1
၄င်း ပြင် ညီ အစ် ကို တို့၊ ငါ ကြား ပြော ခဲ့ သည့် အ တိုင်း သင် တို့ နာ ယူ လျက် တည် နေ ကြ ရာ သ တင်း တော် အ မှတ် မဲ့ ယုံ ကြည် ကြ သည် မ ဟုတ် ဘဲ ငါ ကြား ပြော ခဲ့ သော ဒေ သ နာ ကို စွဲ မြဲ ကြ သည် မှန် လျင် သင် တို့ အား ကယ် တင် ရာ ကယ် တင် ကြောင်း ဖြစ် သော သ တင်း တော် မြတ် ကို ငါ ဖော် ပြ ဦး မည်။
2
3
ဦး စွာ ငါ နာ ခံ ရ သည့် အ တိုင်း သင် ကြား ခဲ့ သည် မှာ ခ ရစ် တော် သည် ကျမ်း ဂန် အ ရ ငါ တို့ အ ပြစ် တွက် အ သေ ခံ တော် မူ ကြောင်း၊
4
သင်္ဂြိုဟ် ခံ တော် မူ၍ ကျမ်း ဂန် အ ရ သုံး ရက် လည် သော နေ့ တွင် ရှင် ပြန် ထ မြောက် တော် မူ ကြောင်း၊
5
ကေ ဖ အား လည်း ကောင်း၊ တစ် ဆယ့် နှစ် ပါး တို့ အား လည်း ကောင်း၊ ထင် ရှား တော် မူ ကြောင်း၊
6
ထို နောက် အ ချို့ အိပ် ပျော် ပြီး ဖြစ် သော် လည်း အ များ အား ဖြင့် ယ ခု တိုင် ရှိ သေး သော ညီ အစ် ကို ငါး ရာ ကျော် အား တစ် ပြိုင် နက် ထင် ရှား တော် မူ ကြောင်း၊
7
ထို နောက် ယာ ကုပ် အား လည်း ကောင်း၊ တ မန် တော် ရှိ သ မျှ တို့ အား လည်း ကောင်း၊ ထင် ရှား တော် မူ ကြောင်း၊
8
နောက် ဆုံး တွင် လျှော မွေး သ ဖွယ် ဖြစ် သော ငါ့ အား လည်း ထင် ရှား တော် မူ ကြောင်း များ တည်း။
9
ငါ သည် ဘု ရား သ ခင်၏ အ သင်း တော် ကို ညှဉ်း ပန်း ခဲ့ သော ကြောင့် တ မန် တော် တို့ တွင် အ သိမ် အ ငယ် ဖြစ် လျက် တ မန် တော် ဘွဲ့ ကို မ ခံ ထိုက် ချေ။
10
သို့ ရာ တွင် ဘု ရား သ ခင့် ကျေး ဇူး တော် ကြောင့် ယ ခု အ တိုင်း ငါ ဖြစ် လျက် ခံ ရ သော ကျေး ဇူး တော် အ ချည်း နှီး မ ဖြစ် ရ ဘဲ တ မန် တော် ရှိ သ မျှ ထက် ဆောင် ရွက် လေ၏။ ထို သို့ ဆို သော် ငါ ဆောင် ရွက် သည် မ ဟုတ်၊ ငါ နှင့် အ တူ ရှိ သော ဘု ရား သ ခင့် ကျေး ဇူး တော် တည်း။
11
သို့ ဖြစ်၍ ငါ ဖြစ် စေ၊ ထို သူ တို့ ဖြစ် စေ၊ ထို သို့ ပင် ဟော ပြော လျက် ထို သို့ ပင် သင် တို့ ယုံ ကြည် ကြ လေ ပြီ။
12
ခ ရစ် တော် သည် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် တော် မူ ပြီး ဖြစ် ကြောင်း ဟော ပြော သည် မှန် လျှင် သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း မ ရှိ ဟု သင် တို့ အ နက် အ ချို့ တို့ အ သို့ ဆို ကြ သ နည်း။
