1
ရှော လ မုန် မင်း သည် ကိုယ့် နန်း တော် ကို ဆယ့် သုံး နှစ် နှင့် အ ပြီး သတ် တည် ဆောက် ရာ
2
လေ ဗ နုန် တော ခေါ် နန်း တော် မှာ သစ် က တိုး သား တိုင် စဉ် လေး တန်း ကို ထူ ပြီး မှ ၎င်း အ သား ရက် မ ကပ် ၍ အ လျား အ တောင် တစ် ရာ၊ အ နံ ငါး ဆယ်၊ အ မြင့် သုံး ဆယ် ရှိ လျက်
3
တိုင် အ ထက် ဆင့် ကြား သုံး တန်း တွင် တစ် တန်း လျှင် ဆယ့် ငါး ခန်း စီ၊ ပေါင်း လေး ဆယ့် ငါး ခန်း အ ပေါ်၌
4
သစ် က တိုး ပျဉ် ဖြင့် မိုး လေ၏။ သုံး တန်း တွင် လေ သာ ပြူ တင်း၊ တစ်ဘက် တစ် ချက် မျက် နှာ ချင်း ဆိုင် ထား လျက် ပြူ တင်း တိုင်း တံ ခါး ဘောင် လေး ထောင့် ခွေ ၏။
5
6
အ လျား အ တောင် ငါး ဆယ်၊ အ နံ သုံး ဆယ် ရှိ သော တိုင် စု ခေါ် မုတ် ဆောင် ကို လည်း လုပ် လျက် ၎င်း ရှေ့ စ နု ဆောင် မျက် နှာ စာ တွင် မုတ် ရိုး ထောက် တိုင် နှင့် တ ကွ စ မြင် ခံ လေ ၏။
7
တ ရား ပ လ္လင် တည် ၍ တ ရား စီ ရင် ရန် စ မုတ် ဆောင် တော် လုပ် ရာ ကြမ်း ခင်း မှ မျက် နှာ ကြက် တိုင် အောင်၊ သစ် က တိုး ပျဉ် ဖြင့် ခင်း ကာ လျက်
8
ထို စ မုတ် ဆောင် အ တွင်း ရှိ တံ တိုင်း ၌ ကိုယ့် စံ နန်း တော် ကို လည်း ကောင်း၊ ဖာ ရော မင်း သ မီး တော် မိ ဖု ရား ခေါင့် စံ နန်း တော် ကို လည်း ကောင်း၊ စ မုတ် ဆောင် နည်း တူ လုပ် လေ ၏။
9
အ ပြင် နန်း မြို့ ရိုး နှင့် တ ကွ ဆို ခဲ့ သော အ ဆောင် တော် များ ကို အ တွင်း အ ပြင် အ မြစ် မှ စ၍ ခေါင် တိုင် အောင် စ နစ် အ တိုင်း လွှ ဆွဲ၍ ဆစ် ပြီး ကောင်း မွန် သော ကျောက် များ နှင့် တည် ဆောက် ရာ အ မြစ် ကား၊
10
ထု ထည် ဆယ် တောင်၊ ရှစ် တောင် ရှိ လျက် ကောင်း မွန် သော ကျောက် ကြီး များ တည်း။
11
အ ပေါ်၌ လည်း သစ် က တိုး သား နှင့် တ ကွ၊ စ နစ် အ တိုင်း ဆစ် ပြီး ကောင်း မွန် သော ကျောက် များ ဆင့် ၏။
12
ပတ် လည် နန်း မြို့ ရိုး ကို ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော်၊ မုတ် ဆောင် တော် ရှိ၊ အ တွင်း တံ တိုင်း နည်း တူ ဆစ် ပြီး ကျောက် သုံး ရစ်၊ ရွေ ပြီး သစ် က တိုး သား တစ် ရစ် ကျ ဆင့် တည် လေ ၏။
13
