1 အို ဘု ရား သ ခင်၊ ရှေး ကာ လ တွင်၊ ဘိုး ဘေး တို့ လက် ထက်၊ မည် သည့် အ မှု ကို ပြု တော် မူ ကြောင်း ကြား ပြော ကြ သည့် ပြင်၊ အ ကျွန်ုပ် တို့ သည် ကိုယ့် သော တ ဖြင့် ကြား ကြ ရ ပါ ပြီ။
2 လူ မျိုး ခြား တို့ ကို လက် တော် ဖြင့် နုတ် ပယ်၍၊ ဘိုး ဘေး တို့ ကို စိုက် ထူ တော် မူ ပါ၏။ လူ မျိုး တို့ ကို ဒု က္ခ ရောက် စေ လျက်၊ ဘိုး ဘေး တို့ ကို ပြန့် ပွား စေ တော် မူ၏။
3 ကိုယ့် ဓား ဖြင့် နေ ပြည် ကို ပိုင် ရ ခွင့်၊ ကိုယ့် လက် ရုံး ဖြင့် အောင် မြင် ခွင့် ကို ရ ကြ သည် မ ဟုတ် ပါ။ မျက် နှာ တော် ရောင် ခြည် ကျေး ဇူး ကို ခံ စား၍၊ ညာ လက် ရုံး တော် အား ဖြင့် ရ ကြ လေ ပြီ။
4 အို ဘု ရား သ ခင်၊ အ ကျွန်ုပ်၏ ဘု ရင် မင်း မြတ် ဖြစ် တော် မူ သည့် အ လျောက်၊ ယာ ကုပ် အ မျိုး၏ အောင် မြင် ခွင့် ကို စီ ရင် တော် မူ ပါ ဦး။
5 အ ကျွန်ုပ် တို့ သည်၊ ကိုယ် တော် ကြောင့် ရန် သူ တို့ ကို တွန်း လှဲ၍၊ နာ မ တော် ကြောင့် ရန် ဘက် တို့ ကို နှိပ် နင်း ရ ကြ ပါ မည်။
6 ကိုယ့် လေး ကို အား ကိုး မည် မ ဟုတ်။ ကိုယ် ဓား ဖြင့် အောင် မြင် ခွင့် မ ရ ပါ။
7 ကိုယ် တော် သာ လျှင်၊ အ ကျွန်ုပ် တို့ ကို ရန် သူ တို့ လက် မှ ကယ် လွှတ် လျက်၊ မုန်း ထား သူ တို့ ကို အ ရှက် ကွဲ စေ တော် မူ ပါ၏။
8 နေ့ ရှိ သ မျှ ဘု ရား သ ခင်၌ ဂုဏ် ရောက် ခဲ့ လျက်၊ အ စဉ် အ မြဲ နာ မ တော် ကို ချီး မွမ်း ကြ ပါ မည်။
9 ကိုယ် တော် မူ ကား၊ ဗိုလ် ခြေ များ နှင့် မ ချီ ကြွ ဘဲ၊ အ ကျွန်ုပ် တို့ ကို စွန့် ပယ်၍၊ အ သ ရေ ပျက် စေ တော် မူ ပါ ပြီ။
10 ရန် သူ တို့ ရှေ့ မှ လန် စေ တော် မူ၍၊ မုန်း ထား သူ တို့ သည် အ လို ရှိ ရာ လု ယူ ရ ကြ ပါ၏။
11 သိုး များ ကဲ့ သို့၊ အ စာ အ ဖြစ် အပ် လိုက်၍၊ လူ မျိုး ခြား တို့ ဘောင် တွင် ကွဲ လွင့် စေ တော် မူ ပါ ၏။
12 အ မြတ် မ ရ ဘဲ လူ မျိုး တော် ကို၊ အ ဖိုး မဲ့ ရောင်း ချ တော် မူ ပါ ၏။
