1 ငါ သည်၊ ဘု ရား သ ခင့် ထံ၊ အ သံ လွှင့် လျက် အော် ဟစ် မည်။ ဘု ရား သ ခင့် ထံ၊ အ သံ လွှင့် သ ဖြင့်၊ နား ညောင်း တော် မူ လိမ့် မည်။
2 ဒု က္ခ ရောက် သည့် ကာ လ၊ အ ရှင် ဘု ရား ကို ရှာ ဖွေ လျက်၊ ညဉ့် အ ခါ၌ အား မ လျော့ ဘဲ လက် ဆန့် လျက် နေ ခိုက်၊ နှစ် သိမ့် ရာ ကို ငါ ငြင်း ဆို၏။
3 ဘု ရား သ ခင် ကို သ တိ ရ၍ မြည် တမ်း ခြင်း၊ စဉ်း စား၍ စိတ် ပျက် ခြင်း ရှိ ရ၏။
4 မျက် ခမ်း ကို မြစ် တား တော် မူ သ ဖြင့်၊ ပြော ဆို ခွင့် မ ရ သည့် တိုင် အောင်၊ ငါ လူး လှိမ့် ရာ၊
5 ရှေး ကာ လ နေ့ ရက် များ ကို လည်း ကောင်း၊ ရှေ့ မ ဆွ က နှစ် များ ကိုလည်း ကောင်း၊ ဆင် ခြင် လျက်၊
6 ကိုယ့် ညဉ့် သီ ချင်း ကို သ တိ ရ၍၊ ကိုယ့် စိတ် နှ လုံး နှင့် ဆွေး နွေး လျက်၊ ငါ့ ဝိ ညာဉ် စစ် ဆေး သည် မှာ၊
7 အ ရှင် ဘု ရား သည်၊ ကာ လ အ စဉ် စွန့် ထား၍၊ နောက် နောင် နှစ် သက် တော် မ မူ ဘဲ နေ မည် လော။
8 ကာ လ အ စဉ် က ရု ဏာ တော် ကုန် ခန်း၍၊ လူ မျိုး အ စဉ် အ ဆက် က တိ တော် ပြတ် စဲ ပြီ လော။
9 ဘု ရား သ ခင် သည်၊ ကျေး ဇူး ပြု ရန် သ တိ လစ်၍၊ အ မျက် တော် ဖြင့်၊ က ရု ဏာ တော် ကို ရုပ် သိမ်း တော် မူ ပြီ လော ဟူ၍ တည်း။
10 တစ် ဖန်၊ ငါ ဝန် ခံ သည် ကား၊ အား နည်း သ ဖြင့် ထို အ တိုင်း စဉ်း စား သော် လည်း၊ မြင့် မြတ် သော ဘု ရား၏ ညာ လက် ရုံး တော် စီ မံ သော နှစ် များ အ တွင်း၊
11 ထာ ဝ ရ ဘု ရား၏ အ မှု တော် များ ကို အောက် မေ့ ခြင်း၊ ရှေး ကာ လ ပြု ဖူး တော် မူ သော အံ့ ဖွယ် ရာ များ ကို သ တိ ရ ခြင်း၊
12 ပြု တော် မူ သ မျှ ကို ဆင် ခြင် ခြင်း၊ စီ ရင် တော် မူ သ မျှ ကို စဉ်း စား ခြင်း ပြု ပါ မည်။
13 အို ဘု ရား သ ခင်၊ နည်း လမ်း တော် သည် သန့် ရှင်း ရာ တ ရား၌ တည် ရှိ၍၊ ဘု ရား သ ခင် ကဲ့ သို့ မည် သည့် ဘု ရား ကြီး မြတ် သ နည်း။
14 ကိုယ် တော် သည်၊ အံ့ ဖွယ် ရာ များ ကို စီ ရင် လျက်၊ လူ မျိုး တို့ တွင် တန် ခိုး တော် ကို ပြ တော် မူ သော ဘု ရား ဖြစ် တော် မူ ပါ ၏။
15 လူ မျိုး တော် တည်း ဟူ သော ယာ ကုပ် နှင့် ယော သပ်၏ သား မြေး တို့ ကို၊ လက် ရုံး တော် ဖြင့် ရွေး နုတ် တော် မူ ပါ ပြီ ဟူ၍ တည်း။
16 အို ဘု ရား သ ခင်၊ ရေ များ သည် ကိုယ် တော် ကို ဖူး မြင် ကြ ပါ ပြီ။ ရေ များ သည် ကိုယ် တော် ကို ဖူး မြင်၍ ကြောက် ရွံ့ ကြ ပါ၏။ နက် ရှိုင်း ရာ များ လည်း တုန် လှုပ် ကြ ပါ၏။
17 မိုး တိမ် များ သည် ရေ ကို သွန် ချ၍၊ ကောင်း ကင် လည်း အ သံ ပြု ရာ၊ မြှား တော် များ ထွက် လာ ကြ ပါ၏။
18 လေ ဗွေ၌၊ ကိုယ် တော်၏ မိုး ကြိုး သံ လွှင့်၍၊ လျှပ် စစ် များ ပြက် သ ဖြင့်၊ လော က ကို လင်း စေ ရာ၊ မြေ ကြီး တုန် တုန် လှုပ် လှုပ် ရှိ ၏။
19 လမ်း တော် သည်၊ ပင် လယ် ၌၊ လမ်း ခ ရီး တော် လည်း၊ သ မု ဒ္ဒ ရာ၌ ရှိ သ ဖြင့်၊ ခြေ တော် ရာ များ မ ထင် ရှား ပါ။
20 မော ရှေ နှင့် အာ ရုန် တို့ လက် ဖြင့်၊ လူ မျိုး တော် ကို သိုး စု ကဲ့ သို့ လမ်း ပြ တော် မူ ပါ ၏။