ထို နောက် နဿ လိ အ နွယ် မု ဆိုး မ နှင့် တု ရု မြို့ နေ ပန်း တဉ်း ဆ ရာ တို့ ရ သော သား၊ ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန်၊ အ သိ ပ ညာ နှင့် ပြည့် စုံ လျက် ကြေး အ လုပ် ကို တတ် မြောက် သူ ဟိ ရံ ကို တု ရု မြို့ မှ ရှော လ မုန် မင်း ခေါ် သည့် အ တိုင်း လာ ရောက် ၍ ရှော လ မုန် မင်း စီ မံ သ မျှ လုပ် ရ သည် မှာ
14
15
အ မြင့် ဆယ့် ရှစ် တောင်၊ လုံး ပတ် ဆယ့် နှစ် တောင် ရှိ သော ကြေး တိုင် နှစ် တိုင် ကိုလည်း ကောင်း၊ တိုင် ထိပ် ပေါ် တွင် တင် ရန်
16
အ မြင့် ငါး တောင် ရှိ သော ကြေး တိုင် အုပ် နှစ် ခု ကို လည်း ကောင်း၊
17
သွန်း လုပ် သည့် ပြင် တိုင် အုပ် နှစ် ခု ပေါ် တွင် ချယ် လှယ် ရန် ရက် ကျစ် သော ကွန် ချာ၊ ပန်း ဆိုင်း မြိတ် တစ် စုံ ကို လည်း ကောင်း၊
18
အ ပေါ် ရှိ တိုင် အုပ် ကို ပတ် ရစ် ရန် တိုင် အုပ် တစ် ခု လျှင် သ လဲ သီး ပုံ နှစ် ကုံး စီ ကို လည်း ကောင်း၊ လုပ် ရ ၏။
19
မုတ် ဆောင် အ နီး တိုင် ထက် အ မြင့် လေး တောင် ရှိ သော တိုင် အုပ် ကို ကြာ ပန်း အိုး သဏ္ဌာန် လုပ် လျက်
20
ကွန် ချာ လွှမ်း သော တိုင် အုပ် ခါး လယ် တွင် တိုင် အုပ် တစ် ခု လျှင် လုံး ရေ နှစ် ရာ ရှိ သ လဲ သီး ပုံ အ ကုံး များ ကို ချယ် လယ် ပြီး နောက်
21
ထို တိုင် နှစ် လုံး ကို ဗိ မာန် တော် မုတ် ဆောင် အ နီး စိုက် ထား၍ လက်ျာ တိုင် ကို ယာ ခိန်၊ လက် ဝဲ တိုင် ကို ဗော ဇ ဟု သ မုတ် လေ ၏။
22
တိုင် ထိပ် ပေါ် တွင် ကြာ ပန်း အိုး သဏ္ဌာန် လုပ် သ ဖြင့်၊ အ ပြီး သတ် သ တည်း။
23
အ ကျယ် ဆယ် တောင်၊ စောက် ငါး တောင်၊ လုံး ပတ် သုံး ဆယ် ရှိ သော ကြေး ရေ ကန် ကို သွန်း လုပ် ရာ ရေ ကန် အ နား ရစ် အောက် ပတ် လည် တွင်
24
တစ် ပြိုင် နက် သွန်း လုပ် သော တစ် တောင် လျှင် ဆယ် လုံး ကျ အ သီး ပုံ နှစ် တန်း ပါ လျက်
25
အ ရှေ့၊ အ နောက်၊ တောင်၊ မြောက်၊ လေး ဘက် တွင် တစ် ဖက် လျှင် သုံး ကောင် ကျ နောက် ပိုင်း အ တွင်း၊ မျက် နှာ ကား အ ပြင် သို့ မူ သော နွား ရုပ် ဆယ့် နှစ် ကောင် ပေါ် မှာ တင် ထား လေ ၏။
26
