၁ ရာ-12

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ရှ မွေ လ က လည်း၊ သင် တို့ ပြော သ မျှ သော စ ကား ကို ငါ နား ထောင် ၍၊ သင် တို့ အ ပေါ် မှာ ရှင် ဘု ရင် ကို ငါ ချီး မြှောက် လေ ပြီ။
  • 2 ယ ခု မှာ ရှင် ဘု ရင် သည် သင် တို့ ရှေ့ ၌ ကြွ နေ တော် မူ ၏။ ငါ သည် အ သက် ကြီး ၍ ဆံ ပင် ဖြူ ပြီ။ ငါ့ သား တို့ သည် သင် တို့ ၌ ရှိ ကြ ၏။ ငါ သည် ငယ် သော အ ရွယ် မှ စ ၍ ယ နေ့ တိုင် အောင် သင် တို့ ရှေ့ ၌ သွား ပြီ။
  • 3 ဤ အ ရပ် ၌ ယ ခု ငါ ရှိ ၏။ အ ဘယ် သူ ၏ နွား ကို ငါ ယူ ဘူး ပြီ နည်း။ အ ဘယ် သူ ၏ မြည်း ကို ယူ ဘူး ပြီ နည်း။ အ ဘယ် သူ ကို လှည့် စား ဘူး ပြီ နည်း။ အ ဘယ် သူ ကို ညှဉ်း ဆဲ ဘူး ပြီ နည်း။ ကိုယ် မျက် စိ ကို ကွယ် စေ ခြင်း ငှါ အ ဘယ် သူ လက် မှ တံ စိုး ကို ခံ ဘူး ပြီ နည်း။ ထာ ဝ ရ ဘု ရား ရှေ့၊ ဘိ သိက် တော် ကို ခံ သော သူ ရှေ့ မှာ ငါ့ တ ဘက် ၌ သက် သေ ခံ ကြ လော့။ သူ့ ဥစ္စာ ကို ငါ ယူ မိ လျှင် ပြန် ပေး ပါ မည် ဟု ဣ သ ရေ လ လူ အ ပေါင်း တို့ အား ပြော ဆို သော်၊
  • 4 သူ တို့ က၊ ကိုယ် တော် သည် အ ကျွန်ုပ် တို့ ကို မ လှည့် စား ပါ။ မ ညှဉ်း ဆဲ ပါ။ အ ဘယ် သူ ၏ ဥစ္စာ ကို မျှ မ ယူ ပါ ဟု ပြော ဆို ကြ ၏။
  • 5 ရှ မွေ လ က လည်း၊ သင် တို့ သည် ငါ့ လက် ၌ သူ တ ပါး ၏ ဥစ္စာ ကို ရှာ ၍ မ တွေ့ ကြောင်း ကို ထာ ဝ ရ ဘု ရား သည် သင် တို့ တ ဘက် ၌ သက် သေ ဖြစ် တော် မူ ၏။ ဘိ သိက် တော် ကို ခံ သော သူ လည်း သက် သေ ဖြစ် ၏ ဟု ဆို လျှင်၊ သူ တို့ က၊ သက် သေ ဖြစ် ပါ သည် ဟု ဝန် ခံ ကြ ၏။
  • 6 တ ဖန် ရှ မွေ လ က၊ ထာ ဝ ရ ဘု ရား သည် မော ရှေ နှင့် အာ ရုန် ကို ချီး မြှောက် ၍၊ သင် တို့ ဘိုး ဘေး များ ကို အဲ ဂုတ္တု ပြည် မှ ဆောင် ခဲ့ တော် မူ ၏။
  • 7 ယ ခု တွင် တိတ် ဆိတ် စွာ နေ ကြ လော့။ ထာ ဝ ရ ဘု ရား သည် သင် တို့ နှင့် သင် တို့ ဘိုး ဘေး များ ၌ တ ရား သ ဖြင့် ပြု တော် မူ သော အ မှု တို့ ကို ထာ ဝ ရ ဘု ရား ရှေ့ တော် မှာ သင် တို့ အား ငါ ဆွေး နွှေး ဟော ပြော မည်။
  • 8 ယာ ကုပ် သည် အဲ ဂုတ္တု ပြည် သို့ ရောက် ၍၊ သင် တို့ ဘိုး ဘေး တို့ သည် ထာ ဝ ရ ဘု ရား အား အော် ဟစ် သော အ ခါ၊ မော ရှေ နှင့် အာ ရုန် ကို စေ လွှတ် သ ဖြင့် ဘိုး ဘေး တို့ ကို အဲ ဂုတ္တု ပြည် မှ နှုတ် ဆောင် ၍ ဤ ပြည် ၌ နေ ရာ ချ တော် မူ ၏။
