တမန်တော်ဝတ္ထု-24

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို နောက် ငါး ရက် ကြာ သော် ပ ရော ဟိတ် မင်း အာ န နိ သည် လူ ကြီး အ ချို့ နှင့် တ ကွ တေ ရ တု လု ဆို သူ ရှေ့ နေ ပါ ရောက်၍ ဘု ရင် ခံ မင်း ထံ ပေါ လု ကို စွဲ ဆို ကြ ၏။
  • 2 ပေါ လု ကို ခေါ် ပြီး သော် တေ ရ တု လု စွဲ ဆို လျှောက် လဲ သည် မှာ၊အို ဖေ လဇ် မင်း မြတ်၊ ကျွန် တော် တို့ သည် ဘုန်း တော် ကြောင့် ငြိမ်း ချမ်း သာ ယာ စွာ နေ ထိုင် ခွင့် ရ သည့် ပြင် ဤ လူ မျိုး တို့၌ လည်း ဉာဏ် တော် ဖြင့် ပြည် မှု ပြည် ရေး စီ မံ တော် မူ သည့် အ လျောက် အ ရပ် ရပ် တွင် အ နည်း နည်း အ ပုံ ပုံ ကျေး ဇူး တော် ကို သိ လျက် ဝန် ခံ ကြ ပါ သည်။
  • 3
  • 4 ညီး ငွေ့ တော် မူ မည် စိုး၍ အ ချုပ် အား ဖြင့် သာ လျှောက် လဲ ကြ ပါ ရ စေ။ ကျေး ဇူး ပြု လျက် နာ ခံ တော် မူ ပါ မည့် အ ကြောင်း အ သ နား ခံ ပါ သည်။
  • 5 ဤ သူ သည် ဆိုး သွမ်း သူ၊ မြေ တစ် ပြင် လုံး ရှိ ယု ဒ လူ မျိုး တို့ ဘောင် တွင် သောင်း ကျန်း ထ ကြွ စေ သူ၊ နာ ဇ ရက် ဂိုဏ်း သား တို့ ဦး ဆောင် သူ ဖြစ် သည် ကို ကျွန် တော် တို့ တွေ့ မြင် ပါ သည်။
  • 6 ဗိ မာန် တော် ကို မ သန့် အောင် ပြု ရာ ကျွန် တော် တို့ ကိုင် ဖမ်း ကြ ပါ သည်။
  • 7
  • 8 ကိုယ် တော် တိုင် စစ် မေး တော် မူ လျှင် ကျွန် တော် တို့ စွဲ ချက် များ မှန် မ မှန် သိ မြင် တော် မူ ပါ လိမ့် မည် ဟု လျှောက် လဲ ပြီး လျှင်၊
  • 9 ထို သို့ မှန် ကြောင်း ယု ဒ လူ မျိုး တို့ ထောက် ခံ၍ လျှောက် လဲ ကြ၏။
  • 10 ထို အ ခါ ထု ချေ ရန် ဘု ရင် ခံ မင်း မျက် ရိပ် ပြ သ ဖြင့် ပေါ လု က ကိုယ် တော် သည် ဤ လူ မျိုး အ ပေါ် တွင် နှစ် ရှည် လ များ တ ရား မင်း အ ဖြစ် နေ တော် မူ သည် ကို ကျွန် တော် သိ သည့် အ လျောက် စိတ် ချ လျက် ထု ချေ လျှောက် ထား ပါ မည်။
  • 11 ကျွန် တော် သည် ယေ ရု ရှ လင် မြို့ သို့ ဘု ရား ဖူး သွား သည် မှာ ဆယ့် နှစ် ရက် ထက် မ ကြာ သေး ကြောင်း ကိုယ် တော် သိ နိုင် ပါ သည်။
  • 12 ဗိ မာန် တော် မှ စ၍ ဓ မ္မာ ရုံ များ တွင် လည်း ကောင်း၊ မြို့ ထဲ တွင် လည်း ကောင်း၊ တစ် ဦး တစ် ယောက် နှင့် ငြင်း ခုန် ခြင်း၊ လူ စု လူ ဝေး ထ ကြွ စေ ခြင်း မ ပြု ပါ။ တွေ့ လည်း မ တွေ့ ကြ ပါ။
  • 13 ယ ခု စွဲ ဆို ချက် များ မှန် ကြောင်း ကို ပင် ကိုယ် တော့် ရှေ့ မ ပြ နိုင် ကြ ပါ။
  • 14 သို့ ရာ တွင် ကျွန် တော် သည် ပ ည တ္တိ ကျမ်း၊ ပ ရော ဖက် ကျမ်း များ၌ ရေး ထား သ မျှ ကို ယုံ ကြည် လျက် ဤ သူ တို့ စောင့် မြော် ကြ သည့် အ တိုင်း တ ရား သူ၊ မ တ ရား သူ တို့ ရှင် ပြန် ထ မြောက် ခြင်း ရှိ လိမ့် မည် ဟူ၍ ဘု ရား သ ခင် ကို အား ကိုး စောင့် မျှော် လျက် ပင် ဂိုဏ်း ခွဲ ဟု သူ တို့ ခေါ် ကြ သော မဂ် လမ်း တော် အ လိုက် မိ ရိုး ဖ လာ ဘု ရား သ ခင် အား ဝတ် ပြု ကြောင်း ဝန် ခံ ပါ သည်။