13
သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း မ ရှိ လျှင် ခ ရစ် တော် သည် ရှင် ပြန် ထ မြောက် တော် မူ ပြီး မ ဟုတ်။
14
ခ ရစ် တော် ရှင် ပြန် ထ မြောက် တော် မူ ပြီး မ ဟုတ် ခဲ့ လျှင် ငါ တို့ ဟော ပြော ခြင်း နှင့် သင် တို့ ယုံ ကြည် ခြင်း မှား လေ ပြီ။
15
၄င်း ပြင် သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း မ ရှိ သည် မှန် က ခ ရစ် တော် ကို ရှင် ပြန် ထ မြောက် စေ တော် မ မူ သော် လည်း ရှင် ပြန် ထ မြောက် စေ တော် မူ ကြောင်း ဘု ရား သ ခင် နှင့် ဆန့် ကျင် ကြား ပြော ကြ သည့် အ လျောက် ငါ တို့ သည် ဘု ရား သ ခင့် အ ကြောင်း မု သာ သက် သေ ထင် ရှား ရာ ရောက် ကြ လေ ပြီ။
16
သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း မ ရှိ လျှင် ခ ရစ် တော် သည် ရှင် ပြန် ထ မြောက် တော် မူ မည် မ ဟုတ်။
17
ခ ရစ် တော် ရှင် ပြန် ထ မြောက် တော် မူ ပြီး မ ဟုတ် ခဲ့ လျှင် ယုံ ကြည် ခြင်း အ ချည်း နှီး ဖြစ် လျက် သင် တို့ သည် ကိုယ့် အ ပြစ်၌ နေ သေး သည့် ပြင်၊
18
ခ ရစ် တော်၌ အိပ် ပျော် သူ တို့ လည်း ပျက် စီး ကြ သည် မှန်၏။
19
ယ ခု အ သက် တာ တွင် ခ ရစ် တော် ကို မျှော် လင့် ရုံ မျှ ရှိ လျှင် ငါ တို့ သည် လူ ခပ် သိမ်း တို့ ထက် သ နား ဖွယ် ကောင်း လေ စွ တ ကား။
20
မု ချ အား ဖြင့် ခ ရစ် တော် သည် အိပ် ပျော် သူ တို့ အ နက် ကောက် ဦး အ ဖြစ် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် တော် မူ ပြီ။
21
လူ ကြောင့် သေ ခြင်း တ ရား ဖြစ် လာ သည့် အ လျောက် လူ ကြောင့် သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း ဖြစ် လာ၏။
22
အာ ဒံ အား ဖြင့် လူ ခပ် သိမ်း တို့ သေ ရ သည့် နည်း တူ ခ ရစ် တော် အား ဖြင့် ခပ် သိမ်း တို့ ရှင် ပြန် ရ ကြ လိမ့် မည်။
23
သို့ ရာ တွင် ဆိုင် ရာ ဆိုင် ရာ အ ဆင့် အ လိုက် ကောက် ဦး တည်း ဟူ သော ခ ရစ် တော် နောက် ခ ရစ် တော် ကြွ လာ တော် မူ ရာ၌ ပိုင် ဆိုင် တော် မူ သူ တို့ ရှင် ပြန် ခြင်း ဖြစ်၏။
24
