1
ငါ့ သား၊ ငါ ပြ သော တ ရား ကို မ မေ့ မ လျော့ ဘဲ၊ ပ ညတ် များ ကို လည်း စိတ် နှ လုံး ၌ စောင့် ရှောက် လော့။
2
သို့ ပြု လျှင်၊ ပ ညတ် တ ရား သည် အ သက် ရှည် သော နှစ် ပေါင်း ကို လည်း ကောင်း၊ ငြိမ် သက် ခြင်း ကို လည်း ကောင်း၊ သင် ၌ ထပ် ဆင့် တိုး ပွား စေ မည်။
3
မေ တ္တာ ကျေးဇူး နှင့် သ စ္စာ တ ရား ကို မ စွန့် မ ကွာ စေ ဘဲ၊ လည် ၌ ဆွဲ ချည် ၍၊ နှ လုံး တည်း ဟူ သော ပု ရ ပိုက် ပေါ် တွင် ရေး သား လော့။
4
သို့ မှ ဘု ရား သ ခင် ရှေ့၊ လူ့ ရှေ့ မှာ၊ မျက် နှာ သာ ရ ၍၊ ဂုဏ် အ သ ရေ ရှိ လိမ့် မည်။
5
ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ကိုး စား လျက်၊ ကိုယ့် ဉာဏ် ကို တံ ကဲ မ ပြု နှင့်။
6
ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။
7
ဉာဏ် ကောင်း သည် ဟု အ ထင် အ မြင် မ ရှိ စေ နှင့်။ ထာ ဝ ရ ဘု ရား ကို ခန့် ညား၍ ဒု စ ရိုက် ကို ကြဉ် ရှောင် လော့။
8
သင်၏ ချက် တိုင် အ ဖို့ သန် မာ ခြင်း၊ အ ရိုး များ အ ဖို့ အား ပြည့် ခြင်း ဖြစ် လိမ့် မည်။
9
ကိုယ့် ဘ ဏ္ဍာ ရင်း မှလည်း ကောင်း၊ အ မြတ် စွန်း ရှိ သ မျှ၏ အ ဦး အ ဖျား ကိုလည်း ကောင်း၊ ထာ ဝ ရ ဘု ရား အား ဆက် ကပ် လော့။
10
သို့ ပြု လျှင် သင်၏ ကျီ ကျ များ သည် ကုန် လုံ ကြွယ် ဝ၍၊ ဖိ နင်း ရာ ကျင်း များ လည်း စ ပျစ် ရည် ဖြင့် ပြည့် လျှံ လိမ့် မည်။
11
ငါ့ သား၊ ထာ ဝ ရ ဘု ရား၏ ဆုံး မ ခြင်း ကို ပေါ့ ပေါ့ ဆ ဆ မ ပြု ဘဲ၊ ပဲ့ ပြင် ခြင်း ကို လည်း၊ ရွံ့ ရှာ ဖွယ် မ မှတ် နှင့်။
12
အ ဘ သည် နှစ် သက် သော သား ကို ဆုံး မ သည့် နည်း တူ ပင်၊ ထာ ဝ ရ ဘု ရား လည်း၊ ချစ် တော် မူ သော သူ့ ကို ဆုံး မ တော် မူ၏။
13
ဉာဏ် ပ ညာ ကို ရှာ တွေ့၍၊ ဉာဏ် ပ ဋိ ဘာန် ကို ရ သူ၌ မင်္ဂ လာ ရှိ ၏။
14
ဉာဏ် ပ ညာ ကို ကုန် သွယ် ခြင်း သည်၊ ငွေ ကုန် သွယ် ခြင်း ထက် လည်း ကောင်း၊ အ မြတ် လည်း၊ ရွှေ ထက် လည်း ကောင်း၊ သာ ၍ ကောင်း ၏။
15
ဉာဏ် ပ ညာ သည် ပ တ္တ မြား ထက် သာ၍ မြင့် မြတ် သ ဖြင့်၊ သင် နှစ် သက် သ မျှ အ ခြား အ ရာ များ လည်း၊ မ ပြိုင် မ နှိုင်း ရာ၊
16
ဉာဏ် ပ ညာ၏ ယာ လက် တွင် အ သက် ရှည် ခြင်း၊ ဝဲ လက် တွင် ဂုဏ် သ ရေ နှင့် ကြွယ် ဝ ခြင်း တည် ၏။
17
ဆိုင် ရာ လမ်း များ သည်၊ တင့် တယ် လျက်၊ ခ ရီး ရှိ သ မျှ လည်း၊ ငြိမ် သက် ရာ ဖြစ်၏။
18
ကိုင် စွဲ သူ တို့ အ ဖို့ ဉာဏ် ပ ညာ သည် အ သက် ပင် သ ဖွယ် ဖြစ်၍၊ စွဲ မြဲ သူ တို့၌ လည်း မင်္ဂ လာ ရှိ၏။
