တ​ရား​ဟော-9

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အို ဣ သ ရေ လ လူ မျိုး၊ နား ထောင် ကြ ဦး။ အာ န က အ မျိုး သား တို့ ရှေ့ မည် သူ ခံ ရပ် နိုင် သ နည်း ဟူ သော အ ကြောင်း သ တင်း ကို ကြား ရ သည့် အ တိုင်း၊ သင် တို့ ထက် ခွန် အား တန် ခိုး ကြီး သော လူ မျိုး၊ အ ရပ် အ မောင်း ကြီး မြင့် သော လူ မျိုး၊ သင် တို့ သိ သော အာ န က လူ မျိုး နှင့်၊ ကောင်း ကင် အ ထိ မြင့် သော ခံ မြို့ ကြီး များ ကို တိုက် ယူ ခြင်း ငှါ၊ ယ ခု ပင် ယော် ဒန် မြစ် ကို ကူး ချီ၍ ဝင် ရောက် ကြ တော့ မည်။
  • 2
  • 3 သင် တို့ သိ မှတ် ရ မည် ကား အ ခြား မ ဟုတ်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ကျွမ်း လောင် သော မီး သ ဖွယ် ဦး ဆောင် ကူး ကြွ တော် မူ၍၊ က တိ တော် အ တိုင်း လျင် မြန် စွာ ဖျက် ဆီး နှင် ထုတ် ခွင့် ကို သင် တို့ ရ ကြ အံ့ သော ငှာ၊ ထို လူ မျိုး များ ကို သင် တို့ ရှေ့ နှိမ် နင်း ပယ် ရှား တော် မူ လိမ့် သ တည်း။
  • 4 သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် သင် တို့ ရှေ့ ထို သို့ မောင်း နှင် တော် မူ ပြီး နောက်၊ ငါ တို့ ဖြောင့် မတ် ခြင်း ကြောင့်၊ ဤ ပြည် ကို အ ပိုင် ပေး ခြင်း ငှာ ထာ ဝ ရ ဘု ရား ဆောင် သွင်း တော် မူ ပြီ ဟု မ အောက် မေ့ ကြ လင့်။ သင် တို့ ရှေ့ ထာ ဝ ရ ဘု ရား နှင် ထုတ် တော် မူ သည့် အ ကြောင်း ကား၊ ထို လူ မျိုး တို့ ဆိုး သွမ်း သော ကြောင့် တည်း။
  • 5 သင် တို့ ဖြောင့် မတ် ခြင်း၊ စိတ် သ ဘော ရိုး သား ခြင်း များ ကြောင့်၊ ချင်း တို့ ပြည် ကို အ ပိုင် ရ ခြင်း ငှါ၊ ဝင် ရောက် ခွင့် ရ ကြ သည် မ ဟုတ်။ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ထို လူ မျိုး တို့ ဆိုး သွမ်း ခြင်း ကို ထောက်၍၊ ဘိုး ဘေး များ ဖြစ် သူ အာ ဗြ ဟံ၊ ဣ ဇာက်၊ ယာ ကုပ် တို့ အား သ စ္စာ ဆို တော် မူ ချက် ကို အ တည် ပြု အံ့ သော ငှါ၊ သင် တို့ ရှေ့ နှင် ထုတ် တော် မူ ၏။
  • 6 သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ နှ လုံး ခဲ ယဉ်း သော လူ မျိုး ဖြစ် သူ သင် တို့ အား၊ ဤ ပြည် ကောင်း ကို သင် တို့ ဖြောင့် မတ် ခြင်း ကြောင့် အ ပိုင် ပေး တော် မူ မည် မ ဟုတ် ဟု သိ မှတ် ကြ လော့။
  • 7 သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား၊ သဲ တော တွင် အ မျက် တိုက် ပြု မိ ကြ သည် ကို မ မေ့ ဘဲ သ တိ ရ ကြ လော့၊ အိ ဂျစ် ပြည် မှ ထွက် သည့် နေ့ က စ၍၊ ဤ နေ ရာ သို့ ရောက် သည့် တိုင် အောင်၊ ထာ ဝ ရ ဘု ရား ကို ပုန် ကန် လေ့ ရှိ ကြ သည် တ ကား။