ထို နောက် ခ ရစ် တော် သည် နတ် မင်း ရှိ သ မျှ မှ စ၍ အာ ဏာ ရှင်၊ တန် ခိုး ရှင် ရှိ သ မျှ ကို ပယ် ဖျက် ပြီး လျှင် ခ မည်း တော် တည်း ဟူ သော ဘု ရား သ ခင် အား နိုင် ငံ တော် ကို ပြန် အပ် တော် မူ သော် ခေတ် ကာ လ ဆုံး လိမ့် မည်။
25
အ ရာ ခပ် သိမ်း ကို ခြေ တော် အောက် ချ ထား တော် မူ ပြီ ဟု ကျမ်း ဆို ရှိ သည့် အ လျောက် ရန် သူ တော် အ ပေါင်း တို့ ကို ခြေ တော့် အောက် ချ ထား တော် မ မူ မ ချင်း ကိုယ် တော် တိုင် အုပ် စိုး ရ သည် မှန်၏။ နောက် ဆုံး ပယ် ဖျက် တော် မူ မည့် ရန် သူ မှာ သေ မင်း တည်း။
26
27
အ ရာ ခပ် သိမ်း ကို ကိုယ် တော် အောက် ချ ထား သည် ဟု ဗျာ ဒိတ် တော် ရှိ သော် ထို သို့ ချ ထား သော အ ရှင် မ ပါ ကြောင်း ထင် ရှား သည် နှင့် အ ညီ၊
28
သား တော့် အောက် အ ရာ ခပ် သိမ်း ရောက် ပြီး နောက်၊ ချ ထား တော် မူ ရင်း အ ရှင့် အောက် သား တော် ကိုယ် တိုင် ရောက် တော် မူ သ ဖြင့် ဘု ရား သ ခင် သည် ရှိ ရှိ သ မျှ၏ အ ချက် အ ချာ အ ဖြစ် တည် တော် မူ ဦး မည်။
29
မ ရှင် ပြန် လျှင် သေ သူ တို့ အ တွက် ဗ တ္တိ ဇံ မင်္ဂ လာ ခံ သူ တို့ သည် မည် သို့ ပြု ကြ သ နည်း။ သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း အ လျှင်း မ ရှိ က သူ သေ တို့ အ တွက် ဗ တ္တိ ဇံ မင်္ဂ လာ ကို အ ဘယ် ကြောင့် ခံ ကြ သ နည်း။
30
ငါ တို့ လည်း နာ ရီ တိုင်း အ န္တ ရာယ် ခံ လျက် အ ဘယ့် ကြောင့် နေ ကြ သ နည်း။
31
ညီ အစ် ကို တို့၊ ငါ သည် နေ့ တိုင်း သေ ဒဏ် ခံ လျက် နေ သည် ဟု ငါ တို့ အ ရှင် ခ ရစ် တော် ယေ ရှု အား ဖြင့် သင် တို့ အ တွက် ကြောင့် ဂုဏ် ရောက် ခွင့် ကို တိုင် တည် လျက် ငါ ဆို၏။
32
ဧ ဖက် မြို့ တွင် လူ တို့ ဘာ ဝ သား ရဲ များ နှင့် ငါ တိုက် လှန် ခဲ့ သော် လည်း မည် သည့် အ ကျိုး နည်း။ သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း မ ရှိ က နက် ဖြန် သေ ရ မည် ဖြစ်၍ စား သောက် လျက် နေ ကြ ကုန် အံ့။
33
အ ထင် မ လွဲ ကြ နှင့်။ ယုတ် မာ သော ပေါင်း သင်း ခြင်း ဖြင့် ပါ ရ မီ မြတ် ပျက် ယွင်း တတ် ၏။
34
ပြစ် မှား လျက် မ နေ ဘဲ ဖြောင့် မတ် စွာ နိုး ကြား ကြ လော့။ အ ချို့ တို့ သည် ဘု ရား သ ခင် နှင့် အ ကျွမ်း အ ဝင် ကင်း ကြ လေ စွ။ ဤ သို့ ဆို သည် ကား သင် တို့ ရှက် စေ ရန် တည်း။
