၄ ရာ-5

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ရှု ရိ ဘု ရင်၏ ဗိုလ် ချုပ် ဖြစ် သော စစ် ခေါင်း မာ သူ နေ မန့် လက် ဖြင့် အောင် မြင် ခွင့် ကို ရှု ရိ ပြည် အား ထာ ဝ ရ ဘု ရား ပေး တော် မူ သည် ဖြစ်၍ ထို ဗိုလ် ချုပ် သည် ကိုယ့် သ ခင့် ရှေ့ မျက် နှာ ရ သူ၊ ဂုဏ် ရှိ သူ ဖြစ်၏။ သို့ ရာ တွင် နူ နာ စွဲ ရှာ လေ ၏။
  • 2 အ နု ကြမ်း စီး ရန် ချီ သွား သော ရှု ရိ တပ် သား တို့ ဖမ်း ခဲ့၍ နေ မန်၏ ခင် ပွန်း ထံ အ စေ ခံ ရ သော ဣ သ ရေ လ ပြည် သူ မိန်း မ ငယ် တစ် ယောက် က၊
  • 3 ကျွန် မ သ ခင် သည် ရှ မာ ရိ မြို့ ရှိ ပ ရော ဖက် နှင့် တွေ့ ပါ စေ သော။ တွေ့ လျှင် နူ နာ ကို ပျောက် ကင်း စေ လိမ့် မည် ဟု သ ခင် မ အား လျှောက် ဆို သော စ ကား ကို
  • 4 ဘု ရင် မင်း ထံ တင် လျှောက် သည့် ကာ လ
  • 5 ရှု ရိ ဘု ရင် က သွား လော့။ ဣ သ ရေ လ ဘု ရင့် ထံ အ မှာ တော် စာ ပေး လိုက် မည် ဟု အ မိန့် ရှိ သည့် အ တိုင်း နေ မန် သည် ငွေ ချိန် ခွက် သုံး ရာ၊ ရွှေ ဒ င်္ဂါး ခြောက် ထောင်၊ အ ဝတ် ဆယ် စုံ များ ကို ယူ ဆောင် ထွက် သွား၏။
  • 6 ဣ သ ရေ လ ဘု ရင့် ထံ ရောက်၍ ကျွန်ုပ် ကျွန် ရင်း နေ မန် ကို နူ နာ ပျောက် ကင်း စေ ရန် ဤ အ မှာ တော် စာ နှင့် တ ကွ၊ အ ကြည် တော့် ထံ လွှတ် ပါ သည် ဟူ သော အ မှာ တော် စာ ကို ဆက် သ လျှင်
  • 7 ဣ သ ရေ လ ဘု ရင် ဖတ် ကြည့် သော အ ခါ ဝတ် လဲ တော် ကို ဆုတ် လျက် နူ နာ ပျောက် ကင်း စေ ရန် ဤ သူ့ ကို ပို့ လိုက် သည် မှာ အ သက် ပေး ပိုင် နုတ် ပိုင် သော ဘု ရား ငါ ဖြစ် ပါ သ လော။ ထို မင်း ရန် ရှာ ကြောင်း ကို သိ မှတ် ကြ လော့ ဟု ဆို ၏။
  • 8 ဘု ရား သ ခင့် လူ ယုံ တော် ဧ လိ ရှဲ သည် ဝတ် လဲ တော် ကို ဣ သ ရေ လ ဘုရင် ဆုတ် သည် ဟု ကြား သော်၊ ဝတ် လဲ တော် ဆုတ် ခြင်း ကား အ သို့ နည်း။ ဣ သ ရေ လ ပြည်၌ ပ ရော ဖက် ရှိ ကြောင်း သိ စေ ရန် ငါ့ ထံ လွှတ် လိုက် လော့ ဟု ဘု ရင် မင်း အား မှာ လိုက် သည့် အ တိုင်း
  • 9 နေ မန် သည် မြင်း ရ ထား စီး၍ ဧ လိ ရှဲ၏ အိမ် တံ ခါး ပြင် တွင် ဆိုက် ရပ် ရာ၊
  • 10 ယော် ဒန် မြစ် သို့ သွား လျက် ခု နစ် ကြိမ် မြောက် ရေ ချိုး လော့။ အ သား ပြောင်း၍ စင် ကြယ် လိမ့် မည် ဟု လူ လွှတ် သ ဖြင့် ဧ လိ ရှဲ ဆင့် ဆို သည့် အ တွက်
