1
ပ ရော ဖက် ဂိုဏ်း သား၏ ခင် ပွန်း ဖြစ် သူ တစ် ယောက် သည် ဧ လိ ရှဲ အား အ ရှင် သိ တော် မူ သည့် အ တိုင်း ထာ ဝ ရ ဘု ရား ကို ခန့် ညား သူ၊ ကိုယ် တော့် ကျွန်၊ တ ပည့် တော် မ၏ ခင် ပွန်း သေ ပြီး ဖြစ် ရာ မြီ ရှင် သည် သား နှစ် ယောက် ကို ကျွန် စေ စား ရန် လာ ရောက် ပါ ပြီ ဟု အော် လျှောက် သော်၊
2
ဧ လိ ရှဲ က၊ သင့် အ တွက် မည် သို့ ပြု စေ လို သ နည်း။ သင့် အိမ် တွင် ဘာ ရှိ သ နည်း။ ပြော လော့ ဟု မေး လျှင် အ ရှင့် တ ပည့် တော် မ အိမ် တွင် ဆီ ဘူး တစ် လုံး မှ တစ် ပါး၊ မည် သည် မျှ မ ရှိ ပါ ဟု လျှောက် ရာ၊
3
ပြန် လော့။ အိမ် နီး ချင်း တို့ ထံ၊ အိုး လွတ် အ မြောက် အ များ ကို ငှား ယူ ပြီး လျှင်
4
သင် နှင့် သား များ ပါ အိမ် သို့ ဝင်၍ တံ ခါး ပိတ် ပြီး မှ အိုး ရှိ သ မျှ တွင် ဆီ ငှဲ့ လောင်း လျက် ပြည့် သော အိုး ကို ရွှေ့ ထား လော့ ဟု မိန့် မှာ သည့် အ တိုင်း ထို မိန်း မ သွား၍
5
သား များ နှင့် အ တူ အိမ် သို့ ဝင် လျက် တံ ခါး ပိတ် ပြီး မှ သား တို့ အပ် သော အိုး များ တွင် ဆီ ငှဲ့ လောင်း ၍ ပြည့် လျှင်
6
အိုး ပေး ဦး လော့ ဟု သား တစ် ယောက် အား တောင်း သော်၊ တစ် လုံး မျှ မ ကျန် ပြီ ဟု ပြန် ဆို သည် နှင့် ဆီ ထွက် ရပ် လေ ၏။
7
မိန်း မ လည်း၊ ဘု ရား သ ခင့် လူ ယုံ တော် ထံ သွား ရောက် လျှောက် ကြား လျှင်၊ ထို ဆီ ကို ရောင်း၍ ကျွေး မြီ ကို ဆပ် ပြီး နောက် အ ကျန် ဖြင့် သား များ ပါ အ သက် မွေး ကြ လော့ ဟု မိန့် ဆို လေ ၏။
8
တစ် နေ့ သ ၌ ရှု နင် မြို့ သို့ ဧ လိ ရှဲ သွား ရောက် ရာ မြို့ ရှိ ဂုဏ် ကြီး သူ မိန်း မ တစ် ယောက် သည် ဘုန်း ပေး စေ ရန် ပင့် ဖိတ် သည် နှင့် အ ညီ ထို မြို့ သို့ ရောက် တိုင်း ဘုန်း ပေး ရန် ဝင် လေ့ ရှိ၏။
9
သို့ ဖြစ်၍ ခင် ပွန်း အား ထို မိန်း မ က၊ ကျွန် မ တို့ အိမ် ကို ထွက် ဝင် သော ဤ ပု ဂ္ဂိုလ် သည် ဘု ရား သ ခင် ၏ သန့် ရှင်း သူ ဖြစ် သည် ဟု ရိပ် မိ ပါ ပြီ။
10
နံ ရံ ကာ ပြီး အ ဆောင် ငယ် တစ် ဆောင် ကို သူ့ အ ဖို့ ဆောက် လုပ်၍ ခု တင်၊ စား ပွဲ၊ ထိုင် ခုံ၊ မီး ခုံ များ ကို ထား ကြ ကုန် အံ့။ ရောက် သော အ ခါ တိုင်း၊ ထို အ ဆောင် တွင် သိ တင်း သုံး လိမ့် မည် ဟု ဆို လေ ၏။
11
တစ် နေ့ သ၌ ဧ လိ ရှဲ ရောက် လာ၍ ထို အ ဆောင် တွင် သိ တင်း သုံး နေ စဉ်၊ တ ပည့် ဂေ ဟာ ဇိ အား