35
သို့ ရာ တွင် သူ သေ တို့ ကို မည် သို့ ရှင် ပြန် ထ မြောက် စေ အံ့ နည်း။ မည် သည့် ခ န္ဓာ မျိုး နှင့် ပေါ် လာ ကြ အံ့ နည်း ဟု တစ် ဦး တစ် ယောက် မေး လိမ့် မည်။
36
အ ချင်း လူ မိုက်၊ သင် စိုက် ပျိုး သော မျိုး စေ့ မ ပျက် လျှင် ရှင် မည် မ ဟုတ်။
37
သင် စိုက် သည် မှာ လည်း ဂျုံ မျိုး ဖြစ် စေ၊ အ ခြား မျိုး ဖြစ် စေ၊ ဖြစ် လ တ္တံ သော ခ န္ဓာ ကို မ ဟုတ်၊ အ စေ့ မျှ ကို စိုက် ရာ။
38
ဘု ရား သ ခင် သည် မျိုး စေ့ အ သီး အ သီး အား ဆိုင် ရာ ခ န္ဓာ ကို အ လို တော် အ လျောက် သ နား တော် မူ၏။
39
အ သား ရှိ သ မျှ သည် တစ် မျိုး တည်း မ ဟုတ်။ လူ၏ အ သား တစ် မျိုး၊ မြေ သ တ္တ ဝါ၏ အ သား တစ် မျိုး၊ လေ သ တ္တ ဝါ၏ အ သား တစ် မျိုး၊ ရေ သ တ္တ ဝါ၏ အ သား တစ် မျိုး ရှိ၏။
40
၄င်း ပြင် အာ ကာ သ ခ န္ဓာ များ နှင့် ပ ထ ဝီ ခ န္ဓာ များ လည်း ရှိ ရာ အာ ကာ သ ခ န္ဓာ များ၏ ကြက် သ ရေ တစ် မျိုး၊ ပ ထ ဝီ ခ န္ဓာ များ၏ ကြက် သ ရေ တစ် မျိုး ဖြစ်၏။
41
နေ၏ ကြက် သေ ရ တစ် မျိုး၊ လ၏ ကြက် သ ရေ တစ် မျိုး၊ ကြယ် များ၏ ကြက် သ ရေ တစ် မျိုး ဖြစ် သည့် အ လျောက် ကြယ် တစ် လုံး နှင့် တစ် လုံး လည်း ကြက် သ ရေ ချင်း ခြား နား ၏။
42
ထို နည်း တူ ရှင် ပြန် ထ မြောက် သော သူ သေ တို့ သည် သင်္ခါ ရ အ ဖြစ် စိုက် ရာ အ သင်္ခါ ရ အ ဖြစ် ရှင် ပြန် ခြင်း၊
43
ယုတ် ညံ့ သော အ ဖြစ် စိုက် ရာ ဘုန်း ကြီး သော အ ဖြစ် ရှင် ပြန် ခြင်း၊ အား နည်း သော အ ဖြစ် စိုက် ရာ တန် ခိုး ကြီး သော အ ဖြစ် ရှင် ပြန် ခြင်း၊
44
ရုပ် ခ န္ဓာ အ ဖြစ် စိုက် ရာ နာမ် ခ န္ဓာ အ ဖြစ် ရှင် ပြန် ခြင်း ကို ခံ ရ ကြ၏။ ရုပ် ခ န္ဓာ ရှိ လျှင် နာမ် ခ န္ဓာ လည်း ရှိ၏။
45
သို့ နှင့် အ ညီ ပ ထ မ လူ အာ ဒံ သည် အ သက် ရှင် သော ရူ ပ ဖြစ် သည် ဟု ကျမ်း ချက် ရှိ ရာ နောက် အာ ဒံ မူ ကား အ သက် ရှင် စေ သော နာမ်၀ိ ညာဉ် ဖြစ် ၏။
46
သို့ ရာ တွင် နာမ် ခ န္ဓာ သည် အ ဦး ဖြစ် သည် မ ဟုတ်၊ ရုပ် ခ န္ဓာ အ ဦး ဖြစ် လျက် နောက် နာမ် ခ န္ဓာ ဖြစ်၏။
47
ပ ထ မ လူ သည် ပ ထ ဝီ က ဖြစ်၍ မြေ သ ဘာ ဝ ရှိ၏။
48
