1
ထို အ ခြင်း အ ရာ များ နောက်၊ ငါ့ ထံ ချဉ်း လာ သော အ ကြီး အ ကဲ အ ချို့ တို့ က၊ ပ ရာ ဟိတ်၊ လေ ဝိ ဂိုဏ်း သား၊ ဣ သ ရေ လ အ သည် သား တို့ သည်၊ ခါ န နိ၊ ဟိ တ္တိ၊ ဖေ ရ ဇိ၊ ယေ ဗု သိ၊ အ မ္မုန်၊ မော ဘ၊ အိ ဂျစ်၊ အာ မော ရိ လူ မျိုး တို့ ရွံ ရှာ ဖွယ် ဓ လေ့ များ ကို လိုက် လျက်၊ နိုင် ငံ ခြား သား တို့ နှင့် မ ခွဲ မ ခွာ ဘဲ၊
2
ချင်း တို့ သား သ မီး များ ကို ကိုယ် နှင့် လည်း ကောင်း၊ သား နှင့် လည်း ကောင်း၊ ထိမ်း မြား သ ဖြင့်၊ သီး သန့် သော အ ဆက် အ နွယ် သည်၊ နိုင် ငံ ခြား လူ မျိုး တို့ နှင့် ရော ရှက် လေ ပြီ။ အ ကြီး အ ကဲ အ ရာ ရှိ တို့ ပင်၊ ဤ လွန် ကျူး မှု ကို ရှေ့ တည် ပြု ကြ ပြီ တ ကား ဟု ကြား ပြော ကြ ၏။
3
ထို စ ကား ကို ကြား လျှင်၊ အ တွင်း ပြင် အ ဝတ် ကို ဆုတ် လျက်၊ ဆံ မုတ် ဆိတ် ကို လည်း နုတ် လျက်၊ မှိုင် တွေ လျက် ငါ ထိုင် နေ ရ ၏။
4
ထို သို့၊ ညဉ့် ဦး ပူ ဇော် ချိန် တိုင် အောင် ငါ မှိုင် တွေ လျက် ထိုင် နေ စဉ်၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ကြောင့် တုန် လှုပ် သူ အ ပေါင်း တို့ သည်၊ သိမ်း သွား ခံ ရ သူ တို့ လွန် ကျူး မှု အ တွက်၊ ငါ့ ထံ စု ဝေး ကြ ကုန် ၏။
5
ညဉ့် ဦး ပူ ဇော် ချိန် တွင်၊ အ တွင်း ပြင် ဆုတ် ပြီး ဝတ် နှင့်၊ စိတ် ပျက် ရာ မှ ငါ ထ ပြီး လျှင်၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား လက် အုပ် ချီ လျက်၊ ဒူး ထောက် လျက်၊ ပ ဌ နာ ပြု သည် မှာ၊
6
အ ကျွန်ုပ် ဘု ရား သ ခင်၊ အ ကျွန်ုပ် ဘု ရား သ ခင်၊ အ ကျွန်ုပ် ကျိုး ယုတ် ရှက် ကွဲ၍ ကိုယ် တော့် ထံ မ မော် ဝံ့ ပါ။ အ ကျွန်ုပ် တို့ ဒု စ ရိုက် မှု သည်၊ ဦး ခေါင်း ကို လွှမ်း မိုး သည့် တိုင် အောင် များ ပြား လျက်၊ အ ပြစ် လည်း၊ မိုး ကောင်း ကင် အ ထိ ကြီး လေး ပါ ၏။
7
ဘိုး ဘေး တို့ လက် ထက် မှ စ၍၊ ယ နေ့ တိုင်၊ အ ပြစ် သား များ ဖြစ် ကြ ပါ၏။ ဘု ရင် တို့ နှင့် ပ ရော ဟိတ် တို့ ပါ၊ အ ကျွန်ုပ် တို့ သည်၊ ယ ခု ကဲ့ သို့၊ နိုင် ငံ ခြား မင်း လက် သို့ အပ် နှင်း ခြင်း၊ ဓား ဘေး သင့် ခြင်း၊ သိမ်း သွား ခြင်း၊ လု ယက် ခြင်း၊ မျက် နှာ ပျက် ခြင်း များ ကို ခံ ရ ကြ ပါ ၏။
8
ယ ခု မှာ၊ အ ကျွန်ုပ် တို့ အား စ က္ခု အ လင်း ကို ပေး လျက်၊ ကျွန် ခံ ရ စဉ် အ နည်း ငယ် သာ ယာ ခွင့် ပေး တော် မူ ရန်၊ အ ကျွန်ုပ် တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ အ ကြွင်း အ ကျန် တို့ ကို ဘေး လွတ် စေ၍၊ သန့် ရှင်း ရာ ဌာ န တော်၌ ကြက် ဆူး အ ဖြစ် စိုက် ထား သော ကျေး ဇူး တော် မှာ၊ ဇင်္ဂ မ မျှ ဖြစ် ပါ သေး ၏။