  • 11 နေ မန် အ မျက် ထွက် လျက် ပ ရော ဖက် ကိုယ် တိုင် လာ ရောက် ရပ် တန့် ပြီး လျှင် ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘုရား ၏ နာ မ တော် ကို တိုင် တည်၍ အ နာ ပေါ် တွင် လက် ရိပ် ပြ သ ဖြင့် နူ နာ ပျောက် ကင်း စေ လိမ့် မည် ဟု ငါ ထင် မှတ် ၏။
  • 12 ဒ မာ သက် မြို့ ရှိ အာ ဗ န မြစ်၊ ဖာ ဖာ မြစ် များ သည် ဣ သ ရေ လ မြစ် ရေ ရှိ သ မျှ ထက် သာ ၍ မြတ် သည် မ ဟုတ် လော။ ထို မြစ် များ တွင် ငါ ချိုး သ ဖြင့်၊ မ စင် ကြယ် ရာ သ လော ဟု ဆို လျက် ဒေါ သ နှင့် လှည့် မောင်း လေ ၏။
  • 13 ထို အ ခါ၊ ကျွန် တို့ ချဉ်း ၍ အို အ ဘ၊ ကြီး လေး သော အ မှု ကို ဆောင် ရွက် ရန် ပ ရော ဖက် အ မိန့် ရှိ က၊ လိုက် နာ မည် မ ဟုတ် ပါ လော။ ရေ ချိုး၍ စင် ကြယ် သော့ ဟု စီ ရင် သည် မှာ သာ၍ နာ ခံ ထိုက် သည် မ ဟုတ် ပါ လော ဟု လျှောက် ကြ သော်၊
  • 14 ဘု ရား သ ခင့် လူ ယုံ တော် ၏ အ မိန့် အ တိုင်း၊ နေ မန် သွား၍ ယော် ဒန် မြစ် တွင် ခု နစ် ကြိမ် ငုပ် သ ဖြင့် သူ့ အ သား သည် သူ ငယ် နု အ သား ကဲ့ သို့ ပြောင်း၍ စင် ကြယ် လေ၏။
  • 15 ထို နောက် လိုက် ပါ သူ အ ပေါင်း နှင့် တ ကွ ဘု ရား သ ခင့် လူ ယုံ တော် ထံ ပြန် လာ၍ ရှေ့ တွင် ရပ် လျက် ဣ သ ရေ လ ပြည် မှ တစ် ပါး မြေ တစ် ပြင် လုံး၌ ဘု ရား မ ရှိ ကြောင်း၊ ကျွန် တော် ယ ခု သိ ရ သည် ဖြစ် ပါ၍ ကျွန် တော် မျိုး လက် မှ ဝ တ္ထု ကို ခံ ယူ တော မူ ပါ ဟု တောင်း လျှောက် သော်၊
  • 16 ဧ လိ ရှဲ က၊ ငါ ခ စား လျက် နေ သော ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း မည် သည် ကို မျှ မ ခံ မ ယူ ဟု ဆို လျှင် ထပ် မံ တိုက် တွန်း သော် လည်း ငြင်း ပယ် လေ ၏။
  • 17 နေ မန် က လည်း၊ သို့ ဖြစ် လျှင် ကျွန် တော် မျိုး အား လား နှစ် စီး တင် မြေ ကို ပေး သ နား တော် မူ ပါ။ ထာ ဝ ရ ဘု ရား မှ တစ် ပါး အ ခြား ဘု ရား အား မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ များ ကို ပူ ဇော် တော့ မည် မ ဟုတ် ပါ။
  • 18 သို့ ရာ တွင် ကျွန် တော့် သ ခင် သည် ရိ မ္မုန် နတ် ဗိ မာန် သို့ တက် သွား ပ သ ရာ ကျွန် တော့် လက် ကို တံ ကဲ ပြု သည် နှင့် ကျွန် တော် လည်း ရိ မ္မုန် နတ် ဗိ မာန်၌ ဦး ညွတ် မိ သည့် အ တွက် ကျွန် တော် မျိုး အ ပြစ် ကို ထာ ဝ ရ ဘု ရား လွှတ် တော် မူ ပါ စေ သော ဟု လျှောက် လျှင်
