လုကာ-19

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ကိုယ် တော် သည် ယေ ရိ ခေါ မြို့ သို့ ဝင်၍ ဖြတ် ကြွ တော် မူ ရာ၊
  • 2 ဇ က္ခဲ ခေါ် ကြွယ် ဝ သူ အ ခွန် ဝန် ကြီး သည် ယေ ရှု ကို မည် သို့ သော သူ ဖြစ် ကြောင်း ကြည့် လို၍ လူ ပု ဖြစ် သော ကြောင့် ပ ရိ သတ် ထူ ထပ် သ ဖြင့် မ မြင် နိုင် သော် ရှေ့ သို့ ပြေး နှင့် ပြီး လျှင်၊
  • 3
  • 4 မြင် ရ အံ့ သော ငှာ ကြွ တော် မူ မည့် လမ်း အ နီး ရှိ ပိုး စာ ပင် ကို တက် လေ ၏။
  • 5 ထို အ ရပ် သို့ ရောက် တော် မူ သော် ယေ ရှု မော် ကြည့်၍ အို ဇ က္ခဲ၊ အ မြန် ဆင်း ခဲ့ လော့။ သင့် အိမ် တွင် ယ နေ့ ငါ တည်း နေ ရ မည် ဟု မိန့် တော် မူ သည့် အ တိုင်း၊
  • 6 အ လျင် အ မြန် ဆင်း လာ၍ ဝမ်း မြောက် စွာ ဧည့် ခံ ၏။
  • 7 ရှိ သ မျှ တို့ မြင် ကြ သော် အ ပြစ် သား တစ် ဦး ထံ တည်း ခို ရန် ဝင် ရောက် တော် မူ လေ စွ တ ကား ဟု ညည်း ညူ ကြ သော်၊
  • 8 ဇ က္ခဲ သည် ထ ရပ် လျက် ကြည့် တော် မူ ပါ အ ရှင် ဘု ရား၊ ကျွန် တော် သည် ကိုယ့် ပ စ္စည်း တစ် ဝက် ကို သူ ဆင်း ရဲ တို့ အား ပေး ကမ်း ပါ မည်။ မည် သူ့ ထံ မ ဆို လျှပ် ဖြတ် မိ လျှင် လေး ဆ ပြန် ပေး ပါ မည် ဟု အ ရှင် ဘု ရား အား လျှောက် သော်၊
  • 9 ယေ ရှု က ဤ သူ လည်း အာ ဗြ ဟံ၏ သား မှန် သည့် အ တိုင်း ကယ် တင် တော် မူ ခြင်း သည် ဤ အိမ် သို့ ယ နေ့ ရောက် လေ ပြီ။
  • 10 လူ့ သား သည် ပျောက် သော သူ တို့ ကို လိုက် ရှာ၍ ကယ် တင် ရန် ရောက် လာ ပြီ ဟု မိန့် တော် မူ၏။
  • 11 ယေ ရု ရှ လင် မြို့ အ နီး သို့ ရောက် တော် မူ သ ဖြင့် ဘု ရား သ ခင့် နိုင် ငံ တော် ရုတ် ခြင်း ထင် ရှား တော့ မည် ဟု ထင် မှတ် ကြ သော ကြောင့် အ ထက် စ ကား ကြား နာ သူ တို့ အား ဥ ပ မာ ဆောင်၍ ဆက် လက် မိန့် တော် မူ သည် မှာ၊
  • 12 မင်း သား တစ် ပါး သည် မင်း ရိုက် ရာ ကို ဆက် ခံ၍ ပြန် လာ မည့် အ ကြံ နှင့် ဝေး သော ပြည် သို့ သွား မည် ပြု ရာ၊
  • 13 အိမ် တော် ပါ ဆယ် ယောက် ကို ခေါ်၍ ရွှေ ဒင်္ဂါး ဆယ် ပြား အပ် ပြီး လျှင် ငါ မ ပြန် မီ ကုန် သွယ် ကြ ဟု မှာ ခဲ့၏။
  • 14 သွား ပြီး နောက် မုန်း ထား သော ကိုယ့် ပြည် သား တို့ က ဤ သူ့ ကို ကျွန် တော် တို့ အ ပေါ် တွင် မင်း မ ပြု စေ လို ပါ ဟု လူ စေ လွှတ် လျှောက် ထား ကြ သော် လည်း၊
  • 15 ထို မင်း သား သည် အ ရိုက် အ ရာ ရ၍ ပြန် လာ သော် ကုန် သွယ် မှု အ ကြောင်း သိ ခြင်း ငှာ ရွှေ အပ် ခဲ့ သော အိမ် တော် ပါ တို့ ကို ခေါ် စေ၏။
  • 16 ပ ဌ မ လူ သည် ရောက် လာ၍ အ ရှင်၊ ကိုယ် တော်၏ ရွှေ ဒင်္ဂါး ဖြင့် အ မြတ် ဆယ် ပြား ရ ပါ သည် ဟု လျှောက် သော်၊
