1
၎င်း နောက် မော ရှေ သည် ဣ သ ရေ လ တစ် မျိုး လုံး အား သွား ရောက် မိန့် ဆို သည် ကား၊
2
ငါ သည် ယ နေ့ အ သက် တစ် ရာ့ နှစ် ဆယ် ပြည့်၍၊ ချီ ဝင် ခြင်း၊ ချီ ထွက် ခြင်း ကို ဆက် လက် ပြု နိုင် တော့ မည် မ ဟုတ်။ ထာ ဝ ရ ဘု ရား က လည်း ဤ ယော် ဒန် မြစ် ကို မ ကူး ရ ဟု မြစ် တား တော် မူ ပြီး ဖြစ် ၏။
3
သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် ဦး ဆောင် ကူး ကြွ လျက်၊ တိုက် ယူ ခွင့် ကို သင် တို့ ရ ကြ အံ့ သော ငှါ၊ ထို လူ မျိုး ခြား တို့ ကို ပယ် ရှား တော် မူ လိမ့် မည်။ ယော ရှု လည်း၊ ထာ ဝ ရ ဘု ရား က တိ တော် အ တိုင်း ဦး တည် ကူး ချီ ရာ၊ ထာ ဝ ရ ဘု ရား သည်
4
ပယ် ရှား တော် မူ သော အာ မော ရိ ပြည့် ရှင် ရှိ ဟုန် မင်း၊ သြ ဃ မင်း တို့၌ ပြည် နိုင် ငံ ပါ၊ စီ ရင် တော် မူ ခဲ့ သည့် နည်း တူ၊ ထို လူ မျိုး ခြား တို့ အား စီ ရင် လျက်
5
သင် တို့ ရှေ့ အပ် နှင်း တော် မူ သည် နှင့် ငါ မိန့် မှာ သ မျှ ပ ညတ် အ တိုင်း သင် တို့ ပြု ကြ ရ မည်။
6
ကြောက် ရွံ ခြင်း၊ အံ့ အား သင့် ခြင်း ကင်း လျက်၊ အား ယူ၍ ရဲ ရင့် ကြ လော့။ အ တူ ချီ ကြွ တော် မူ သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် သင် တို့ ကို မည် သည့် အ ခါ မျှ စွန့် ထား တော် မူ မည် မ ဟုတ် ဟု မိန့် ဆို ပြီး နောက်
7
မော ရှေ သည် ယော ရှု ကို ခေါ် လျက်၊ ဣ သ ရေ လ တစ် မျိုး လုံး မျက် မှောက် တွင် မှာ ထား သည် ကား အား ယူ၍ ရဲ ရင့် လော့။ ဘိုး ဘေး တို့ အား ပေး ရန် ထာ ဝ ရ ဘု ရား သ စ္စာ ဆို တော် မူ ခဲ့ သော ပြည် ကို ဤ လူ မျိုး နှင့် တ ကွ ဝင် သွား သ ဖြင့် အ ပိုင် ပေး ခွင့် ရ လိမ့် မည်။
8
အ တူ ကြွ လျက် ဦး ဆောင် တော် မူ သော ထာ ဝ ရ ဘု ရား သည် သင့် ကို မည် သည့် အ ခါ မျှ စွန့် ထား တော် မ မူ သော ကြောင့် ကြောက် ရွံ့ တုန် လှုပ် ခြင်း ကင်း လော့ ဟူ၍ တည်း။
9
မော ရှေ သည်၊ ဤ ပ ညတ် တ ရား ကို ရေး သား ပြီး လျှင် ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ ကို ပင့် ဆောင် ရ သော လေ ဝိ အ နွယ် သား ပ ရော ဟိတ် တို့ နှင့် ဣ သ ရေ လ လူ ကြီး အ ပေါင်း တို့ အား လွှဲ အပ် လျက်၊ မိန့် ဆို သည် မှာ ခု နစ် နှစ် လျှင် တစ် ကြိမ်၊
10