19
ထာ ဝ ရ ဘု ရား သည် ဉာဏ် ပ ညာ တော် အား ဖြင့် မြေ ပ ထ ဝီ ကို တည် စေ၍၊ ဉာဏ် ပ ဋိ ဘာန် တော် အား ဖြင့်၊ မိုး ကောင်း ကင် ကို မြဲ စေ တော် မူ ပြီ။
20
အ သိ ပ ညာ တော် အား ဖြင့်၊ ရေ ထု များ ကို ပေါက် ထွက် စေ လျက်၊ မိုး ကောင်း ကင် မှ လည်း၊ နှင်း ကို ကျ စေ တော် မူ၏။
21
ငါ့ သား၊ အ မျှော် အ မြင် ပ ညာ နှင့် ကြံ စည် သော ဉာဏ် ကို စောင့် ထိန်း၍၊ သင့် မျက် မှောက် နှင့် မ ကွာ စေ လင့်။
22
သို့ ပြု လျှင်၊ သင့် ဝိ ညာဉ်၌ အ သက်၊ လည်၌ အ ဆင် တန် ဆာ ဖြစ် လိမ့် မည်။
23
သွား ရာ လမ်း တွင် စိတ် ချ စွာ လျှောက် လိုက် ရ၍၊ ခြေ သည် ခ လုတ် တိုက် မိ မည် မ ဟုတ်။
24
အိပ် သော အ ခါ၊ ကြောက် မက် ဖွယ် မ ရှိ ရ ဘဲ၊ ကောင်း မွန် စွာ အိပ် ပျော် ရ လိမ့် မည်။
25
ရုတ် တ ရက် ကြောက် ရွံ့ ဖွယ် ရာ ကို လည်း ကောင်း၊ လူ ဆိုး တို့၌ သင့် ရောက် သော ဘေး ကို လည်း ကောင်း၊ မ စိုး ရိမ် နှင့်။
26
အ သို့ ဆို သော်၊ ထာ ဝ ရ ဘု ရား သည်သင်၏ ကိုး စား ရာ ဖြစ်၍၊ ခြေ ကို မ ကျော့ မိ စေ ရန် စောင့် ထိန်း တော် မူ လိမ့် မည်။
27
ကျေး ဇူး ခံ သင့် သူ တို့ အား ကျေး ဇူး ပြု ခွင့် ရှိ လျှင်၊ မ တွန့် တို နှင့်။
28
လက် ဝယ် ပေး ရန် ရှိ လျက်၊ သွား တော့ နက် ဖြန် ပြန် လာ မှ ပေး မည် ဟု၊ အ ပေါင်း အ ဖော် အား မ ပြော နှင့်။
29
သင့် နှင့် အ တူ စိတ် ချ စွာ နေ ထိုင် သူ အ ပေါင်း အ ဖော် အား၊ အ ဆိုး ကို မ ကြံ နှင့်။
30
သင်၌ အ ဆိုး မ ပြု သူ့ ကို၊ အ ကြောင်း မဲ့ ခိုက် ရန် မ ပြု လင့်။
31
ကြမ်း ကြုတ် သူ ကို မ ငြူ စူ ဘဲ၊ သူ့ အ ကျင့် တစ် စုံ တစ် ရာ ကို လည်း မ ရွေး မလိုက် နှင့်။
32
လိမ် လည် သော သူ တို့ သည်၊ ထာ ဝ ရ ဘု ရား ၏ မျက် မှောက် တော် တွင် စက် ဆုပ် ရွံ ရှာ ဖွယ် ဖြစ် လျက်၊ ဖြောင့် မှန် သော သူ တို့ ကား၊ ကိုယ် တော် နှင့် အ ကျွမ်း ဝင် ကြ ၏။
33
ဆိုး သွမ်း သူ တို့ ၏ အိမ် ၌ ထာ ဝ ရ ဘု ရား ထံ မှ အ မင်္ဂ လာ တည်၏။ ဖြောင့် မတ် သူ တို့၏ နေ ထိုင် ရာ ကို ကား၊ မင်္ဂ လာ ပေး တော် မူ ၏။
34
မ ထီ လေး စား ပြု သူ တို့ အား၊ လေး စား တော် မ မူ။ စိတ် နှိမ့် ချ သူ တို့ ကို ကား၊ ကျေး ဇူး သ နား တော် မူ ၏။
35
ပ ညာ ရှိ တို့ သည် ဘုန်း အ သ ရေ ကို အ ပိုင် ရ၍၊ လူ မိုက် တို့၌ ချီး မြှောက် ခြင်း ကား၊ ရှုတ် ချ ခြင်း သာ ဖြစ် ရ လိမ့် မည်။