  • 17 အ ရှင် က တော် လှ ပြီ၊ ငါ့ ကျွန် ကောင်း၊ နည်း ပါး ရာ၌ သင် သ စ္စာ ရှိ သည် ဖြစ်၍ ဆယ် မြို့ ပေါ် တွင် အုပ် စိုး တော့ ဟု အ မိန့် ရှိ၏။
  • 18 ဒု တိ ယ လူ လည်း လာ၍ အ ရှင်၊ ကိုယ် တော်၏ ရွှေ ဒင်္ဂါး ဖြင့် အ မြတ် ငါး ပြား ရ ပါ သည် ဟု လျှောက် သော်
  • 19 အ ရှင် က ငါး မြို့ ပေါ် တွင် သင် အုပ် စိုး တော့ ဟု အ မိန့် ရှိ၏။
  • 20 ကျန် လူ တစ် ယောက် လာ၍ အ ရှင်၊ ကိုယ် တော်၏ ရွှေ ဒင်္ဂါး ကို ကြည့် တော် မူ ပါ။ ကိုယ် တော် သည် ခဲ ယဉ်း သော အ ရှင် ဖြစ်၍ ကိုယ် မ ထား ဘဲ လျက် သိမ်း ယူ၊ ကိုယ် မ စိုက် ဘဲ လျက် ရိတ် ဖြတ် တတ် သော ကြောင့် ကျွန် တော် ကြောက် ရွံ့၍ ပ ဝါ နှင့် ထုတ် ထား ခဲ့ ပါ သည် ဟု လျှောက် သော်၊
  • 21
  • 22 အ ရှင် က အ ချင်း ကျွန် ဆိုး၊ သင့် နှုတ် ထွက် အ တိုင်း သင့် ကို ငါ စီ ရင် မည်။ ငါ သည် ခဲ ယဉ်း သော သူ ဖြစ်၍ ကိုယ် မ ထား ဘဲ လျက် သိမ်း ယူ၊ ကိုယ် မ စိုက် ဘဲ လျက် ရိတ် ဖြတ် တတ် သည် ကို သင် သိ လျှင်၊
  • 23 ငါ့ ရွှေ ကို ရွှေ ပွဲ စား တို့ ထံ အ ဘယ် ကြောင့် မ အပ် သ နည်း။ အပ် လျှင် အ တိုး နှင့် တ ကွ ငါ ပြန် လာ၍ တောင်း ယူ ရ လေ ပြီ ဟု မိန့် ဆို ပြီး နောက်၊
  • 24 အ ပါး တော် ထမ်း တို့ အား ထို ရွှေ ဒင်္ဂါး ကို နုတ် ယူ၍ ဆယ် ပြား ရှိ သူ့ အား လွှဲ အပ် ကြ လော့ ဟု အ မိန့် ရှိ ၏။
  • 25 ထို အ ခါ အ ရှင်၊ ဆယ် ပြား ရှိ ပါ ပြီ တ ကား ဟု ပြန် လျှောက် ကြ ရာ၊
  • 26 အ ရှင် က ရ ရှိ သူ တိုင်း အား ထပ် မံ ပေး လိမ့် မည်။ မ ရ မ ရှိ သူ မှာ မူ ကား ရ ရှိ သ မျှ ကို ပင် နုတ် ယူ လိမ့် မည် ငါ ဆို ၏။
  • 27 ၎င်း ပြင် ငါ့ ကို မင်း မ ပြု စေ လို သော ထို ရန် သူ တော် ကို ဆွဲ ငင် ပြီး လျှင် ရှေ့ တော် တွင် ကွပ် မျက် ကြ လော့ ဟူ၍ ထုတ် ဆင့် သည် ဟု မိန့် တော် မူ၏။
  • 28 ထို သို့ မိန့် တော် မူ ပြီး နောက် ယေ ရု ရှ လင် မြို့ သို့ ဦး တည်၍ ကြွ သွား စဉ်၊
  • 29 သံ လွင် ခေါ် တောင် ခြေ ရင်း ရှိ ဗက် ဖာ ဂေ ရွာ၊ ဗေ သ နိ ရွာ များ အ နီး သို့ ရောက် တော် မူ သော် တ ပည့် တော် နှစ် ပါး ကို စေ လွှတ် လျက်၊
  • 30 ရှေ့ ရွာ သို့ သွား၍ ဝင် လျှင် မည် သူ မျှ မ စီး ဘူး သော မြည်း ငယ် တစ် ကောင် ချည် ထား သည် ကို တွေ့ လိမ့် မည်။ ဖြည် ၍ ဆွဲ ခဲ့ ကြ။
  • 31 အ ဘယ် ကြောင့် ဖြည် သ နည်း ဟု မေး သူ ရှိ လျှင် အ ရှင် ဘု ရား အ လို တော် ရှိ ကြောင်း ဆို ကြ ဟု မှာ တော် မူ လိုက် ၏။
  • 32 စေ သူ တို့ သွား ရာ မိန့် တော် မူ လိုက် သည့် အ တိုင်း တွေ့၍ မြည်း ငယ် ကို ဖြည် ကြ စဉ်၊
  • 33 မြည်း ရှင် တို့ က အ ဘယ့် ကြောင့် ဖြည် သ နည်း ဟု မေး ကြ သော်၊