ကြာ ပွင့် ချပ် သဏ္ဌာန်၊ ဖ လား အ နား ရစ် ပါ လျက် ထု လက် တစ် ဝါး ဖြစ် သော ထို ရေ ကန် ၌ ရေ ချိန် ခွက် ငါး သောင်း ဝင် ရှိ ၏။
27
အ လျား အ နံ လေး တောင် စီ၊ အ မြင့် သုံး တောင် ရှိ သော ကြေး အောက် ခံ တစ် ဆယ် ကို လုပ် သည် မှာ
28
ထောက် တိုင် ကြား ရှိ ခါး ထောက် တွင် လည်း ကောင်း၊ ထောက် တိုင် အ ထက် ပိုင်း တွင် လည်း ကောင်း၊ ခြင်္သေ့၊ နွား၊ ခေ ရု ဗ ပုံ များ ပါ လျက် ၎င်း အောက် ၌ ပန်း ဆိုင်း ရှိ ၏။
29
30
အောက် ခံ တစ် ခု တွင် ကြေး ဝင် ရိုး နှင့် ကြေး ဘီး နှစ် စုံ ရှိ လျက် ခြေ လေး ချောင်း အ ထက် ကြေး အင် တုံ တင် ရန် ပန်း ဆိုင်း ချယ် လယ် သော ကြေး ခ နောက် ကို သွန်း လုပ် ၏။
31
ခ နောက် လည် ဆစ် အ ဝင်၊ အ ထက်၊ အ မြင့် တစ် တောင်၊ တစ် တောင့် ထွာ ပြွန် လုံး သဏ္ဌာန် ကြေး က ရွတ် ကို ထား ၍ ၎င်း၌ ပန်း ထု လျက်၊ စ တု ရန်း အ ထောက် အ ခံ ရှိ ၏။
32
အ ထောက် အ ခံ အောက် မှာ အ မြင့် တစ် ထောင့် ထွာ ရှိ သော ထို ဘီး နှစ် စုံ၏ ဝင် ရိုး များ သည် အောက် ခံ အ တွင်း တပ် ထား လျက် ရှိ၏။
33
ဘီး ပုံ ကား၊ စစ် ရ ထား နှင့် တူ လျက် ဝင် ရိုး၊ ထောက်၊ တ ကူ၊ ပုံ တောင်း များ ပါ သွန်း လုပ် လေ၏။
34
အောက် ခံ လေး ထောင့်၊ တစ် ထောင့် တစ် ထောင့်၌ တစ် ဆက် တည်း သွန်း လုပ် သော ခ နောက် ရှိ၏။
35
အောက် ခံ ထိပ် တွင် အ မြင့် တစ် ထွာ ရှိ သော က ရွတ် ခွေ ရှိ သည့် ပြင် တစ် ဆက် တည်း သွန်း လုပ် သော အ ထောက် အ ခံ လည်း ရှိ ၏။
36
အ ထောက် အ ခံ ရှိ အ ကွက် များ ၌ ခေ ရု ဗ၊ ခြင်္သေ့၊ စွံ ပ လွန် ပင် ပုံ များ နှင့် ပတ် လည် ပန်း ဆိုင်း ကို လည်း ထု လေ ၏။
37
ထို သို့ စ နစ် သဏ္ဌာန် လုံး ရပ် တူ စွာ အောက် ခံ တစ် ဆယ် ကို သွန်း လုပ် သ တည်း။
38
အ ကျယ် လေး တောင်၊ ရေ ချိန် ခွက် နှစ် ထောင် ဝင်၊ ကြေး အင် တုံ ဆယ် လုံး ကို သွန်း လုပ် ၍ အောက် ခံ တစ် ခု တစ် ခု ပေါ် တွင် တစ် လုံး စီ တင် ထား လျက်၊
39
ဗိ မာန် တော် တောင် ဘက်၌ ငါး ခု၊ မြောက် ဘက်၌ ငါး ခု၊ ထား၍ ရေ ကန် ကို ကား ဗိ မာန် တော် အ ရှေ့ တောင် ထောင့် ၌ ထား ၏။
40