12
ဤ ရှု နင် မြို့ သူ့ ကို ခေါ် လော့ ဟု မိန့် ဆို သည့် အ တိုင်း ခေါ်၍ ဧ လိ ရှဲ ရှေ့ ထို မိန်း မ ရပ် နေ လျှင်
13
ဧ လိ ရှဲ က၊ ငါ တို့ ကို ဤ မျှ လောက် ကြည် ညို စွာ သင် ပြု သည့် အ တွက် မည် သို့ တုံ့ ဆပ် ရ မည် နည်း။ ဘု ရင် မင်း ထံ ဖြစ် စေ၊ ဗိုလ် ချုပ် ထံ ဖြစ် စေ၊ ပြော စေ လို သ လော ဟူ ၍ ဂေ ဟာ ဇိ အား မေး စေ ရာ၊ မိန်း မ က၊ တ ပည့် တော် မ သည် ဆွေ မျိုး ဘောင် တွင် ရောင့် ရဲ ခွင့် ရ ရှိ ပါ ပြီ ဟု ပြန် လျှောက် ၏။
14
ဤ မိန်း မ အ ဖို့ မည် သို့ ပြု သင့် သ နည်း ဟု ဧ လိ ရှဲ မေး ပြန် သည် နှင့် ဂေ ဟာ ဇိ က၊ ထို မိန်း မ၌ သား သ မီး မ ရှိ။ ခင် ပွန်း လည်း အို မင်း လှ ပြီ ဟု လျှောက် လျှင်
15
တစ် ဖန် ခေါ် ဦး လော့ ဟု ဆို သည့် အ တိုင်း ခေါ်၍ တံ ခါး ဝ တွင် မိန်း မ ရပ် နေ စဉ်၊
16
ဧ လိ ရှဲ က၊ နောင် နှစ် ယ ခု သ မ ယ မိုး ဦး ကာ လ တွင် သား ယောက်ျား ကို ချီ ပိုက် ရ လိမ့် မည် ဟု ဆို သော်၊ မိန်း မ က၊ အို အ ရှင်၊ ဘု ရား သ ခင့် လူ ယုံ တော်၊ တ ပည့် တော် မ အား မ လှည့် စား ပါ နှင့် ဟု ပြန် လျှောက် လေ ၏။
17
ထို မိန်း မ သည် သ န္ဓေ တည်၍ နောင် နှစ် မိုး ဦး ကာ လ ဧ လိ ရှဲ မိန့် ဆို ထား သော အ ခါ တွင် သား ယောက်ျား ကို ဖွား မြင် လေ၏။
18
တစ် နေ့ သ၌ ထို သူ ငယ် သည် သိ တတ် သော အ ရွယ် ရောက် ပြီး နောက် ရိတ် သိမ်း သူ တို့ ရှိ ရာ ဖ ခင့် ထံ သွား ရောက်၍ ဦး ခေါင်း ကိုက် လှ သည် ဟု ပြော သော်၊
19
ဖ ခင် က၊ မိ ခင့် ထံ ပို့ လိုက် လော့ ဟု ငယ် သား အား ပြော သည့် အ တိုင်း
20
မိ ခင့် ထံ ပို့ လိုက် သော သူ ငယ် သည် မွန်း တည့် တိုင် အောင် မိ ခင့် ရင် ခွင်၌ ရှိ လျက် သေ လေ ၏။
21
မိ ခင် သည် အိမ် ပေါ် သို့ တက် ပြီး နောက် အ လောင်း ကို ဘု ရား သ ခင့် လူ ယုံ တော်၏ ခု တင် ပေါ် တွင် သိပ် ထား၍ တံ ခါး ပိတ် လျက် ထွက် သွား ပြီး လျှင်
22
ခင် ပွန်း အား၊ ကျွန် မ သည် ဘု ရား သ ခင့် လူ ယုံ တော် ရှိ ရာ သို့ အ လျင် သွား ၍ ပြန် နိုင် ရန် ငယ် သား တစ် ယောက် နှင့် မြည်း တစ် စီး ကို ပေး ပါ လော့ ဟု ဟစ် တောင်း သော်၊
23
ခင် ပွန်း က၊ အ ဘယ် ကြောင့် ယ နေ့ သွား လို သ နည်း။ လ ဆန်း နေ့၊ ဥ ပုသ် နေ့ မ ဟုတ် ပါ တ ကား ဟု ဆို ရာ သွား သင့် ပါ သည် ဟု ပြန် ပြော ၏။
24