  • 9 သူ တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို မေ့ လျော့ သော အ ခါ၊ ဟာ ဇော် ဗိုလ် ချုပ် မင်း သိ သ ရ လက် သို့ ၎င်း၊ ဖိ လိတ္တိ လူ တို့ လက် သို့ ၎င်း၊ မော ဘ ရှင် ဘု ရင် လက် သို့ ၎င်း ရောက် စေ တော် မူ သ ဖြင့်၊ ထို ရန် သူ တို့ ၏ တိုက် ဖျက် ခြင်း ကို ခံ ရ ကြ ၏။
  • 10 တ ဖန် သူ တို့ သည် ထာ ဝ ရ ဘု ရား အား အော် ဟစ် လျက်၊ အ ကျွန်ုပ် တို့ သည် ကိုယ် တော် ကို စွန့် ၍ ဗာ လ ဘု ရား နှင့် အာ ရှ တ ရက် ဘု ရား တို့ ကို ဝတ် ပြု သ ဖြင့် ပြစ် မှား ပါ ပြီ။ သို့ ရာ တွင် ရန် သူ လက် မှ ကယ် ချွတ် တော် မူ ပါ။ ကိုယ် တော် ကို ဝတ် ပြု ပါ မည် ဟု လျှောက် ကြ သော အ ခါ၊
  • 11 ထာ ဝ ရ ဘု ရား သည် ယေ ရုဗ္ဗာ လ၊ ဗာ ရက်၊ ယေ ဖ သ၊ ရှ မွေ လ တို့ ကို စေ လွှတ် ၍၊ ပတ် ဝန်း ကျင် ရန် သူ တို့ လက် မှ ကယ် နှုတ် တော် မူ သ ဖြင့် သင် တို့ သည် ဘေး လွတ် ရ ကြ ၏။
  • 12 နောက် တ ဖန် အမ္မုန် အ မျိုး သား ရှင် ဘု ရင် နာ ဟတ် သည် စစ် ချီ မည် အ ကြောင်း ကို သိ သော အ ခါ၊ အ ကျွန်ုပ် တို့ သည် အ ရင် ကဲ့ သို့ မ ဟုတ်၊ ရှင် ဘု ရင် သည် အ ကျွန်ုပ် တို့ ကို အုပ် စိုး ရ မည် ဟု သင် တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ရှင် ဘု ရင် လုပ် လျက် ပင် ငါ့ အား လျှောက် ထား ကြ ၏။
  • 13 ယ ခု မှာ သင် တို့ လို ချင် ၍ ရွေး ချယ် သော ရှင် ဘု ရင် ကို ကြည့် ရှု ကြ လော့။ ထာ ဝ ရ ဘု ရား သည် သင် တို့ အ ပေါ် မှာ ရှင် ဘု ရင် ဖြစ် စေ ခြင်း ငှါ ချီး မြှောက် တော် မူ ပြီ။
  • 14 သင် တို့ သည် ထာ ဝ ရ ဘု ရား ကို ကြောက် ရွံ့ ၍ ဝတ် ပြု ခြင်း နှင့် တ ကွ အာ ဏာ တော် ကို မ ဆန်၊ စ ကား တော် ကို နား ထောင် လျှင် သင် တို့ နှင့် သင် တို့ ကို အုပ် စိုး သော ရှင် ဘု ရင် သည် သင် တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား နောက် တော် သို့ အ မြဲ လိုက် ကြ လိမ့် မည်။
  • 15 သို့ မ ဟုတ် ထာ ဝ ရ ဘု ရား ၏ စ ကား တော် ကို နား မ ထောင်၊ အာ ဏာ တော် ကို ဆန် လျှင်၊ ထာ ဝ ရ ဘု ရား ၏ လက် တော် သည် ဘိုး ဘေး တို့ ကို ဆီး တား သ ကဲ့ သို့ သင် တို့ ကို ဆီး တား တော် မူ လိမ့် မည်။
  • 16 ယ ခု မှာ သင် တို့ မျက် မှောက် ၌ ထာ ဝ ရ ဘု ရား ပြု တော် မူ လ တံ့ သော အ မှု ကြီး ကို ငြိမ် ဝပ် စွာ နေ ၍ ကြည့် ရှု ကြ လော့။
