သုတ္တံကျမ်း။-6

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ငါ့ သား၊ သင် သည် အ ပေါင်း အ ဖော် အ တွက် လည်း ကောင်း၊ သူ စိမ်း အ တွက် လည်း ကောင်း၊ လက် ဝါး ရိုက်၍ အာ မ ခံ မိ သည် ဖြစ် လျှင်၊
  • 2 ကိုယ် နှုတ် မြွက် သော စ ကား ဖြင့် ကျော့ ဖမ်း ခံ ရ လေ ပြီ။
  • 3 ငါ့ သား၊ သင် သည် အ ပေါင်း အ ဖော် တို့ လက် တွင်း သို့ ရောက် သော်၊ လွတ် မြောက် ခွင့် ရ စေ ရန် ထို သူ့ ထံ တိုး လျှိုး တောင်း ပန် လော့။
  • 4 ကိုယ့် မျက် စိ အိပ် ခွင့်၊ မျက် ခမ်း စက် ခွင့် မ ပြု ဘဲ၊ ဒ ရယ် ကဲ့ သို့ လည်း ကောင်း၊ ငှက် ကဲ့ သို့လည်း ကောင်း၊ ဖမ်း မိ သူ့ လက် မှ ကိုယ် ကို လွတ် မြောက် စေ လော့။
  • 5
  • 6 အ ချင်း လူ ပျင်း၊ ပ ရွက် ဆိတ် ရှိ ရာ သို့ သွား၍၊ ၎င်း တို့ အ ပြု အ မူ များ ကို ထောက် ရှု ပြီး လျှင်၊ ပ ညာ ကို နည်း ခိုး လော့။
  • 7 ထို ပ ရွက် ဆိတ် တို့ သည်၊ ကြီး ကြပ် အုပ် ချုပ် စီ မံ သူ မ ရှိ ဘဲ လျက်၊
  • 8 နွေ ဥ တု တွင် ရိ က္ခာ ကို သို ထား၍၊ ရိတ် သိမ်း ချိန် တွင် အ စာ ကို ဆည်း ပူး လေ့ ရှိ ကြ ၏။
  • 9 အ ချင်း လူ ပျင်း၊ မည် မျှ ကြာ အိပ် နေ၍၊ မည် သည့် အ ခါ မှ နိုး ထ မည် နည်း။
  • 10 ခ ဏ အိပ် လျက်၊ ခ ဏ ပျော် လျက်၊ အိပ် ပျော် ခွင့် ရှိ စေ ရန် ခ ဏ လက် ပိုက် လျက် နေ ခိုက်၊
  • 11 သင်၌ ဆင်း ရဲ ခြင်း သည် ဓား ပြ ကဲ့ သို့ လည်း ကောင်း၊ နွမ်း ပါး ခြင်း သည် သူ ရဲ ကဲ့ သို့ လည်း ကောင်း၊ သင့် ရောက် လိမ့် မည်။
  • 12 တ ရား မဲ့ သူ နှင့် ဒု စ ရိုက် ပြု သူ သည်၊ ကောက် ကျစ် သော နှုတ် ဖြင့် ကျင် လည် ခြင်း၊
  • 13 မျက် ရိပ် ပြ ခြင်း၊ ခြေ ဖြင့် အ မှတ် ပြု ခြင်း၊ လက် ဖြင့် သ ညာ ပေး ခြင်း များ ကို ပြု လုပ် တတ် ၏။
  • 14 ကောက် ကျစ် သော စိတ် နှင့် ပြည့်၍။ အ ခါ ခပ် သိမ်း အ ဆိုး ကို သာ ကြံ စည် သ ဖြင့်၊ ရန် တွေ့ ခြင်း ကို ဖြစ် ပွား စေ တတ် ၏။
  • 15 ထို့ ကြောင့်၊ သူ ၌ ရုတ် တ ရက် ဘေး သင့် သ ဖြင့်၊ ပြု ပြင် ခွင့် နှင့် ကင်း သော ကျိုး ပျက် ရာ သို့ ရောက် လိမ့် မည်။
  • 16 ထာ ဝ ရ ဘု ရား မုန်း ထား ရာ ခြောက် ပါး၊ မု ချ ဆို သော်၊ စက် ဆုပ် ရွံ ရှာ တော် မူ သော အ ရာ ခု နစ် ပါး ဟူ မူ ကား၊
  • 17 မောက် မော် သော မျက် နှာ၊ မု သာ သုံး သော လျှာ၊ အ ပြစ် ကင်း သူ ၏ အ သွေး ကို သွန်း သော လက်၊
  • 18 ဒု စ ရိုက် ကို ကြံ စည် သော စိတ် နှ လုံး။
