၂ ရာ​ချုပ်-7

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ရှော လ မုန် မင်း သည် တောင်း လျှောက် မှု ကို အ ဆုံး သတ် ပြီး နောက် ကောင်း ကင် မှ မီး ကျ၍ မီး ရှို့ ရာ သ က္ကာ နှင့် မိတ် သ က္ကာ များ ကို ကျွမ်း လောင် ရာ ဗိ မာန် တော်၌ ထာ ဝ ရ ဘု ရား၏ ဘုန်း တော် ပြည့် လျက် ရှိ သော ကြောင့် ပ ရော ဟိတ် တို့ သည် ဗိ မာန် တော် တွင်း သို့ မဝင် ဝံ့ ကြ ချေ။
  • 2
  • 3 မီး ကျ ၍ ဗိ မာန် တော် ကို ထာ ဝ ရ ဘု ရား၏ ဘုန်း တော် လွှမ်း မိုး သည့် ကာ လ ဖူး လျက် နေ သော ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ သည် ကျောက် ခင်း ပေါ် တွင် ပျပ် ဝပ် ရှိ ခိုး လျက် ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ၍ ကာ လ အ စဉ် က ရု ဏာ တော် တည် သည် ဟု ကျေး ဇူး တော် ကို ချီး မွမ်း ကြ ပြီး လျှင်
  • 4 ဘု ရင် မင်း မှ စ၍ တစ် ပ ရိ သတ် လုံး သည် ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် ဆက် ကပ် ပူ ဇော် ကြ ၏။
  • 5 နွား နှစ် သောင်း နှစ် ထောင်၊ သိုး တစ် သိန်း နှစ် သောင်း များ ကို ရှော လ မုန် မင်း ဆက် ကပ် ပူ ဇော် စေ သည့် အ လျောက် ဘု ရင် မင်း မှ စ၍ တစ် ပ ရိ သတ် လုံး သည် ဘု ရား သ ခင့် ဗိ မာန် တော် ကိ အ နု မော ဒ နာ ပြု ကြ ကုန်၏။
  • 6 ပ ရော ဟိတ် တို့ သည် ကိုယ့် တာ ဝန် ကို ဆောင် ရွက် ကြ စဉ်၊ တီး မှုတ် သီ ဆို ခြင်း အား ဖြင့်၊ ကာ လ အ စဉ် က ရု ဏာ တော် တည် သည် ဟူ၍ ဂုဏ် တော် ကို ချီး မွမ်း လေ့ ရှိ သည့် အ တိုင်း ဒါ ဝိဒ် မင်း စီ မံ ခဲ့ သော တု ရိ ယာ မျိုး ကို လေ ဝိ ဂိုဏ်း သား တို့ တီး မှုတ် လျက် ပ ရော ဟိတ် တို့ သည် တံ ပိုး မှုတ် လျက် ဣ သ ရေ လ လူ အ ပေါင်း တို့ ရပ် နေ ကြ ကုန် ၏။
  • 7 ရှော လ မုန် မင်း တည် လုပ် သော ပူ ဇော် ရာ ကား ပ လ္လင် တော် သည် မီး ရှို့ ရာ သ က္ကာ၊ ဘော ဇဉ် သ က္ကာ နှင့် ဆီ ဥ ကို မ ဆံ့ သော ကြောင့်၊ ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် ရှေ့၊ တံ တိုင်း ဗ ဟို ချက် ကို သီး သန့် ထား၍ ထို ဌာ န တွင် မီး ရှို့ ရာ သ က္ကာ နှင့် မိတ် သ ဟာ ယ သက္ကာ ဆီ ဥ ကို ပူ ဇော် ရ ၏။
  • 8 ထို ကာ လ ရှော လ မုန် မင်း သည် ဟာ မတ် မြို့ လမ်း ဝ မှ စ၍ အိ ဂျစ် ချောင်း တိုင် အောင် အ ရပ် ရပ် က လာ ရောက် ကြ သော ဣ သ ရေ လ ပ ရိ သတ် ကြီး နှင့် တ ကွ
  • 9 ပူ ဇော် ရာ ပ လ္လင် တော် အ နု မော ဒ နာ ပွဲ ခု နစ် ရက်၊ ပူ ဇော် ပွဲ ခု နစ် ရက် ကျင်း ပ ပြီး နောက် ရှစ် ရက် မြောက် သော နေ့ တွင် အ စု အ ရုံး ကြီး ကို ပြု ကြ ကုန် ၏။
  • 10 သ တ္တ မ လ နှစ် ဆယ့် သုံး ရက် တွင် ပ ရိ သတ် ကို နေ အိမ် များ သို့ လွှတ် လိုက် ရာ သူ တို့ သည် ဒါ ဝိဒ် မင်း၊ ရှော လ မုန် မင်း တို့ နှင့် ဣသ ရေ လ လူ မျိုး တော် အား ထာ ဝ ရ ဘု ရား ပြု တော် မူ သော ကျေး ဇူး တော် ကြောင့် အား ရ ဝမ်း မြောက် စွာ ပြန် သွား ကြ ကုန် ၏။
