို လော့ ဟူ ၍ တည်း။
  • 29
回到本卷目录 回到本版本目录 回到首页