အိုး၊ ကော် ပြား၊ ဖ လား များ ကို လည်း ဟိ ရံ လုပ် ရ ၏။ရှော လ မုန် မင်း အ ဖို့ ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် တွင် ဟိ ရံ ပြု ရ သည် မှာ တိုင် တစ် စုံ။
41
အိုး သဏ္ဌာန် တိုင် ထိပ် အုပ် တစ် စုံ၊ အိုး သဏ္ဌာန် တိုင် ထိပ် အုပ် ကို ဖုံး လွှမ်း ရန် ကွန် ချာ တစ် စုံ။
42
အိုး သဏ္ဌာန် တိုင် ထိပ် အုပ် နှစ် ခု ကို ဖုံး လွှမ်း သော ကွန် ချာ အ ချယ်၊ သ လဲ သီး ပုံ နှစ် ကုံး စီ၊ လုံး ရေ လေး ရာ။
43
အောက် ခံ တစ် ဆယ် အ ပေါ် တင် အင် တုံ တစ် ဆယ်၊ ရေ ကန် တစ် ကန်၊
44
အောက် ခံ နွား ရုပ် ဆယ့် နှစ် ကောင်၊
45
အိုး၊ ကော် ပြား၊ ဖ လား များ တည်း ဟူ သော ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် အ သုံး အ ဆောင် ရှိ သ မျှ ကို ရှော လ မုန် မင်း အ ဖို့ ချွတ် ပြီး ကြေး နှင့် လုပ်၍ အ ပြီး သတ် လေ ၏။
46
မြေ စေး ရှိ ရာ ယော် ဒန် မြစ် ကမ်း ပြင်၊ သု ကုတ် မြို့ နှင့် ဇာ ရ တန် မြို့ များ ကြား တွင်၊ ဘု ရင် မင်း သွန်း လုပ် စေ ရာ
47
ကြေး ချိန် မ သိ နိုင် အောင် အ သုံး အ ဆောင် ကိ ရိ ယာ တန် ဆာ များ ပြား၍ ရှော လ မုန် မင်း မ ချိန် မ တွယ် ချေ။
48
ရှော လ မုန် မင်း လည်း ပူ ဇော် ရာ ရွှေ ပ လ္လင် တော်၊ ရှေ့ တော် မုန့် တင် ရွှေ စား ပွဲ တော်
49
အ တွင်း ခန်း ရှေ့ ဝဲ ယာ နှစ် ဘက်၊ ရွှေ ပွင့်၊ ရွှေ မီး ခွက် များ နှင့် ပြည့် စုံ သော ရွှေ စင် မီး ခုံ တော် ငါး ခု စီ
50
ရွှေ မီး ကော် များ၊ ရွှေ စင် ဖြင့် ပြီး သော လင် ပန်း၊ မီး ညှပ်၊ ဖ လား၊ ခွက်၊ မီး ကျီး ခံ များ၊ အ ထူး သန့် ရှင်း ရာ ဌာ န တော် အ တွင်း ခန်း တံ ခါး၊ ဗိ မာန် တော် ပြင် ခန်း တံ ခါး များ အ ဖို့ ရွှေ ပ တ္တာ များ တည်း ဟူ သော ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် ရှိ အ သုံး အ ဆောင် ဟူ သ မျှ ကို လုပ် စေ လျက်
51
ဗိ မာန် တော် အ မှု ကို အ ပြီး သတ် ပြီး လျှင် ခ မည်း တော် ဒါ ဝိဒ် မင်း သီး သန့် ထား ခဲ့ သော ရွှေ၊ ငွေ၊ အ သုံး အ ဆောင် များ ကို လည်း ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် ဘ ဏ္ဍာ တိုက် တွင် ဆောင် သွင်း သ တည်း။