  • 17 ယ နေ့ ဂျုံ စ ပါး ရိတ် ရာ ကာ လ ဖြစ် သည် မ ဟုတ် လော။ သို့ သော် လည်း ထာ ဝ ရ ဘု ရား ကို ငါ ဆု တောင်း ၍ မိုဃ်း ချုန်း ခြင်း နှင့် တ ကွ မိုဃ်း ရွာ စေ တော် မူ မည်။ သို့ ဖြစ် ၍ သင် တို့ သည် ရှင် ဘု ရင် ကို တောင်း သော အား ဖြင့် ထာ ဝ ရ ဘု ရား ရှေ့ တော် ၌ ပြစ် မှား မိ သော အ ပြစ် သည် ကြီး ကြောင်း ကို ရိပ် မိ သိ မြင် ရ ကြ မည် ဟု လူ များ တို့ အား ပြော ဆို ပြီး လျှင်၊
  • 18 ထာ ဝ ရ ဘု ရား ကို ဆု တောင်း ၍၊ ထို နေ့ ၌ ထာ ဝ ရ ဘု ရား သည် မိုဃ်း ချုန်း ခြင်း နှင့် တ ကွ မိုဃ်း ရွာ စေ တော် မူ ၍၊ လူ အ ပေါင်း တို့ သည် ထာ ဝ ရ ဘု ရား နှင့် ရှ မွေ လ ကို အ လွန် ကြောက် ရွံ့ ကြ ၏။
  • 19 လူ အ ပေါင်း တို့ က၊ ကိုယ် တော် ၏ ကျွန် တို့ သည် မ သေ ရ မည် အ ကြောင်း၊ ကိုယ် တော် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ကိုယ် တော် ကျွန် တို့ အ ဘို့ ဆု တောင်း တော် မူ ပါ။ အ ကျွန်ုပ် တို့ သည် ရှင် ဘု ရင် ကို တောင်း သော အား ဖြင့် အ ထက် အ ပြစ် များ တို့ အ ပေါ် မှာ ထပ် ၍ ဒု စ ရိုက် ကို ပြု မိ ပါ ပြီ ဟု ရှ မွေ လ အား တောင်း ပန် ကြ ၏။
  • 20 ရှ မွေ လ က လည်း မ စိုး ရိမ် ကြ နှင့်။ ဤ ဒု စ ရိုက် အ ပေါင်း ကို ပြု မိ သော် လည်း၊ ထာ ဝ ရ ဘု ရား နောက် တော် သို့ လိုက် ရာ မှ မ လွှဲ ကြ နှင့်။ ထာ ဝ ရ ဘု ရား ကို စိတ် နှ လုံး အ ကြွင်း မဲ့ ဝတ် ပြု ကြ လော့။
  • 21 ကျေး ဇူး မ ပြု မ ကယ် တင် နိုင်၊ အ ချည်း နှီး ဖြစ် သော အ ရာ တို့ နောက် သို့ လမ်း လွှဲ ၍ မ လိုက် ကြ နှင့်။ ထို သို့ သော အ ရာ သည် အ ချည်း နှီး သက် သက် ဖြစ် ၏။
  • 22 ထာ ဝ ရ ဘု ရား သည် မ ဟာ နာ မ တော် ကို ထောက် ၍ မိ မိ လူ တို့ ကို စွန့် တော် မ မူ။ ထာ ဝ ရ ဘု ရား သည် သင် တို့ ကို မိ မိ လူ အ ရာ ၌ ခန့် ထား ခြင်း ငှါ အ လို ရှိ တော် မူ ပြီ။
  • 23 ငါ မူ ကား သင် တို့ အ ဘို့ ဆု မ တောင်း ဘဲ နေ သ ဖြင့်၊ ထာ ဝ ရ ဘု ရား ကို ပြစ် မှား ခြင်း အ မှု သည် ငါ နှင့် ဝေး ပါ စေ သော။ ကောင်း မွန် ဖြောင့် မတ် သော လမ်း ကို လည်း သင် တို့ အား ငါ ပြ သ ဦး မည်။
  • 24 သို့ ရာ တွင် ထာ ဝ ရ ဘု ရား ကို ကြောက် ရွံ့ ၍ သစ္စာ နှင့် တ ကွ စိတ် နှ လုံး အ ကြွင်း မဲ့ ဝတ် ပြု ကြ လော့။ သင် တို့ အ ဘို့ အ ဘယ် မျှ လောက် ပြု တော် မူ ပြီး သည် ကို အောက် မေ့ ကြ လော့။
  • 25 သို့ မ ဟုတ် သင် တို့ သည် ဒု စ ရိုက် ပြု မြဲ ပြု လျှင်၊ ရှင် ဘု ရင် နှင့် တ ကွ ပျက် စီး ခြင်း သို့ ရောက် ရ ကြ လိမ့် မည် ဟု လူ များ တို့ အား ပြော ဆို လေ ၏။
回到本卷目录 回到本版本目录 回到首页