  • 19 ဧ လိ ရှဲ က၊ အ ကြည် အ သာ သွား လေ လော့ ဟု ဆို သည် နှင့် အ တန် ကွာ သွား ရောက် လေ ၏။
  • 20 ဘု ရား သ ခင့် လူ ယုံ တော် ဧ လိ ရှဲ၏ တ ပည့် ဂေ ဟာ ဇိ က၊ ဤ ရှု ရိ လူ မျိုး နေ မန်၏ လက် ဆောင် ကို ငါ့ အ ရှင် မ ခံ မ ယူ ဘဲ ပယ် လိုက် လေ စွ တ ကား။ ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း ငါ အ သော့ လိုက် ၍ တစ် စုံ တစ် ခု ကို ယူ မည် ဟု ကြံ လျက်
  • 21 နောက် သို့ လိုက် သွား လေ၏။ အ သော့ လိုက် လာ သည် ကို နေမန် မြင် လျှင် ရ ထား ထက် မှ တွေ့ ဆုံ ရန် ဆင်း ပြီး သော်၊ ကျန်း မာ ကြ ၏ လော ဟု မေး ရာ ဂေ ဟာ ဇိ က ကျန်း မာ ကြ ပါ ၏။
  • 22 သို့ ရာ တွင် ဧ ဖ ရိမ် ခင် တန်း မှ ယ ခု ပင် ရောက် လာ သော ပ ရော ဖက် ဂိုဏ်း သား လု လင် နှစ် ယောက် အ တွက် ငွေ ချိန် ခွက် သုံး ဆယ် နှင့် အ ဝတ် နှစ် စုံ ကို တောင်း ခံ ရန်
  • 23 ကျွန် တော့် အ ရှင် စေ လွှတ် ပါ သည် ဟု ဆို လျှင် နေ မန် က ခွက် ခြောက် ဆယ် ကို ပင် မ တွန့် တို။ ယူ ပါ လော့ ဟု တိုက် တွန်း လျက် ငွေ ချိန် ခွက် ခြောက် ဆယ် ကို အိတ် နှစ် လုံး တွင် ထည့်၍ အ ဝတ် နှစ် စုံ ပါ ကျွန် နှစ် ယောက် ထမ်း စေ ပြီး လျှင်
  • 24 ဂေ ဟာ ဇိ ရှေ့ သွား ရ ကြ၏။ ကုန်း သို့ ရောက် သော အ ခါ ဝ တ္ထု ကို လက် ခံ၍ လိုက် ပို့ သူ တို့ ကို ပြန် လွှတ် လျက် အိမ် အ တွင်း သို ထား ပြီး နောက်
  • 25 ကိုယ့် အ ရှင့် ရှေ သွား ရောက် ရပ် နေ ရာ၊ ဧ လိ ရှဲ က၊ အို ဂေ ဟာ ဇိ အ ဘယ် က လာ သ နည်း ဟု မေး လျှင် ဘယ် ကို မျှ အ ရှင့် တ ပည့် မ သွား ပါ ဟု လျှောက် သော်
  • 26 ဧ လိ ရှဲ က၊ ထို သူ သည် သင့် ကို တွေ့ ဆုံ ရန် ရ ထား ထက် မှ လှည့် ဆင်း သည့် အ ခါ ငါ့ အ သိ ဉာဏ် ကင်း ဝေး သည် မ ဟုတ်။ ယ ခု ခေတ် ကား ငွေ မှ စ၍ အ ထည်၊ သံ လွင်၊ စ ပျစ် ခြံ၊ သိုး၊ နွား၊ ကျွန် ယောက်ျား၊ ကျွန် မိန်း မ များ ကို ခံ ယူ ထိုက် သော ခေတ် လော။
  • 27 ထို ကြောင့်၊ နေ မန်၏ နူ နာ သည် သင် မှ စ၍ သား စဉ် မြေး ဆက် စွဲ ကပ် လိမ့် မည် ဟု ဆို သည် နှင့် တစ် ပြိုင် နက် မိုး ပွင့် အ ဆင်း ကဲ့ သို့ နူ နာ သင့်၍ အ ရှင့် ထံ မှ ထွက် သွား ရ လေ ၏။
回到本卷目录 回到本版本目录 回到首页