13 တိုင်း ရင်း သား တို့ ကဲ့ ရဲ့ ရာ၊ ပတ် ဝန်း ကျင် ရှိ သူ တို့ ပြက် ရယ် ပြု၍ သ ရော် ရာ ဖြစ် စေ တော် မူ ပါ၏။
14 လူ မျိုး ခြား တို့ ပုံ ခိုင်း ရာ၊ လူ မျိုး တို့ ခေါင်း ညိတ် ရာ ဖြစ် စေ တော် မူ ပါ၏။
15 ကဲ့ ရဲ့ ပုတ် ခတ် သော ရန် သူ နှင့် ရန် တုံ့ သူ တို့ ခြိမ်း သံ ကြောင့်၊ အ ကျွန်ုပ် သည် နေ့ ရှိ သ မျှ အ သ ရေ ပျက် ခြင်း ကို ဆောင် လျက်၊ မျက် နှာ ရှက် ခြင်း ကို ခြုံ လျက် နေ ရ ပါ လေ စွ။
16
17 ထို မျှ လောက် ဒု က္ခ ရောက် သော် လည်း၊ အ ကျွန်ုပ် တို့ သည် ကိုယ် တော် ကို မ မေ့။ ပ ဋိ ညာဉ် တော် ကို မ ဖျက် ကြ ပါ။
18 ကိုယ် တော် သည်၊ ခွေး အ တို့ အောင်း ရာ တွင် ချိုး ဖဲ့ ၍၊ သေ ခြင်း အ ရိပ် နှင့် ဖုံး လွှမ်း တော် မူ ခဲ့ ပါ သော် လည်း၊ အ ကျွန်ုပ် တို့ စိတ် အား မ ဆုတ်။
19 တ ရား တော် လမ်း မှ ခြေ လှမ်း မ လွဲ ကြ ပါ။
20 ကိုယ့် ဘု ရား သ ခင်၏ နာ မ တော် ကို မေ့ လျော့၍၊ အ ခြား သော ဘု ရား ထံ လက် အုပ် ချီ သည် မှန် လျှင်၊
21 စိတ်၌ ဝှက် ထား ရာ များ ကို သိ မြင် သော ဘု ရား သ ခင် သည်၊ စီ စစ်၍ မ ထုတ် ဘဲ နေ တော် မူ မည် လော။
22 အ ကျွန်ုပ် တို့ သည် ကိုယ် တော့် အ တွက် ကြောင့်၊ နေ့ ရှိ သ မျှ ကွပ် မျက် ခံ လျက်၊ သတ် ရန် ထား သော သိုး များ ကဲ့ သို့ အ မှတ် ခံ လျက် နေ ရ ကြ ပါ ၏။
23 အို အ ရှင် ဘု ရား၊ နိုး ကြား တော် မူ ပါ။ အ ဘယ့် ကြောင့် ကျိန်း စက် တော် မူ ပါ သ နည်း။ ထ တော် မူ ပါ။ အ ကျွန်ုပ် တို့ ကို အ စဉ် စွန့် ပယ် တော် မ မူ ပါ နှင့်။
24 အ ဘယ့် ကြောင့် မျက် နှာ တော် လွှဲ လျက်၊ အ ကျွန်ုပ် တို့ ခံ ရ သော ညှဉ်း ပန်း နှိပ် စက် ခြင်း ကို မေ့ လျော့ တော် မူ ပါ သ နည်း။
25 အ ကျွန်ုပ် တို့ စိတ် ဝိ ညာဉ် သည်၊ မြေ မှုန့် တိုင် အောင် နှိမ့် ချ ခံ ရ၍၊ ဝမ်း လည်း မြေ နှင့် ကပ် လျက် ရှိ ရ ပါ၏။
26 မေ တ္တာ ကျေး ဇူး တော် ကို ထောက် မျှော်၍၊ မ စ ရွေး နုတ် ခြင်း ငှာ ကြွ တော် မူ ပါ။