1 အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် ပြည် တော် ကို နှစ် သက်၍၊ သိမ်း သွား ခံ ရ သော ယာ ကုပ် အ မျိုး ကို ပြန် ရောက် စေ တော် မူ ပါ ပြီ။
2 လူ မျိုး တော် ၏ မ တ ရား မှု ကို ဖြေ လွှတ်၍၊ အ ပြစ် ရှိ သ မျှ ကို ဖုံး အုပ် တော် မူ ပါ ပြီ။
3 ဒေါ သ မီး ကို အ ကုန် အ စင် ရုပ် သိမ်း ၍၊ အ မျက် တော် အ ရှိန် ကို လွှဲ တော် မူ ပါ ပြီ။
4 အ ကျွန်ုပ် တို့ ကို ကယ် တင် ပိုင် ရှင် ဘု ရား သ ခင်၊ ပြန် ကြွ၍၊ အ မျက် တော် ကို ငြိမ်း စေ တော် မူ ပါ။
5 အ စဉ် အ မြဲ အ မျက် တော် ထား လျက်၊ အ စဉ် အ ဆက် စိတ် တော် မ ပြေ ဘဲ၊ နေ တော် မူ မည် လော။
6 ကိုယ် တော်၌ လူ မျိုး တော် ရွှင် လန်း ရ စေ ရန်၊ ရှင် ပြန် စေ တော် မူ မည် မ ဟုတ် ပါ လော။
7 အို ထာ ဝ ရ ဘု ရား၊ က ရု ဏာ တော် ကို ပြ၍၊ ကယ် တင် တော် မူ ခြင်း ကျေး ဇူး ကို သ နား တော် မူ ပါ။
8 ထာ ဝ ရ အ ရှင် ဘု ရား သ ခင် မိန့် တော် မူ ကြောင်း ကြား ပါ ရ စေ။ မိုက် မဲ ရာ သို့ နောင် မ ပြန် ကြ လျှင်၊ ကြည် ညို သော လူ မျိုး တော် အား၊ ငြိမ် သက် ခြင်း သ တင်း ကို မိန့် တော် မူ လိမ့် မည်။
9 ငါ တို့ တိုင်း ပြည် ၌ ဘုန်း တော် ကိန်း ဝပ် စေ ခြင်း ငှာ၊ ရို သေ သူ တို့ အ နီး၊ ကယ် တင် တော် မူ ခြင်း ကျေး ဇူး တည် လျက် ရှိ ၏။
10 က ရု ဏာ နှင့် သ စ္စာ တော် ဆုံ မိ၍၊ ဖြောင့် မတ် ခြင်း နှင့် ငြိမ် သက် ခြင်း နမ်း ကြ ပြီ။
11 သ စ္စာ တော် သည် မြေ ကြီး က ပေါ် ပေါက်၍၊ ဖြောင့် မတ် ခြင်း လည်း ကောင်း ကင် က ငုံ့ ကြည့် ပြီ။
12 မု ချ အား ဖြင့် ထာ ဝ ရ ဘု ရား သည်၊ ချမ်း သာ ကို သ နား တော် မူ၍၊ ငါ တို့ နယ် မြေ ပြန့် ပြော လိမ့် မည်။
13 ဖြောင့် မတ် ခြင်း သည် ရှေ့ တော် က ချီ သွား၍၊ ခြေ တော် လှမ်း ရာ လမ်း ၌ ပို့ လိမ့် သ တည်း။