1
ထို နောက် ယေ ဇ ရေ လ မြို့ တွင် ၄င်း မြို့ သား နာ ဗုတ် ပိုင် စ ပျစ် ခြံ သည် ရှ မာ ရိ ဘု ရင် အာ ဟပ် မင်း စံ နန်း တော့် အ နီး တွင် ရှိ သည် ဖြစ်၍
2
အာ ဟပ် မင်း က၊ သင့် ခြံ သည် နန်း တော် နှင့် နီး စပ် သော ကြောင့်၊ ယာ ခင်း တော် လုပ် ရန် ဆက် သ လော့။ သာ ၍ ကောင်း သော ခြံ ကို ဖြစ် စေ၊ တန် ဖိုး ကို ဖြစ် စေ၊ သင် အ လို ရှိ ရာ ပေး မည် ဟု နာ ဗုတ် အား ဆို လျှင်
3
နာ ဗုတ် က၊ ဘိုး ဘ ပိုင် မြေ ကို ဆက် သ ရန် ကျွန် တော် နှင့် ကင်း ဝေး ပါ စေ သော ဟု ပြန် လျှောက် ရာ
4
ဘိုး ဘ ပိုင် မြေ ကို မ ဆက် လို ဟု ယေ ဇ ရေ ရ လ မြို့ သား နာ ဗုတ် ငြင်း ဆို သော ကြောင့် အာ ဟပ် မင်း သည် စိတ် မျက် ငြို ငြင် စွာ နန်း တော် သို့ ဝင် ပြီး လျှင် ပွဲ တော် မ တည်။ သာ လွန် ပေါ် တွင် မျက် နှာ မ ပေး ဘဲ လျောင်း နေ လေ ၏။
5
မိ ဖု ရား ယေ ဇ ဗေ လ သည် ဝင် လာ ၍ ပွဲ တော် မ တည် နိုင် အောင် အ ဘယ် ကြောင့် စိတ် တော် ငြို ငြင် ရ ပါ သ နည်း ဟု မေး လျှောက် ရာ
6
ယေ ဇ ရေ လ မြို့ သား နာ ဗုတ် ကို ခေါ်၍ သင့် စ ပျစ် ခြံ ကို တန် ဖိုး နှင့် ဖြစ် စေ၊ ခြံ စား နှင့် ဖြစ် စေ၊ ဆက် သ လော့။ အ လို ရှိ ရာ ငါ ပေး မည် ဆို သော် လည်း ထို ခြံ ကို မ ဆက် လို ကြောင်း ငြင်း ပယ် သည့် အ တွက် ဖြစ် သည် ဟု မိန့် ဆို သော်၊
7
မိ ဖု ရား ယေ ဇ ဗေ လ က၊ ကိုယ် တော် သည် ဣ သ ရေ လ နိုင် ငံ ရှင် ဟုတ် ပါ၏ လော။ ရွှင် လန်း သော စိတ် နှင့် ထ၍ ပွဲ တော် တည် ပါ လော့။ ယေ ဇ ရေ လ မြို့ သား နာ ဗုတ်၏ စ ပျစ် ခြံ ကို ကျွန် မ ဆက် သ ပါ မည် ဟု တင် လျှောက် ပြီး နောက်
8
အာ ဟပ် မင်း တံ ဆိပ်၊ အ မည် တော် ဖြင့် စာ ရေး ၍ နာ ဗုတ် နေ သော မြို့ ရှိ မှူး မတ် နှင့် လူ ကြီး များ ထံ ပို့ လိုက် လေ ၏။
9
အ မိန့် တော် စာ ကား၊ အ စာ ရှောင် ရာ နေ့ ကို ကြော် ငြာ လျက်၊ ပ ရိ သတ် အ ထက် ၌ နာ ဗုတ် ကို တင် ထား စေ။
10
သူ့ ရှေ့ တွင် တ ရား မဲ့ သူ နှစ် ယောက် ကို ထား ၍ ဘု ရား သ ခင် နှင့် ဘု ရင် မင်း ကို သင် ပုတ် ခတ် လေ ပြီ ဟု သက် သေ ခံ စေ ပြီး မှ ထုတ် ၍ ခဲ ပစ် သတ် ဒဏ် ခတ် ကြ လော့ ဟူ သ တည်း။