လွတ် ငြိမ်း ရာ သ တ္တ မ နှစ်၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ၊ ရွေး ချယ် တော် မူ မည့် ဌာ န၌၊ ဣ သ ရေ လ တစ် မျိုး လုံး ဖူး မြော် ကြ ရာ တဲ နေ ပွဲ အ ခါ သ မ ယ တွင် ယောက်ျား၊ မိန်း မ၊ သူ ငယ် တို့ မှ စ၍ သင် တို့ မြို့ ရွာ များ အ တွင်း ဝင် နေ သူ တို့ ပါ၊ နား ထောင် သင် ကြား သ ဖြင့် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ခန့် ညား လျက်၊ ဤ ပ ညတ် တ ရား ချက် အ လုံး စုံ ကို စောင့် ရှောက် လိုက် နာ ကြ အံ့ သော ငှါ လည်း ကောင်း၊ မ ကြား မ သိ ဘူး သော သား သမီး တို့ လည်း၊ ယော် ဒန် မြစ် ကို ကူး ချီ၍ ပိုင် ရ မည့် ပြည် တွင် နေ ထိုင် သ မျှ ကာ လ ပတ် လုံး၊ နား ထောင် သင် ကြား သ ဖြင့်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ခန့် ညား ကြ အံ့ သော ငှါ လည်း ကောင်း၊ လူ ပ ရိ သတ် ကို စု ရုံး လျက်၊ ဤ ပ ညတ် တ ရား ကို တစ် မျိုး လုံး ရှေ့ ဖတ် ရွတ် ကြ လော့ ဟူ ၍ တည်း။
11
12
13
14
ထို နောက် မော ရှေ အား ထာ ဝ ရ ဘု ရား က၊ သင် သေ ချိန် နီး ပြီ ဖြစ် သော ကြောင့်၊ ငါ ခန့် ထား အံ့ သော ငှါ ယော ရှု ကို ခေါ်၍၊ တွေ့ ဆုံ ရာ တဲ တော် အ တွင်း နှစ် ဦး လုံး ခ စား ကြ လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊ မော ရှေ နှင့် ယော ရှု တို့ သည် တွေ့ ဆုံ ရာ တဲ တော် တွင်း သို့ ဝင် ရောက် ခ စား ကြ ရာ၊
15
တဲ တော် အ တွင်း၊ မုတ် ဝ အ နီး တည် လာ သော တိမ် တိုင်၌ ထာ ဝ ရ ဘု ရား ထင် ရှား၍၊ မော ရှေ အား မိန့် တော် မူ သည် မှာ၊
16
ဘိုး ဘေး တို့ နှင့် အ တူ သင် အိပ် ပျော် ပြီး နောက် ဤ လူ မျိုး သည် ဝင် ရောက် နေ ထိုင် ရာ ပြည် ရှိ ခြား နား သော ဘု ရား များ နှင့် ထ ကြွ မှား ယွင်း လျက်၊ ငါ့ ကို စွန့် ပယ်၍ ငါ ဖွဲ့ ခဲ့ သော ပ ဋိ ညာဉ် တော် ကို ဖောက် ကျော် ကြ လိမ့် မည်။
17
ထို ကာ လ ငါ သည်၊ အ မျက် တော် ထား သ ဖြင့် ထို သူ တို့ ကို စွန့် ပယ် လျက် မျက် နှာ တော် လွှဲ သည့် အ တိုင်း၊ တွေ့ ကြုံ ကြ ရ သော ဘေး ဒု က္ခ များ ကြောင့် ပျက် စီး ရ သူ ထို လူ မျိုး က၊ ငါ တို့ ဘု ရား သ ခင် ပါ ရှိ တော် မ မူ သည့် အ တွက် ဤ ဘေး တွေ့ ကြ ပြီ မ ဟုတ် တုံ လော ဟု အောက် မေ့ ကြ လိမ့် မည်။
18
အ ခြား ဘု ရား များ သို့ လွှဲ သွား လျက် ပြု ကျင့် ကြ သော ဆိုး သွမ်း မှု ကို ထောက်၍ ထို ကာ လ၌ မျက် နှာ တော် ကို မု ချ ငါ လွှဲ လိမ့် မည်။
19
သို့ ဖြစ်၍ ဤ သီ ချင်း ကို ရေး သား လျက်၊ ဣ သ ရေ လ အ မျိုး သား တို့ တစ် ဘက်၌ ငါ့ သက် သေ အ ဖြစ် နှုတ် ငုံ ရ အောင် ထို သူ တို့ အား သွန် သင် လော့။
20