  • 34 အ ရှင် ဘု ရား အ လို တော် ရှိ ကြောင်း ပြန် ပြော ကြ၏။
  • 35 ထို မြည်း ငယ် ကို ယေ ရှု ထံ ဆွဲ ခဲ့၍ ကျော ပေါ် မှာ ခြုံ ထည် များ ကို တင် လျက် စီး တော် မူ စေ ကြ ပြီး နောက် စီး ကြွ တော် မူ စဉ် လည်း၊
  • 36 ခြုံ ထည် များ ကို လမ်း တစ် လျှောက် ခင်း ကြ ၏။
  • 37 မြို့ အ နီး သံ လွင် တောင် လမ်း ဆင်း သို့ ရောက် တော် မူ သော် တ ပည့် တော် အ စု အ ရုံး တို့ သည် ဝမ်း မြောက် လျက် မြင် ခဲ့ ရ သော အ မှု တော် ကြီး ခပ် သိမ်း အ တွက် ဘု ရား သ ခင် ကို အ သံ ကျယ် စွာ ချီး မွမ်း ထော မ နာ ပြု၍၊
  • 38 ထာ ဝ ရ ဘု ရား နာ မ တော် နှင့် ကြွ လာ တော် မူ သော အ ရှင်၌ မင်္ဂ လာ ရှိ ပါ စေ သော။ ကောင်း ကင် ဘုံ တွင် ငြိမ် သက် ခြင်း၊ ဘ ဝဂ် ပေါ် တွင် ဘုန်း ကြီး ခြင်း တည် စေ သ တည်း ဟု ကြွေး ကြော် ကြ ကုန် ၏။
  • 39 လူ ပ ရိ သတ် ရှိ ဖာ ရိ ရှဲ အ ချို့ က ဆ ရာ၊ တ ပည့် တို့ ကို ဆုံး မ ပါ ဟု ဆို ကြ သော်၊
  • 40 ဤ သူ တို့ သည် ဆိတ် ဆိတ် နေ ကြ လျှင် ကျောက် များ ပင် ကြွေး ကြော် လိမ့် မည် ငါ ဆို သည် ဟု ပြန်၍ မိန့် တော် မူ ၏။
  • 41 ကိုယ် တော် သည် မြို့ အ နီး သို့ ရောက်၍ ရှု မြင် တော် မူ သည့် ကာ လ၊
  • 42 အ ချင်း မြို့ တော်၊ ရန် ငြိမ်း ရာ ငြိမ်း ကြောင်း များ ကို ယ နေ့ ပင် သိ စေ လို လှ လေ ပြီ။
  • 43 ယ ခု မှာ မူ သင့် မျက် ကွယ် ထား လေ စွ။ သင့် ထံ ကြွ လာ တော် မူ ရာ ကာ လ ကို သင် မ သိ သည့် အ တွက် ရန် သူ တို့ သည် က တုတ် လှန် ခြင်း၊ ဝန်း ဝိုင်း ခြင်း၊ အ ဘက် ဘက် က ပိတ် ဆို့ ခြင်း များ ကို ပြု လျက် ကျောက် တစ် ချပ် ပေါ် မှာ တစ် ချပ် ကို ပင် မ နေ စေ ဘဲ မြို့ သူ မြို့ သား တို့ ပါ သင့် ကို ဖြို ချ ကြ မည့် နေ့ ရက် ကာ လ ရောက် တော့ မည် ဟု ငို ကြွေး လျက် မြွက် ဆို တော် မူ၏။
  • 44
  • 45 ထို နောက် ကိုယ် တော် သည် ဗိ မာန် တော် အ တွင်း ဝင် ပြီး လျှင် ရောင်း ဝယ် ရှိ နေ သူ တို့ ကို နှင် ထုတ် ၍၊
  • 46 ငါ့ ဗိ မာန် သည် ဆု တောင်း ပ ဌ နာ ပြု ရာ ဗိ မာန် ဖြစ် ရ မည် ကျမ်း ချက် ရှိ သော် လည်း၊ သင် တို့ သည် ဓား ပြ အောင်း ရာ အ ရပ် ဖြစ် စေ ကြ ပြီ တ ကား ဟူ၍ မိန့် တော် မူ၏။
  • 47 နေ့ စဉ် ဗိ မာန် တော် တွင် ဒေ သ နာ ပေး လျက် ရှိ နေ တော် မူ ရာ ပ ရော ဟိတ် ကြီး များ၊ ကျမ်း တတ် ဆ ရာ များ၊ လူ မျိုး တော် အ ကြီး အ မှူး များ တို့ သည် ကိုယ် တော် ကို ဖျက် ဆီး ရန် ရှာ ကြံ ကြ သော် လည်း၊
  • 48 ဒေ သ နာ တော် ကို လူ ပ ရိ သတ် စွဲ လမ်း လျက် နေ သော ကြောင့် မည် သို့ ပြု နိုင် ကြောင်း မ တွေ့ မ ရ ကြ ချေ။
回到本卷目录 回到本版本目录 回到首页