  • 8 ဟော ရပ် တောင် တွင် ပင်၊ ထာ ဝ ရ ဘု ရား ကို အ မျက် တိုက် ပြု မိ ကြ သည့် အ တွက်၊ ထာ ဝ ရ ဘု ရား သည် ပယ် ရှား အံ့ သော အ မျက် ထား တော် မူ ၏။
  • 9 သင် တို့ နှင့် ထာ ဝ ရ ဘု ရား ဖွဲ့ တော် မူ သော ပ ဋိ ညာဉ် ဆိုင် ရာ ကျောက် နှစ် ပြား ကို ခံ ယူ ရန် တောင် ပေါ် သို့ ငါ တက် သွား၍၊ မည် သည့် ရေ စာ ကို မျှ မ စား မ သောက် ဘဲ အ ရက် လေး ဆယ် နေ့ ညဉ့် ပတ် လုံး နေ သည့် ကာ လ၊
  • 10 သင် တို့ စည်း ဝေး ကြ သည့် နေ့ ရက် တော်၊ တောင် ပေါ် တွင် မီး အ လယ် မှ ထာ ဝ ရ ဘု ရား မိန့် မြွက် တော် မူ သ မျှ အ တိုင်း၊ လက် တော် ဖြင့် အ က္ခ ရာ တင် သော ကျောက် နှစ် ပြား ကို ငါ့ အား ထာ ဝ ရ ဘု ရား အပ် ပေး တော် မူ ၏။
  • 11 ထာ ဝ ရ ဘု ရား သည်၊ ရက် ပေါင်း လေး ဆယ် နေ့ ညဉ့် လွန် သော အ ခါ၊ ပ ဋိ ညာဉ် တော် ဆိုင် ရာ ထို ကျောက် နှစ် ပြား ကို အပ် ပေး တော် မူ လျက်၊ ငါ့ အား မိန့် တော် မူ သည် မှာ၊
  • 12 ထ၍ ဤ အ ရပ် မှ အ သော့ ဆင်း သွား လော့။ အိ ဂျစ် ပြည် က ဆောင် ခဲ့ သော သင့် လူ မျိုး သည် ပျက် ယွင်း ကြ ပြီ။ ငါ မိန့် မှာ သော နည်း လမ်း မှ အ ဆော တ လျင် လွှဲ သွား လျက်၊
  • 13 ရုပ် တု ကို သွန်း လုပ် ကြ ပြီ ဟူ၍ လည်း ကောင်း၊ ဤ လူ မျိုး သည် နှ လုံး ခဲ ယဉ်း သော လူ မျိုး ဖြစ် သည် ကို ငါ ရှု မြင် ပြီ။
  • 14 ကောင်း ကင် အောက် မှ၊ အ မည် ပါ၊ ပယ် ရှား ချေ ဖျောက် ရန် ငါ ရှိ စေ တော့။ သင့် ကို ကား၊ ချင်း တို့ ထက် များ ပြား၍ တန် ခိုး ကြီး သော လူ မျိုး ဖြစ် စေ မည် ဟူ ၍ လည်း ကောင်း၊ မိန့် တော် မူ သည့် အ တိုင်း၊
  • 15 ငါ သည် ပ ဋိ ညာဉ် တော် ဆိုင် ရာ ကျောက် နှစ် ပြား ကို လက် စုံ ကိုင် ယူ လျက်၊ မီး တောက် သော တောင် ပေါ် က လှည့် ဆင်း၍ ရှု ကြည့် ရာ၊
  • 16 သင် တို့ သည် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သော လမ်း မှ အ ဆော တ လျင် လွှဲ သွား လျက်၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ပြစ် မှား၍၊ နွား ရုပ် သွန်း လုပ် ကြ သည် ကို သိ မြင် သ ဖြင့်၊
  • 17 ကျောက် နှစ် ပြား ကို သင် တို့ မျက် မှောက် တွင် ပင် စုံ ကိုင် ပစ် ချ ချိုး ဖဲ့ ပြီး မှ၊
  • 18 သင် တို့ ကို ပယ် ရှား ရန်၊ ထာ ဝ ရ ဘု ရား ထား တော် မူ သော အ မျက် ဒေါ သ ကို ကြောက် ရွံ့၍၊ ထာ ဝ ရ ဘု ရား ရှေ့၊ အ မျက် တော် တိုက် အ ဆိုး ပြု လျက် ပြစ် မှား သ မျှ သော သင် တို့ အ ပြစ် အ တွက်၊ အ ထက် နည်း တူ၊ မည် သည့် ရေ စာ ကို မျှ မ စား မ သောက် ဘဲ အ ရက် လေး ဆယ် နေ့ ညဉ့် ပတ် လုံး၊ ထာ ဝ ရ ဘု ရား ရှေ့ ပျပ် ဝပ် လျက် နေ ရာ၊ ထို ကာ လ၌ ပင် နား ညောင်း တော် မူ ၏။
