ယေ​ရ​မိ-20

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ဗိ မာန် တော် မှူး မင်း ဖြစ် သော၊ ပ ရော ဟိတ် ဣ မေ ရ သား ပါ ရှု ရ သည်၊ ယေ ရ မိ ဟော ပြော ချက် များ ကို ကြား လျှင်၊
  • 2 ထို ပ ရော ဖက် ယေ ရ မိ ကို ကြိမ် ဒဏ် ပေး ၍၊ ဗိ မာန် တော် ရှိ ဗင်္ယာ မိန် အ ထက် တံ ခါး အ နီး၊ ထိတ် ခတ် ၍ ထား ၏။
  • 3 နောက် နေ့ ၌ ပါ ရှု ရ သည်၊ ထိတ် ကို ချွတ် ၍ လွှတ် သည့် ကာ လ၊ ယေ ရ မိ က၊ သင့် အ မည် ကို ပါ ရှု ရ မ ဟုတ်၊ မာ ဂေါ မိဿ ဘိတ် ဟု ထာ ဝ ရ ဘု ရား သ မုတ် တော် မူ ၏။
  • 4 အ သို့ ကြောင့် ဆို သော်၊ ထာ ဝ ရ ဘု ရား က၊ ကိုယ် တိုင် မှ စ၍ အ ပေါင်း အ ဖော် အ လုံး စုံ တို့ အ ဖို့ ကြောက် လန့် ဖွယ် အ ဖြစ်၊ သင့် ကို ငါ ထား သည့် အ လျောက်၊ ထို သူ တို့ သည်၊ သင့် ရှေ့ မှောက် တွင် ပင် ရန် သူ တို့ ဓား ဖြင့် ကျ ဆုံး ကြ လိမ့် မည်။ ယု ဒ တစ် မျိုး လုံး ကို ငါ အပ် နှင်း သည့် အ တိုင်း၊ ဗာ ဗု လုန် ဘု ရင် သည်၊ ကိုယ့် မြို့ သို့ သုံ့ ပန်း သိမ်း သွား၍၊ ဓား ဖြင့် ကွပ် မျက် လိမ့် မည်။
  • 5 ၎င်း ပြင်၊ ဤ မြို့ ရှိ ဘ ဏ္ဍာ အ မြတ် အ စွန်း ရ တ နာ မှ စ ၍၊ ယု ဒ ဘု ရင် အ ဆက် ဆက် တို့ စည်း စိမ် ဘ ဏ္ဍာ ဟူ သ မျှ ကို ငါ လွှဲ အပ် သ ဖြင့်၊ ရန် သူ တို့ သည်၊ ဗာ ဗု လုန် မြို့ သို့ လက် ရ သိမ်း ရုံး ယူ သွား ကြ လိမ့် မည်။
  • 6 အို ပါ ရှု ရ၊ သင် သည် အိမ် သူ အိမ် သား တို့ နှင့် တ ကွ၊ မု သာ ဟော ပြော ရာ နာ လို သူ အ ပေါင်း အ ဖော် တို့ ပါ၊ သုံ့ ပန်း ပါ သွား သ ဖြင့်၊ ဗာ ဗု လုန် မြို့ ရောက် လျှင်၊ ထို မြို့ တွင် သေ လွန်၍ သင်္ဂြိုဟ် ခံ ရ ကြ လိမ့် မည် ဟု၊ မိန့် တော် မူ ကြောင်း ဟော လေ ၏။
  • 7 အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သွေး ဆောင် တော် မူ သည့် အ လျောက်၊ အ ကျွန်ုပ် လိုက် ပါ ပြီ။ အ ကျွန်ုပ် ထက် အား ကြီး ၍ နိုင် တော် မူ ပါ ပြီ။ အ ကျွန်ုပ် သည် နေ့ ရှိ သ မျှ ပြောင် လှောင် ရာ ရောက်၍၊ လူ အ ပေါင်း တို့ ကဲ့ ရဲ့ တတ် ကြ လေ စွ။
  • 8 နှုတ် မြွက် တိုင်း၊ ကြမ်း ကြုတ် မှု၊ အ ဓ မ္မ မှု ဟု၊ အ ကျွန်ုပ် အော် ဟစ် ကြော် ငြာ ရ သ ဖြင့်၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် သည် အ ကျွန်ုပ် ၌ အ ရှက် ခွဲ ရာ၊ သ ရော် ရာ အ ကြောင်း၊ နေ့ စဉ် ဖြစ် ပါ ၏။
  • 9 ဗျာ ဒိတ် တော် ကို သ တိ ရ ၍၊ နာ မ တော် နှင့် ဟော ပြော တော့ မည် မ ဟုတ် ဟု၊ အ ကျွန်ုပ် အောက် မေ့ မိ လျှင်၊ မ ချိ မ ဆံ့၊ ချုပ် တည်း မ ရ သည့် တိုင် အောင်၊ အ ရိုး တွင်း ၌ လှောင် ထား သော မီး သ ဖွယ်၊ စိတ် ပူ လောင် လျက် နေ ရ ပါ၏။