11
ယေ ဇ ဗေ လ ပေး လိုက် သော အ မိန့် တော် စာ ပါ သည့် အ တိုင်း နာ ဗုတ် နေ သော မြို့ ရှိ မှူး မတ် နှင့် လူ ကြီး တို့ ပြု ကြ သည် မှာ
12
အ စာ ရှောင် ရာ နေ့ ကို ကြော် ငြာ လျက် ပ ရိ သတ် အ ထက် ၌ နာ ဗုတ် ကို တင် ထား ပြီး လျှင်
13
တ ရား မဲ့ သူ နှစ် ယောက် ဝင် လာ၍ သူ့ ရှေ့ တွင် ထိုင် လျက် ဘု ရား သ ခင် နှင့် ဘု ရင် မင်း ကို နာ ဗုတ် ပုတ် ခတ် လေ ပြီ ဟု လူ ပ ရိ သတ် ရှေ့ သက် သေ ခံ ချက် အ ရ မြို့ ပြင် သို့ ထုတ်၍ ခဲ ပစ် သတ် ဒဏ် ခတ် ကြ ၏။
14
ထို အ ခါ ခဲ ပစ် ဒဏ် ဖြင့် နာ ဗုတ် သေ ကြောင်း မိ ဖု ရား ယေ ဇ ဗေ လ ထံ လျှောက် ကြား လိုက် သည့် အ တိုင်း
15
ယေ ဇ ဗေ လ ကြား သိ သော်၊ တန် ဖိုး နှင့် မ ဆက် လို သော ယေ ဇ ရေ လ မြို့ သား နာ ဗုတ်၏ စ ပျစ် ခြံ ကို ထ၍ သိမ်း ယူ တော် မူ ပါ။ နာ ဗုတ် ကွယ် လွန်၍ သေ ဆုံး ပါ ပြီ ဟု လျှောက်၏။
16
နာ ဗုတ် သေ လွန် ကြောင်း အာ ဟပ် မင်း ကြား လျှင် ယေ ဇ ရေ လ မြို့ သား နာ ဗုတ်၏ စ ပျစ် ခြံ ကို သိမ်း ယူ ရန် ထ သွား လေ ၏။
17
ထို အ ခါ တိ ရှ ဘိ မြို့ သား ဧ လိ ယ သို့ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ရောက် လာ သည် မှာ
18
ရှ မာ ရိ မြို့ နေ ဣ သ ရေ ဘု ရင် အာ ဟပ် မင်း ကို တွေ့ ဆုံ ရန် ထ သွား လော့။ သူ သည် နာ ဗုတ်၏ စ ပျစ် ခြံ ကို သိမ်း ယူ ရန် သွား ရောက် လေ ပြီ။
19
သင် က လည်း၊ လူ ကို ကွပ် မျက် ၍ ဥစ္စာ ကို သိမ်း ယူ ပြီ လော ဟူ၍ လည်း ကောင်း၊ နာ ဗုတ်၏ အ သွေး ကို ခွေး များ လျက် ကြ ရာ အ ရပ်၌ ပင်၊ သင့် အ သွေး ကို လည်း လျက် ကြ လိမ့် မည် ဟူ၍ လည်း ကောင်း၊ ငါ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ဆင့် ဆို လော့ ဟူ သော ဗျာ ဒိတ် တော် နှင့် ရောက် သော်၊
20
အာ ဟပ် မင်း က၊ အ ချင်း ရန် သူ၊ ငါ့ ကို တွေ့ ပြီ လော ဟု ဆို လျှင် ဧ လိ ယ က၊ ငါ တွေ့ ရ ပြီ။ သင် သည် ထာ ဝ ရ ဘုရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု လို၍ ကိုယ် ကို ရောင်း လေ ပြီ ဖြစ် သော ကြောင့်