ဒု တိ ယ လူ မူ ကား အာ ကာ သ က ဖြစ်၏၊ မြေ သ ဘာ ဝ ရှိ သော ထို သူ့ နည်း တူ ပင် မြေ သ ဘာ ဝ ရှိ သူ တို့ ဖြစ်၏။ အာ ကာ သ သ ဘာ ဝ ရှိ သော ထို အ ရှင့် နည်း တူ လည်း အာ ကာ သ သ ဘာ ဝ ရှိ သူ တို့ ဖြစ် ကြ ၏။
49
ငါ တို့ သည် မြေ သ ဘာ ဝ ရှိ သူ့ ပုံ သ ဏ္ဌာန် ဆောင် ကြ သည့် နည်း တူ အာ ကာ သ သ ဘာ ဝ ရှိ သော အ ရှင့် ပုံ သ ဏ္ဌာန် ကို ဆောင် ကြ ကုန် အံ့။
50
ညီ အစ် ကို တို့၊ အ သွေး အ သား သည် ဘု ရား သ ခင်၏ နိုင် ငံ တော် ကို လည်း ကောင်း၊ သင်္ခါ ရ သည် အ သင်္ခါ ရ ကို လည်း ကောင်း၊ အ ပိုင် ရ နိုင် သည် မ ဟုတ် ကြောင်း ငါ ဆို၏။
51
နက် နဲ ရာ ကို ငါ ဖော် ပြ မည် မှာ ငါ တို့ ရှိ သ မျှ သည် အိပ် ပျော် ရ မည် မ ဟုတ်။ နောက် ဆုံး တံ ပိုး တော် မှုတ် သည့် ကာ လ တစ် ခ ဏ တည်း မျက် စိ တ မှိတ် တွင် ရှိ သ မျှ တို့ ပြောင်း လဲ ကြ ရ မည်။ မု ချ အား ဖြင့် ထို တံ ပိုး တော် မှုတ် သော် သူ သေ တို့ သည် အ သင်္ခါ ရ အ ဖြစ် ရှင် ပြန် ထ မြောက် ခြင်း၊ ငါ တို့ လည်း ပြောင်း လဲ ခြင်း ကို ခံ ရ ကြ လိမ့် သ တည်း။
52
53
ဤ သင်္ခါ ရ ဖြစ် သော ခ န္ဓာ သည် အ သင်္ခါ ရ အ ဖြစ် ကို လည်း ကောင်း၊ ဤ အ နိ စ္စ ခ န္ဓာ သည် နိ စ္စ အ ဖြစ် ကို လည်း ကောင်း ဝတ် ဆင် ရ မည်။
54
ထို သို့ ဤ သင်္ခါ ရ ဖြစ် သော ခ န္ဓာ သည် အ သင်္ခါ ရ အ ဖြစ် ကို လည်း ကောင်း၊ ဤ အ နိ စ္စ ခ န္ဓာ သည် နိ စ္စ အ ဖြစ် ကို လည်း ကောင်း ဝတ် ဆင် ရာ၌ သေ မင်း ကို အောင် မြင် ပယ် ဖျက် လေ ပြီ ဟူ သော ကျမ်း ချက် သည် အ တည် ဖြစ် လိမ့် မည်။
55
အို သေ မင်း၊ သင်၏ အောင် မြင် ခြင်း၊ အို သေ မင်း၊ သင်၏ အ စွယ် သည် အ ဘယ် မှာ နည်း။
56
သေ မင်း၏ အ စွယ် ကား အ ပြစ် ဒု စ ရိုက်၊ အ ပြစ် ဒု စ ရိုက်၏ တန် ခိုး ကား ပ ညတ် တ ရား ပေ တည်း။
57
သို့ ရာ တွင် ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ငါ တို့ အား အောင် မြင် ခွင့် သ နား တော် မူ သော ဘု ရား သ ခင်၏ ကျေး ဇူး တော် သည် ကြီး လှ ပေ ၏။
58
သို့ ဖြစ်၍ ငါ ချစ် သော ညီ အစ် ကို တို့ သင် တို့ ဆောင် ရွက် မှု သည် အ ရှင် ဘု ရား၌ အ ကျိုး မဲ့ မ ဟုတ် ကြောင်း ကို သိ သ ဖြင့် တည် ကြည် လျက်၊ ခိုင် ခံ့ လျက်၊ အ ရှင် ဘု ရား အ မှု တော် ကို အ စဉ် ကြိုး စား လျက် နေ ကြ လော့။