  • 10 အ ဘက် ဘက် က ကြောက် လန့် ဖွယ် ဖြစ် သော၊ အ များ တို့ ရှုတ် ချ ပြော ဆို ချက် ကို၊ အ ကျွန်ုပ် ကြား ရ ၏။ အကျွန်ုပ် ထော့ နဲ့ မည် ကို မြော် လင့် သော မိတ် ဆွေ ရင်း ဖြစ် ဖူး သူ အ ပေါင်း တို့ က၊ သူ့ အ ပြစ် ကို တင် လျှောက် ကြ လော့။ ငါ့ တို့ လည်း တင် လျှောက် ဦး မည်။ အ ကယ်၍ သွေး ဆောင် ရာ လိုက် ပါ ခဲ့ လျှင်၊ ငါ တို့ နိုင် သ ဖြင့်၊ လက် စား ချေ ရ လိမ့် မည် ဟု ဆို တတ် ကြ ၏။
  • 11 သို့ ရာ တွင်၊ ထာ ဝ ရ ဘု ရား သည်၊ စွမ်း ရည် ကောင်း သော သူ ရဲ ကဲ့ သို့၊ အ ကျွန်ုပ် နှင့် အ တူ ရှိ တော် မူ သော ကြောင့်၊ အ ကျွန်ုပ် ကို ညှဉ်း ပန်း သူ တို့ သည်၊ တိုက် လဲ ၍ ရှုံး ကြ လိမ့် မည်။ အ ကြံ မ မြောက် သည့် အ တွက်၊ အ ရှက် ကြီး ကွဲ ၍၊ ကာ လ အ စဉ် မ မေ့ မ လျော့ သော ရှုတ် ချ ခြင်း ကို ခံ ရ ကြ လိမ့် မည်။
  • 12 နှ လုံး ကျောက် ကပ် ကို မျက် မှောက် ပြု ၍၊ ဖြောင့် မတ် သူ့ ကို စစ် ဆေး တော် မူ သော၊ ဗိုလ် ခြေ တို့ အ ရှင် အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အ မှု ကို ရှေ့ တော် တွင် တင် ပြ ပြီး ဖြစ် သည့် အ လျောက်၊ ထို သူ တို့ အ ပေါ် ၌ လက် စား ချေ တော် မူ ခြင်း ကို သိ မြင် ပါ ရ စေ။
  • 13 အ ဆိုး ပြု သူ တို့ လက် တွင်း မှ နွမ်း ပါး သူ ၏ အ သက် ကို ကယ် လွှတ် တော် မူ သော ထာ ဝ ရ ဘု ရား အား၊ ထော မ နာ ပြု ၍ သီ ချင်း ဆို ကြ လော့။
  • 14 ငါ ဖွား သော နေ့ သည်၊ အ မင်္ဂ လာ ရှိ ပါ စေ။ ငါ့ ကို မိ ခင် ဖွား သော ရက် သည်၊ မင်္ဂ လာ မ ရှိ စေ လင့်။
  • 15 သား ယောက်ျား ရ သော သ တင်း ကို၊ ငါ့ အ ဘ အား ကြား ပြော၍၊ အား ရ ရွှင် လန်း စေ သော သူ သည်၊ အ မင်္ဂ လာ ရှိ ပါ လေ စေ။
  • 16 ကိုယ် ဝန် အ ရင့် အ မာ အ မြဲ ရှိ ရာ၊ ငါ့ သင်္ချိုင်း ဖြစ် စေ ခြင်း ငှာ၊ မိ ခင် ဝမ်း တွင်း က ပင် ငါ့ ကို မ သတ် သည့် အ တွက်၊ ထို သူ သည်၊ ထာ ဝ ရ ဘု ရား စိတ် တော် မ ပြောင်း ဘဲ၊ ဖြို လှဲ တော် မူ ခဲ့ သော မြို့ များ နည်း တူ ဖြစ် လျက်၊ နံ နက် ယံ အ ချိန် ၌ အော် ဟစ် သံ ကို လည်း ကောင်း၊ မွန်း တည့် အ ချိန် ၌ စစ် ရေး သံ ကို လည်း ကောင်း၊ ကြား ရ ပါ စေ သော။
  • 17
  • 18 ပင် ပန်း ခြင်း၊ ပူ ဆွေး ခြင်း ကို သာ တွေ့ မြင်၍၊ ရှက် လျက် အ သက် တာ ကုန် ဆုံး အံ့ သော ငှာ၊ ဝမ်း မှ ငါ ဖွား ရ သည် မှာ၊ အ သို့ နည်း။
回到本卷目录 回到本版本目录 回到首页