မြည်း ကို က တင် ပြီး လျှင် ငယ် သား အား ငါ အ မိန့် မ ရှိ ဘဲ အ သွား မ နှေး စေ လင့်။
25
နှင် လော့ ဟု မှာ ထား သည် နှင့် ခ ရီး သွား ၍ ဘု ရား သ ခင့် လူ ယုံ တော် ရှိ ရာ က ရ မေ လ တောင် သို့ ရောက် လေ ၏။ အ တော် ကွာ က မြင် သော အ ခါ ဘု ရား သ ခင့် လူ ယုံ တော် က၊ ရှု နင် မြို့ သူ ပါ တ ကား။
26
အ မြန် သွား၍ ခ ရီး ဦး ကြို ဆို လျက်၊ ကိုယ် တိုင် မာ၏ လော။ ခင် ပွန်း မာ၏ လော။ သူ ငယ် မာ ၏ လော ဟူ၍ တ ပည့် ဂေ ဟာ ဇိ ကို မေး စေ သည့် အ တိုင်း မာ ပါ သည် ဟု ပြန် ဆို၏။
27
က ရ မေ လ တောင် ရှိ ဘု ရား သ ခင့် လူ ယုံ တော် ထံ ရောက်၍ ခြေ ကို ဖက် လျက် နေ သော မိန်း မ အား တွန်း ဖယ် ရန် ဂေ ဟာ ဇိ ချဉ်း လာ လျှင် ဘု ရား သ ခင့် လူ ယုံ တော် က ရှိ စေ တော့။ သူ သည် စိတ် ပူ ပန် လေ စွ။ ငါ့ အား ဖော် ပြ တော် မ မူ ဘဲ ဘု ရား သ ခင် ထိန် ချန် လေ ပြီ ဟု ဆို ၏။
28
မိန်း မ က လည်း၊ အ ရှင့် ထံ တ ပည့် တော် မ သည် သား ဆု ပန် ပါ သ လော။ မ လှည့် ဖြား စေ ရန် လျှောက် ထား ခဲ့ သည် မ ဟုတ် ပါ လော ဟု ဆို လျှင်
29
ဂေ ဟာ ဇိ အား၊ ဧ လိ ရှဲ က၊ ခါး စည်း လျက် ငါ့ တောင် ဝေး ကို ကိုင် လျက် တွေ့ ကြုံ သူ တိုင်း နှင့် နှုတ် ဆက် ခြင်း တုံ့ ပြန် ခြင်း မ ပြု ဘဲ သွား ပြီး လျှင်၊ ထို တောင် ဝေး ကို သူ ငယ့် မျက် နှာ ပေါ် တွင် တင် ထား လော့ ဟု မိန့် မှာ စဉ်၊
30
သူ ငယ့် မိ ခင် က၊ ထာ ဝ ရ ဘု ရား အ သက် တော် နှင့် ကိုယ် တော့် အ သက် ရှင် သည့် အ တိုင်း အ ရှင် မ ပါ က၊ တ ပည့် တော် မ သွား မည် မ ဟုတ် ပါ ဟု လျှောက် သည် နှင့် ဧ လိ ရှဲ လိုက် သွား လေ ၏။
31
ဂေ ဟာ ဇိ လည်း တင် ရင် သွား ၍ သူ ငယ့် မျက် နှာ ပေါ် တွင် တောင် ဝေး ကို တင် ထား ရာ သူ ငယ် သည် မြွက် သံ မ ပြု၊ အ ရေး မ ယူ နေ သော ကြောင့် ခ ရီး ဦး ကြို ဆို လျက် သူ ငယ် မ နိုး ပါ ဟု လျှောက် လေ ၏။
32
ဧ လိ ရှဲ သည် အိမ် သို့ ရောက် သော် ကိုယ့် ခု တင် ပေါ် တွင် သူ ငယ် သေ လျက် နေ သည် ကို တွေ့ လျှင်
33
အ ဆောင် တွင်း သို့ ဝင်၍ နှစ် ယောက် တည်း ရှိ စေ ရန် တံ ခါး ပိတ် လျက်၊ ထာ ဝ ရ ဘု ရား ထံ တောင်း လျှောက် ပြီး နောက်
34
တက်၍ သူ ငယ့် အ ပေါ် တွင် မှောက် လျက် နှုတ် ချင်း၊ မျက် စိ ချင်း၊ လက် ချင်း အပ် လျက် တုပ် ဝပ် နေ ၏။ သူ ငယ့် အ သား ပူ နွေး သော်၊
35