  • 19
  • 20 ထို အ ခါ တွင် အာ ရုန် ကို ပယ် ရှား ရန် ထာ ဝ ရ ဘု ရား ပြင်း စွာ အ မျက် ထား တော် မူ သော ကြောင့်၊ အာ ရုန့် အ ဖို့ လည်း အ သ နား တော် ခံ ပြီး နောက်၊
  • 21 ချင်း တို့ ပြစ် မှု တည်း ဟူ သော နွား ရုပ် ကို ယူ၍၊ ကြို ချက် လျက် မုန့် မုန့် ကြေ ထောင်း ထု ချေ မွ ပြီး မှ တောင် ပေါ် က စီး ဆင်း သော ချောင်း ရေ တွင် ထို အ မုန့် ကို ငါ သွန် ပစ် လေ ၏။
  • 22 တ ဗေ ရ၊ မဿာ၊ ကိ ဗြုတ် ဟ တ္တ ဝါ အ ရပ် များ ၌ လည်း၊ ထာ ဝ ရ ဘု ရား ကို အ မျက် တော် တိုက် ပြု ကြ သည့် ပြင်၊
  • 23 ငါ ပေး သော ပြည် ကို ချီ တက် ပိုင် ယူ ကြ လော့ ဟူ သော အ မိန့် တော် ဖြင့်၊ ကာ ဒေ ရှ ဗာ နာ မြို့ မှ စေ လွှတ် တော် မူ သည့် ကာ လ၊ ယုံ ကြည် ခြင်း ကင်း လျက် မ လိုက် မ နာ ဘဲ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ မိန့် တော် ကို ဖီ ဆန် ခဲ့ ကြ ပြီ။
  • 24 သင် တို့ သည် ငါ သိ သည့် နေ့ က စ၍၊ ထာ ဝ ရ ဘု ရား ကို ပုန် ကန် လေ့ ရှိ ကြ သည် တ ကား။
  • 25 ထာ ဝ ရ ဘု ရား ရှေ့၊ အ ရက် လေး ဆယ် နေ့ ညဉ့် ပတ် လုံး၊ ငါ ပျပ် ဝပ် သည့် အ ကြောင်း မှာ၊ သင် တို့ ကို ပယ် ရှား မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ သော ကြောင့် တည်း။
  • 26 ငါ က၊ အို အ ရှင် ထာ ဝ ရ ဘု ရား၊ အား ကြီး သော လက် ရုံး တော်၊ တန် ခိုး တော် ဖြင့် အိ ဂျစ် ပြည် မှ ရွေး နုတ် ထုတ် ဆောင် ခဲ့ သော၊ ပိုင် တော် မူ ရာ ဤ လူ မျိုး ကို ဖျက် ဆီး တော် မ မူ ပါ လင့်။
  • 27 က တိ ထား ခဲ့ သော ပြည် သို့ ဆောင် သွင်း ရန် တန် ခိုး ကင်း လျက်၊ မုန်း ထား သော ကြောင့်၊ သဲ တော တွင် အ ဆုံး စီ ရင် ရန် သာ ဤ လူ မျိုး ကို ထာ ဝ ရ ဘု ရား ထုတ် ဆောင် ခဲ့ သည် တ ကား ဟု အ ကျွန်ုပ် တို့ ကို ထုတ် ဆောင် တော် မူ ရာ ပြည် သား တို့ ဆို ခွင့် မ ရ စေ ခြင်း ငှာ၊ ဤ လူ မျိုး၏ ခဲ ယဉ်း ခြင်း၊ ဆိုး သွမ်း ခြင်း၊ ပြစ် မှား ခြင်း များ ကို ရှု မှတ် တော် မ မူ ဘဲ၊ ကျွန် တော် ရင်း ဖြစ် သော အာ ဗြ ဟံ၊ ဣ ဇာက်၊ ယာ ကုပ် တို့ ကို သ တိ ရ တော် မူ ပါ။
  • 28
  • 29 ဤ သူ တို့ မှာ၊ မ ဟာ တန် ခိုး တော်၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့် ထုတ် ဆောင် ခဲ့ သော ပိုင် တော် မူ ရာ လူ မျိုး ဖြစ် ကြ ပါ သ တည်း ဟု ထာ ဝ ရ ဘု ရား အား အ သ နား တော် ခံ လေ ၏။
回到本卷目录 回到本版本目录 回到首页