  • 11 ရှော လ မုန် မင်း သည် ဗိ မာန် တော် နန်း တော် များ ကို ကြံ ရွယ် သ မျှ ထ မြောက်၍ အ ပြီး သတ် သည့် ကာ လ
  • 12 ညဉ့် အ ခါ ထာ ဝ ရ ဘု ရား ထင် ရှား လျက် ဗျာ ဒိတ် ပေး တော် မူ သည် မှာ ငါ သည် သင့် ပ ဌ နာ ကို နာ ယူ ၍ ပူဇော် ရာ ဗိ မာန် အ ဖြစ် ဤ ဌာ န ကို ရွေး ချယ် ပြီ။
  • 13 မိုး မ ရွာ အောင် ပိတ် ဆို့ ခြင်း၊ ပြည် တော် ကို ကျိုင်း ကောင် စား ခြင်း၊ လူ မျိုး တော်၌ ရော ဂ အ န္တ ရ ကပ် သင့် ခြင်း များ ကို ငါ စီ မံ သည့် ကာ လ
  • 14 ငါ့ နာ မ ဖြင့် သ မုတ် ခံ ရ သော လူ မျိုး တော် သည် စိတ် နှိမ့် ချ စွာ ပ ဌ နာ ပြု၍ ငါ့ မျက် နှာ ကို လိုက် ရှာ လျက် ဒု စ ရိုက် လမ်း ကို ကြဉ်ရှောင် လျှင် ကောင်း ကင် ဘုံ မှ ငါ နား ညောင်း၍ အ ပြစ် ကို လွှတ် သည့် ပြင်၊ နေ ပြည် ကို လည်း ချမ်း သာ စေ မည်။
  • 15 ယ ခု မှ စ၍ ဤ ဌာ န ၌ ပြု သော ပ ဌ နာ ကို နား ညောင်း လျက် အာ ရုံ ပြု မည်။
  • 16 ဤ ဗိ မာန် ကို ငါ ရွေး ချယ် သီး သန့် ထား လျက် နာ မ တော် တည် မြဲ စေ သည့် အ တိုင်း အ စဉ် မ ပြတ် ငါ မျက် မှောက် ပြု ၍ အ ရေး ယူ မည်။
  • 17 သင် သည် ငါ မိန့် မှာ တိုင်း ပြု ၍ ထုံး ဖွဲ့ ဆုံး ဖြတ် ချက် များ ကို စောင့် ထိန်း လျက်၊ သင့် အ ဘ ဒါ ဝိဒ် ကဲ့ သို့ ငါ့ မျက် မှောက် တွင် လိုက် လျှောက် လျှင်၊
  • 18 ဣ သ ရေ လ နိုင် ငံ ကို အုပ် စိုး ရ သော သင့် အ မျိုး မင်း ရိုး မ ပြတ် ရ ဟု သင့် အ ဘ ဒါ ဝိဒ် နှင့် ပ ဋိ ညာဉ် ဖွဲ့ ခဲ့ သည့် အ တိုင်း သင့် ရာဇ ပ လ္လင် ကို ငါ တည် မြဲ စေ မည်။
  • 19 သင် တို့ သည် ငါ စီ ရင် ခဲ့ သော ထုံး ဖွဲ့ မိန့် မှာ ချက် များ ကို စွန့် ပယ် ၍ နောက် တော် မှ တွန့် ဆုတ် လျက် အ ခြား ဘုရား များ နောက် လိုက် သွား ဝတ် ပြု ရှိ ခိုး ကြ လျှင် မူ ကား၊
  • 20 ပေး ထား သော ပြည် တော် မှ ဆွဲ နုတ် လျက်၊ ငါ့ နာ မ အ ဖို့ သီး သန့် ထား ခဲ့ သော ဤ ဗိ မာန် ကို လည်း မျက် မှောက် မှ စွန့် ပယ်၍ လူ အ မျိုး မျိုး တို့ တွင် ပုံ ခိုင်း ရာ၊ ပြောင် လှောင် ရာ ဖြစ် စေ မည်။
  • 21 မြင့် မြတ် သော ဤ ဗိ မာန့် အ နီး သီ သွား သူ အ ပေါင်း တို့ အံ့ အား သင့် လျက် ထာ ဝ ရ ဘု ရား သည် ထို ပြည် နှင့် ထို ဗိမာန် ကို အ ဘယ် ကြောင့် ဤ သို့ စီ ရင် တော် မူ သ နည်း ဟု မေး မြန်း သော်၊
  • 22 အိ ဂျစ် ပြည် မှ ထုတ် ဆောင် တော် မူ ခဲ့ သော ဘိုး ဘေး တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို သူ တို့ စွန့် ၍ အ ခြား ဘု ရား များ ထံ မှီ ဝဲ ရှိ ခိုး ဝတ် ပြု ကြ သော ကြောင့် ထို ဘေး ဆိုး အ လုံး စုံ သင့် ရောက် စေ တော် မူ ကြောင်း ပြော ကြ လတ္တံ့ ဟု မိန့် တော် မူ ၏။
回到本卷目录 回到本版本目录 回到首页