အ သို့ ဆို သော်၊ သ စ္စာ ဆို ခဲ့ သော ပြည် သို့ မ သွင်း ဆောင် မီ၊ ယ ခု က ပင်၊ လေ့ လာ ကြ သော အ ကြံ အ စည် များ ကို ငါ သိ သည့် အ တိုင်း၊ ဘိုး ဘေး တို့ အား သ စ္စာ ဆို ခဲ့ သော နို့ ရည် ပျား ရည် လွှမ်း စီး ရာ ပြည် သို့ ငါ ဆောင် သွင်း ပြီး လျှင်၊ ဆူ ဖြိုး အောင် ဝ စွာ စား သောက် သော ထို လူ မျိုး သည် အ ခြား ဘု ရား များ ကို လွှဲ သွား ဝတ် ပြု လျက် ငါ့ ကို မ ထီ လေး စား ပြု၍ ပ ဋိ ညာဉ် တော် ကို ဖောက် ကျော် မည့် အ လျောက် ဘေး ဒု က္ခ များ တွေ့ ကြုံ ကြ သည့် ကာ လ ၎င်း တို့ အ ဆက် အ နွယ် နှုတ် ငုံ ဆောင် သော ဤ သီ ချင်း သည်
21
22
မျက် မှောက် ထင် ထင် သက် သေ ဖြစ် လိမ့် မည် ဟု မိန့် တော် မူ သော နေ့ ချင်း တွင် မော ရှေ သည် ဤ သီ ချင်း ကို ရေး တင် လျက် ဣ သ ရေ လ အ မျိုး သား တို့ အား သွန် သင် လေ၏။
23
နုန့် သား ယော ရှု ကို ခန့် ထား တော် မူ လျက်၊ သ စ္စာ ဆို ခဲ့ သော ပြည် သို့ ဣ သ ရေ လ အ မျိုး သား တို့ ကို သင် ဆောင် သွင်း ရာ ငါ ပါ ရှိ မည် ဖြစ် သော ကြောင့် အား ယူ၍ ရဲ ရင့် လော့ ဟု ဆင့် ထပ် လေ၏။
24
မော ရှေ သည် ဤ ပ ညတ် တ ရား ချက် များ ကို ကျမ်း ပြု၍ အ ပြီး သတ် ရေး သား ပြီး မှ၊
25
ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ ကို ပင့် ဆောင် ရ သော လေ ဝိ ဂိုဏ်း သား တို့ အား မှာ ထား သည် ကား
26
သင် တို့ တစ် ဘက်၌ သက် သေ အ ဖြစ်၊ ဤ ပ ည တ္တိ ကျမ်း ကို ယူ၍၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၏ ပ ဋိ ညာဉ် တော် သေ တ္တာ အ နီး သို ထား ကြ လော့။
27
ငါ သည် သင် တို့ ပုန် ကန် ခြင်း၊ နှ လုံး ခဲ ယဉ်း ခြင်း များ ကို သိ လှ လေ စွ။ ယ ခု ငါ အ သက် ရှင်၍ ပါ ရှိ လျက် ပင်၊ ထာ ဝ ရ ဘု ရား ကို ပုန် ကန် လေ့ ရှိ ကြ ပြီ။ ငါ သေ လျှင် မူ ကား၊ သာ၍ ပုန် ကန် ကြ လိမ့် မည်။
28
သင် တို့ အ နွယ် လူ ကြီး နှင့် ဗိုလ် မှူး တို့ တစ် ဘက်၌ သက် သေ များ အ ဖြစ် မိုး ကောင်း ကင် နှင့် မြေ ပ ထ ဝီ ကို ငါ ခေါ်၍ ဤ အ ချက် များ ကို ပြန် ကြား ရ အံ့ သော ငှါ၊ ထို သူ အ ပေါင်း တို့ ကို စု ရုံး စေ ကြ လော့။
29
ငါ သေ ပြီး နောက် သင် တို့ သည် မု ချ မှား ယွင်း၍ ငါ ဆင့် ဆို သော နည်း လမ်း မှ လွှဲ သွား ကြ မည့် အ ကြောင်း ကိုလည်း ကောင်း၊ ထာ ဝ ရ ဘု ရား ရှေ့ အ ဆိုး ပြု လျက် အ မှု အ ရေး များ ဖြင့် အ မျက် တော် တိုက် ကြ သော ကြောင့်၊ နောင် ကာ လ၌ ဘေး သင့် ရောက် မည့် အ ကြောင်း ကိုလည်း ကောင်း၊ ငါ သိ သည် ဟူ၍ တည်း။
30
မော ရှေ သည်၊ ဣ သ ရေ လ တစ် မျိုး လုံး အ စည်း အ ဝေး ရှေ့၊ သီ ချင်း ဖွဲ့ ဆို ချက် များ ကို အ ပြီး သတ် မြွက် ဆို သည် ကား၊