အ ဆောင် တွင်း မှာ စ င်္ကြံ တစ် ခေါက် ဆင်း လျှောက် ပြီး မှ တက် ပြန်၍ သူ ငယ့် အ ပေါ် တွင် တုပ် ဝပ် သော်၊ သူ ငယ် သည် ခု နစ် ကြိမ် ချေ ဆတ် လျက် မျက် စိ ဖွင့် လေ ၏။
36
ဧ လိ ရှဲ လည်း ဂေ ဟာ ဇိ အား ခေါ် ပြီး လျှင် ဤ ရှု နင် မြို့ သူ့ ကို ခေါ် လော့ ဟု မိန့် ဆို သည့် အ တိုင်း၊ ခေါ် ငင် လာ ရောက် ရာ ဧ လိ ရှဲ က၊ သင့် သား ကို ပိုက် ပွေ့ လော့ ဟု မိန့် ဆို လျှင်
37
မိန်း မ သည် ဝင်၍၊ ပျပ် ဝပ် ရှိ ခိုး ပြီး မှ သား ကို ပိုက် လျက် ထွက် သွား လေ ၏။
38
ပြည် တော် တွင် အ စာ ခေါင်း ပါး ခြင်း ကပ် သင့် သည့် ကာ လ၊ ဧ လိ ရှဲ သည် ဂိ လ ဂါ လ မြို့ သို့ ပြန် ရောက် ပြီး နောက် သူ့ ရှေ့ တွင် ပ ရော ဖက် ဂိုဏ်း သား တို့ ထိုင် နေ ကြ သည် နှင့် ထို ဂိုဏ်း သား တို့ အ ဖို့ ဖျဉ်း အိုး ကြီး ကို တည်၍ ချက် ပြုတ် လော့ ဟု တ ပည့် အား ဆို သော အ ခါ ဂိုဏ်း သား တစ် ယောက် သည်
39
ဟင်း သီး ဟင်း ရွက် ဆွတ် ခူး ရန် တော သို့ ဝင် သော်၊ တော နွယ် ပင် ကို တွေ့၍ မ သိ ဘဲ လျက် ထို ဘူး သီး ကို ရင် ခွင် အ ပြည့် ဆွတ် ယူ ပြီး မှ ဖျဉ်း အိုး ထဲ သို့ ခွဲ စိတ် ထည့် သွင်း လေ ၏။
40
ခပ် လောင်း စား သောက် နေ ကြ စဉ် အို ဘု ရား သ ခင့် လူ ယုံ တော်၊ ဖျဉ်း အိုး တွင် သေ ဘေး တွေ့ ရ ပြီ တ ကား ဟု အော် ၍ မ စား ဝံ့ ဘဲ နေ ကြ ရာ
41
ဧ လိ ရှဲ က၊ မုန့် ညက် ကို ယူ ခဲ့ ဟု ဆို လျက် ဖျဉ်း အိုး တွင် ခတ် ပြီး လျှင် ထို သူ တို့ စား သောက် ရန် ခပ် လောင်း ဦး လော့ ဟု ဆို ပြန် သော် ဖျဉ်း အိုး ၌ ဘေး ကင်း လေ ၏။
42
ထို နောက် ဗာ လ ရှ လိ ရှ မြို့ သား တစ် ယောက် သည် အ ဦး မှည့် မု ယော ဆန် ဖြင့် လုပ် သော မုန့် လုံး နှစ် ဆယ် နှင့် ခြံ ထွက် သီး ပြွတ် များ ကို လွယ် အိတ် တွင် ထည့် ၍ ဘု ရား သ ခင့် လူ ယုံ တော် ထံ ဆက် ကပ် ရာ ဧ လိ ရှဲ က၊ ဤ သူ များ ကို ကျွေး လော့ ဟု မိန့် ဆို လျှင်
43
လူ တစ် ရာ ကို ဤ မျှ လောက် နှင့် ကျွေး နိုင် အံ့ လော ဟု တ ပည့် လျှောက် သော်၊ ဧ လိ ရှဲ က၊ သူ တို့ ကို ကျွေး လော့။ ဝသည့် ပြင် ကျန် ကြွင်း လိမ့် မည် ဟု ထာ ဝ ရ ဘုရား မိန့် တော် မူ ကြောင်း ဆင့် ဆို သည့် အ တိုင်း
44
ထည့် ကျွေး၍ စား သောက် ရာ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် နှင့် အ ညီ ကျန် ကြွင်း သေး ၏။