21
သင် အာ ဟပ်၌ ကျွမ်း လောင် ရာ ဘေး ကို ငါ သင့် စေ လျက် ဣ သ ရေ လ နိုင် ငံ တွင် အာ ဟပ် နှင့် တော် စပ် သူ အ ကျဉ်း သား၊ အ လွတ် သား၊ ယောက်ျား ဟူ သ မျှ ကို သုတ် သင် လျက်
22
ငါ့ အား အ မျက် တော် တိုက် သော ကြောင့်လည်း ကောင်း၊ ဣ သ ရေ လ အ မျိုး ကို ပြစ် မှား စေ သော ကြောင့် လည်း ကောင်း၊ သင့် အ မျိုး အ နွယ် ကို နေ ဗတ် သား ယေ ရော ဗောင် မင်း မျိုး နှင့် အ ဘိ ယ သား ဗာ ရှာ မင်း မျိုး ကဲ့ သို့ ဖြစ် စေ လျက်
23
မြို့ တွင်း သေ အ လောင်း များ မှာ ခွေး စာ၊ မြို့ ပြင် သေ အ လောင်း များ ကို ငှက် စာ ဖြစ် စေ မည် ဟူ ၍ လည်း ကောင်း၊ ယေ ဇ ဗေ လ ကို ရည် သော အ မိန့် ကား၊ ယေ ဇ ရေ လ မြို့ ရိုး အ နီး၊ သူ့ အ လောင်း ကို ခွေး များ စား ကြ လိမ့် မည် ဟူ ၍ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ဆင့် ဆို လေ ၏။
24
25
မိ ဖု ရား ယေ ဇ ဗေ လ တိုက် တွန်း သည့် အ လျောက် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု လို ၍ ကိုယ် ကို ရောင်း သော အာ ဟပ် မင်း နှင့် တူ သူ မ ရှိ ချေ။
26
ဣ သ ရေ လ လူ မျိုး ရှေ့ မှ၊ ထာ ဝ ရ ဘု ရား နှင် ထုတ် တော် မူ ခဲ့ သော အာ မော ရိ အ မျိုး သား တို့ ပြု သ မျှ အ တိုင်း ရုပ် ပွား ဆင်း တု နောက် သို့ လျှောက် လိုက် လျက် စက် ဆုပ် ရွံ ရှာ ဖွယ် အ မှု ကို လည်း ပြု လေ့ ရှိ ၏။
27
သို့ ရာ တွင် ဗျာ ဒိတ် တော် ကို ကြား လျှင် အာ ဟပ် မင်း သည် ဝတ် လဲ တော် ဆုတ် ခြင်း၊ လျှော် တေ ဝတ် ခြင်း၊ အ စာ ရှောင် ခြင်း၊ လျှော် တေ ခင်း ၍ အိပ် ခြင်း များ ကို ပြု လျက် ဖြည်း ညှင်း စွာ သွား လာ သ ဖြင့်
28
တိ ရှ ဘိ မြို့ သား ဧ လိ ယ ထံ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ရောက် ပြန် သည် ကား
29
အာ ဟပ် သည် ငါ့ ရှေ့ တွင် နှိမ့် ချ သည် ကို သင် မြင် သ လော။ ထို သို့ နှိမ့် ချ သည့် အ တွက် ဆို ခဲ့ သော ဘေး ဒဏ် ကို သူ့ လက် ထက်၌ ငါ သင့် စေ မည် မ ဟုတ်။ သား လက် ထက်၊ သူ့ အ မျိုး အ နွယ် ပေါ် တွင် သင့် ရောက် စေ မည် ဟု မိန့် တော် မူ ၏။