  • 19 အ ဆိုး ပြု ရန် လျင် မြန် သော ခြေ၊ မု သာ သုံး၍ မ မှန် သော သက် သေ၊ ညီ အစ် ကို ချင်း ရန် ဖြစ် ပွား စေ သူ တို့ တည်း။
  • 20 ငါ့ သား၊ အ ဘ၏ ပ ညတ် ကို စောင့် ထိန်း ၍၊ အ မိ ၏ တ ရား ကို မ စွန့် ဘဲ နေ လော့။
  • 21 နှ လုံး ပေါ် တွင် အ စဉ် ချည်၍၊ လည်၌ ပတ် ရစ် လော့။
  • 22 ထို ပ ညတ် တ ရား သည်၊ သင် သွား လာ သော အ ခါ လမ်း ပြ လျက်၊ အိပ် သော အ ခါ စောင့် ရှောက် ပြီး လျှင်၊ နိုး သော အ ခါ လည်း နှုတ် ဆက် လိမ့် မည်။
  • 23 အ သို့ ဆို သော်၊ ထို ပ ညတ် သည် မီး ခွက် သ ဖွယ်၊ တ ရား လည်း အ လင်း သ ဖွယ်၊ ဖြစ် သည့် ပြင်၊ ဆုံး မ ပဲ့ ပြင် ခြင်း သည်၊ မိန်း မ ဆိုး မှ လည်း ကောင်း၊ နှုတ် ဖြင့် မြှောက် ပင့် တတ် သော မိန်း မ ရွှင် မှလည်း ကောင်း၊ သင့် ကို ကွယ် ကာ စောင့် ရှောက် စေ ခြင်း ငှာ၊ အ သက် လမ်း သ ဖွယ် ဖြစ် ၏။
  • 24
  • 25 ထို သို့ သော မိန်း မ သည် အ ဆင်း လှ သော် လည်း၊ တပ် မက် သော စိတ် မ ရှိ နှင့်။ မျက် စ ဖြင့် သင့် ကို မ ကျော့ မိ စေ နှင့်။
  • 26 လူ သည် ပြည် တန် ဆာ ကြောင့် ပြုန်း တီး ၍၊ တစ် လုပ် စာ မျှ သာ ရ တတ်၏။ မျောက် မ ထား သော မိန်း မ သည်၊ လူ၏ အ သက် ရ တ နာ ကို လိုက် ရှာ တတ် ၏။
  • 27 လူ သည် အ ဝတ် မ လောင် ဘဲ၊ မီး ကို ပိုက် ပွေ့ နိုင် သ လော။
  • 28 ခြေ မ လောင် ဘဲ၊ မီး ကျီး ကို နင်း နိုင် သ လော။
  • 29 ထို နည်း တူ၊ သူ့ မ ယား ထံ ဝင် ရောက် မှား ယွင်း သော သူ သည်၊ အ ပြစ် ဒဏ် နှင့် မ ကင်း မ လွတ် ရာ။
  • 30 မွတ် သိပ် သ ဖြင့် အ သက် မွေး ရန် သာ၊ ခိုး သော သူ့ ကို အ ရှက် မ ခွဲ တတ် ကြ သော် လည်း၊
  • 31 တွေ့ မိ လျှင် သူ သည် ခု နစ် ဆ ဆပ် ပေး၍၊ အိမ်၌ ရှိ သ မျှ ဥ စ္စာ ကို ပင် လျော် ပေး ရ၏။
  • 32 သူ့ မ ယား နှင့် မှား ယွင်း သူ သည်၊ ဉာဏ် မ ရှိ။ ကိုယ့် အ သက် ကို ဖျက် ဆီး လို သော သူ သာ လျှင်၊ ထို သို့ ပြု တတ်၏။
  • 33 ရိုက် နှက် ခြင်း၊ အ ရှက် ကွဲ ခြင်း ကို ခံ ရ သည့် ပြင်၊ ကဲ့ ရဲ့ ခြင်း နှင့် လည်း ကင်း လွတ် မည် မ ဟုတ်။
  • 34 အ သို့ ဆို သော်၊ မ ရှု စိတ် သော သ ဘော ကြောင့်၊ လင် ကြီး သည် ဒေါ သ မီး လောင် သ ဖြင့်၊ လက် စား ချေ ရာ ကာ လ တွင် ညှာ တာ လိမ့် မည် မ ဟုတ်။
  • 35 လျော် ပြစ် ငွေ ကို မည် မျှ ကို ပ မာ ဏ မ ပြု တတ်။ လက် ဆောင် ပ ဏ္ဏာ များ စွာ အပ် ပေး သော် လည်း၊ မ ကျေ မ နပ်။
回到本卷目录 回到本版本目录 回到首页