9
အ ကျွန်ုပ် တို့ သည် ကျွန် ဖြစ် ကြ ပါ သော် လည်း၊ ကျွန် ခံ လျက် နေ ရ စဉ် ပင်၊ အ ကျွန်ုပ် တို့ ဘု ရား သ ခင် စွန့် တော် မ မူ ဘဲ၊ ကိုယ် တော် ၏ ဗိ မာန် တော် ကို တည် ဆောက် ခြင်း၊ ပျက် စီး ရာ ကို ထေး ဖာ ခြင်း၊ ယု ဒ ပြည် ယေ ရု ရှ လင် မြို့ ကို ပြန် တည် ခြင်း သာ ယာ ခွင့် အ မျိုး မျိုး ကို ပေး စိမ့် သော ငှာ၊ ပေ ရ သိ ဘု ရင့် ရှေ့၊ မျက် နှာ သာ ရ စေ တော် မူ ပါ ၏။
10
အို အ ကျွန်ုပ် တို့၏ ဘု ရား သ ခင်၊ ထို သို့ သော ကျေး ဇူး တော် ကို ခံ ရ ပြီး မှ၊ မည် သို့ လျှောက် ရ ပါ အံ့ နည်း။ သင် တို့ ဝင် ရောက်၍ အ ပိုင် ရ ကြ မည့် ပြည် သည်၊ တိုင်း ရင်း သား တို့ ၏ မ သန့် ရာ များ နှင့် ရွံ ရှာ ဖွယ် ဓ လေ့ များ ကြောင့်၊ ပြည် တစ် စွန်း မှ တစ် စွန်း တိုင် မ သန့် အောင်၊ ညစ် ညူး ခြင်း နှင့် ပြည့် စုံ သော ပြည် ဖြစ်၏။ သို့ ဖြစ်၍ သင် တို့ ခွန် အား ရှိ လျက်၊ ပြည် ကျိုး ကို ခံ စား ပြီး လျှင်၊ သား စဉ် မြေး ဆက် ပိုင် ရ စေ ရန်၊ သင် တို့ သား သ မီး များ ကို ချင်း တို့ သား သ မီး များ နှင့် ပေး စား ထိမ်း မြား ခြင်း မ ပြု ဘဲ၊ ချင်း တို့ စည်း စိမ် ချမ်း သာ အ ကျိုး ကို မ ရှာ ကြ ရ ဟု၊ ကျွန် တော် ရင်း ပ ရော ဖက် တို့ အား ဖြင့် မြစ် တား တော် မူ ခဲ့ သော ပ ညတ် တော် ကို၊ အ ကျွန်ုပ် တို့ စွန့် ပယ် ကြ ပါ ပြီ။
11
12
13
အ ကျွန်ုပ် တို့ ဆိုး သွမ်း မှု များ နှင့် ကြီး လေး သော အ ပြစ် များ ကြောင့်၊ ခံ ရ သော ဒု က္ခ ကို လည်း ကောင်း၊ ခံ ထိုက် သ မျှ သော အ ပြစ် ဒဏ် ကို အ ကျွန်ုပ် တို့၏ ဘု ရား သ ခင် ဆပ် ပေး တော် မ မူ ဘဲ၊ ဤ မျှ လောက် ကြွင်း ကျန် စေ သော ကျေး ဇူး တော် ကို လည်း ကောင်း၊ မ ထောက် မျှော် သော အ ကျွန်ုပ် တို့ သည်၊
14
ပ ညတ် တော် ကို တစ် ဖန် ဖောက် ကျော်၍၊ ဤ ရွံ ရှာ ဖွယ် ဓ လေ့ အ တိုင်း လိုက် တတ် သော လူ မျိုး နှင့် အိမ် ထောင် ဘက် ပြု ကြ လျှင်၊ တစ် ယောက် မျှ မ လွတ်၊ အ ကြွင်း အ ကျန် မ ရှိ၊ ဖျက် ဆီး သည့် တိုင် အောင်၊ အ ကျွန်ုပ် တို့ ကို အ မျက် ထား တော် မူ မည် မ ဟုတ် ပါ လော။
15
အို ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ ယ နေ့ တွင် ပင်၊ ဘေး လွတ် သော အ ကြွင်း အ ကျန် မျှ သာ ရှိ သေး သည် နှင့် အ ညီ၊ ကိုယ် တော် ဖြောင့် မတ် တော် မူ ပါ၏။ အ ပြစ် သင့် လျက် ပင် အ ကျွန်ုပ် တို့ သည် မျက် မှောက် တော် တွင် နေ ရ ကြ ပါ ပြီ။ ထို အ ပြစ် ကြောင့်၊ ရှေ့ တော် တွင် ရပ် တန့် နိုင် သူ တစ် စုံ တစ် ယောက် မျှ မ ရှိ ပါ ဟု တောင်း လျှောက် လေ ၏။