  • 15
  • 16 သို့ ဖြစ်၍ ဘု ရား ရှေ့ လူ့ ရှေ့ တွင် အ ခါ ခပ် သိမ်း အ ပြစ် ကင်း လွတ် သော သြ တ္တ ပ္ပ စိတ် ရှိ စေ ခြင်း ငှာ ကြိုး စား အား ထုတ် ပါ သည်။
  • 17 နှစ် ပေါင်း များ စွာ ကွေ ကွင်း ပြီး နောက် လူ မျိုး သား ချင်း တို့ ထံ ထောက် ပံ့ ပေး ကမ်း ခြင်း နှင့် ဆက် ကပ် ခြင်း ပြု ရန် ရောက် လာ ရာ၊
  • 18 သန့် ခြား ပြီး ဖြစ်၍ ဗိ မာန် တော့် အ တွင်း လူ ထု ဆူ ညံ ခြင်း ကင်း လျက် ထို သို့ ဆက် ကပ် နေ သော ကျွန် တော့် ကို တွေ့ မြင် ခဲ့ ကြ ပါ ပြီ။
  • 19 အာ ရှိ ပြည် က ယု ဒ လူ အ ချို့ အ မှု ရှာ သည့် အ လျောက် ကျွန် တော့် အ ပေါ် တွင် အ ပြစ် တင် ရန် ရှိ လျှင် ဘု ရင် ခံ မင်း ရှေ့ လာ ရောက် စွဲ ဆို သင့် ပါ၏။
  • 20 မ ရောက် မ စွဲ က သူ သေ တို့ ရှင် ပြန် ထ မြောက် ခြင်း အ ကြောင်း နှင့် စပ်၍ သင် တို့ ရှေ့ ယ နေ့ ကျွန်ုပ် စီ ရင် ခံ ပါ သည် ဟု အ လယ် တွင် ရပ် တန့် လျက် အော် ဟစ် ခြင်း တစ် ခွန်း မှ တစ် ပါး လွှတ် တော် မင်း တို့ ရှေ့ ရှိ နေ သည့် အ ခါ မည် သည့် ပြစ် မှု တွေ့ ကြောင်း ကို ဤ သူ တို့ ကိုယ် တိုင် လျှောက် ထား ကြ ပါ စေ ဟု ထု ချေ လေ၏။
  • 21
  • 22 သို့ ရာ တွင် ဖေ လဇ် မင်း သည် မဂ် လမ်း တော့် အ ကြောင်း အ တော် အ တန် နား လည် သ ဖြင့် ဗိုလ် ချုပ် လု သိ ရောက် လာ မှ သင် တို့ အ မှု ကို ငါ စစ် ဦး မည် ဟု ဆို လျက် ရွေ့ ဆိုင်း ပြီး လျှင်၊
  • 23 ပေါ လု အား အ ဆွေ ခင် ပွန်း တို့ လုပ် ကျွေး မှု ကို မ မြစ် တား ဘဲ အ ကျယ် ချုပ် ထား စေ ဟု တပ် မှူး အား အ မိန့် ရှိ၏။
  • 24 နေ့ ရက် အ တန် ကြာ သော် ဖေ လဇ် မင်း သည် ယု ဒ အ မျိုး မင်း က တော် ဒ ရု သိ လ နှင့် ပြန် လာ၍ ပေါ လု ကို ခေါ် ပြီး လျှင် ခ ရစ် တော် ယေ ရှု အား ယုံ ကြည် ခြင်း တ ရား အ ကြောင်း ကြား နာ သည့် အ ခိုက်၊
  • 25 ဖြောင့် မတ် ခြင်း၊ ကိုယ် ကို ချုပ် တည်း ခြင်း၊ သင့် ရောက် လ တ္တံ့ သော တ ရား စီ ရင် တော် မူ ခြင်း များ အ ကြောင်း ပေါ လု ဆွေး နွေး ဟော ပြော သော် ဖေ လဇ် မင်း ထိတ် လန့်၍ ယ ခု သွား ပါ တော့၊ အ ခါ အ ခွင့် ရ လျှင် ခေါ် ဦး မည် ဟု ပြန် ဆို ပြီး နောက်၊
  • 26 ပေါ လု တံ စိုး ပေး မည် အောက် မေ့ သ ဖြင့် အ ကြိမ် ကြိမ် ခေါ်၍ ဆွေး နွေး ပြော ဆို၏။
  • 27 သို့ ရာ တွင် နှစ် နှစ် စေ့ သော် ကိုယ့် ရာ ထူး ကို ပေါ ကိ ဖေ တ္ထု ဆက် ခံ ရာ ဖေ လဇ် မင်း သည် ယု ဒ လူ မျိုး တို့ ထံ မျက် နှာ ရ လို၍ ပေါ လု ကို အ ကျဉ်း ထား ခဲ့၏။
回到本卷目录 回到本版本目录 回到首页