၁ ရာ​ချုပ်-22

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ဤ ဌာ န သည် ထာ ဝ ရ ဘု ရား သ ခင့် ဗိ မာန် တော်၊ ဤ တ လင်း လည်း ဣ သ ရေ လ လူ မျိုး တို့ မီး ရှို့ ပူ ဇော် ရာ ပ လ္လင် တော် ဖြစ် သည် ဟု မိန့် ဆို လေ၏။
  • 2 ထို နောက် ဒါ ဝိဒ် မင်း သည် ဣ သ ရေ လ ပြည် ရှိ ဝင် နေ သူ တို့ ကို အ မိန့် တော် နှင့် စု ဝေး စေ လျက် ဆစ် ပြီး ကျောက် များ ဖြင့် ဘု ရား သ ခင့် ဗိ မာန် တော် တည် ဆောက် ရန် ကျောက် ဆစ် သ မား တို့ ကို စီ မံ ၍၊
  • 3 တံ ခါး တော် များ အ ဖို့ သံ ချွန်၊ မျှော့ လုပ် ရန် သံ နှင့် ကြေး မ ချိန် မ တွယ် ဘဲ အ မြောက် အ မြား ကို လည်း ကောင်း၊
  • 4 ဒါ ဝိဒ် မင်း ထံ ဇိ ဒုန် နှင့် တု ရု လူ မျိုး တို့ ဆက် သ ကြ သည် နှင့် အ ညီ မ ရေ မ တွက် နိုင် သော သစ် က တိုး သစ် အ မြောက် အ မြား ကို လည်း ကောင်း အ သင့် ထား လေ ၏။
  • 5 ဒါ ဝိဒ် မင်း က လည်း သား တော် ရှော လ မုန် သည် နု နယ် လျက် ထာ ဝ ရ ဘု ရား အ ဖို့ တည် ဆောက် အံ့ သော ဗိ မာန် တော် မှာ နိုင် ငံ တိုင်း ကျော် စော ကိ တ္တိ ရှိ လောက် အောင် ထူး ဆန်း ခမ်း နား ရ မည် ဖြစ်၍ ငါ ပြင် ဆင် ခဲ့ အံ့ ဟု အောက် မေ့ သ ဖြင့် မ ကွယ် လွန် မီ များ စွာ စု ဆောင်း လေ၏။
  • 6 သား တော် ရှော လ မုန် ကို လည်း ခေါ်၍ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ဖို့ ဗိ မာန် တော် တည် ဆောက် ရန် မိန့် မှာ သည် ကား၊
  • 7 ငါ့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ နာ မ တော် အ ဖို့ ဗိ မာန် တော် ကို ကိုယ် တိုင် တည် ဆောက် ရန် ကြံ ရွယ် သော် လည်း၊
  • 8 ငါ့ ထံ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ရောက် လာ သည် မှာ သင် သည် အား ကြီး စွာ စစ် တိုက်၍၊ လူ့ အ သွေး အ မြောက် အ မြား သွန်း ခဲ့ လေ ပြီ။ ငါ့ မျက် မှောက်၊ မြေ ပေါ် တွင် အ သွေး များ စွာ သွန်း သော ကြောင့် ငါ့ နာ မ အ ဖို့ ဗိ မာန် ကို မ တည် မ ဆောက် ထိုက်။
  • 9 ရန် ကင်း ငြိမ်း သော သား တစ် ယောက် ကို သင် ရ လိမ့် မည်။ ရှော လ မုန် ဟူ သော အ မည် နှင့် အ ညီ ပတ် ဝန်း ကျင် အ ရပ် ရပ်၌ ရန် ကင်း စေ လျက် သူ့ လက် ထက် ကာ လ ပတ် လုံး ဣ သ ရေ လ လူ မျိုး အား ငြိမ်း ချမ်း သာ ယာ ခွင့် ကို ငါ ပေး မည်။
  • 10 ထို သူ သာ ငါ့ နာ မ အ ဖို့ ဗိ မာန် ကို တည် ဆောက် ရ လိမ့် မည်။ ငါ နှင့် သူ သည် သား အ ဘ ဖြစ် သည့် အ တိုင်း၊ ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် သူ့ ရာ ဇ ပ လ္လင် ကို ကာ လ အ စဉ် ငါ တည် မြဲ စေ မည် ဟု ဗျာ ဒိတ် ထား တော် မူ ပြီ။
  • 11 သို့ ဖြစ်၍ ငါ့ သား၊ ဗျာ ဒိတ် ထား တော် မူ သည့် အ တိုင်း ထာ ဝ ရ ဘု ရား သည် သင် နှင့် အ တူ ရှိ တော် မူ လျက် သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် ကို တည် ဆောက် မည့် အ ကြံ ထ မြောက် ပါ စေ သော။
  • 12 သို့ ရာ တွင် သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပ ညတ် တ ရား တော် ကို စောင့် ရှောက် နိုင် ရန် လည်း ကောင်း၊ ဣ သ ရေ လ လူ မျိုး ကို အုပ် စိုး စီ ရင် နိုင် ရန် လည်း ကောင်း၊ ထာ ဝ ရ ဘု ရား သည် သ တိ ပ ညာ၊ ဉာဏ် ပ ဋိ ဘာန် ကို သင့် အား ပေး သ နား တော် မူ ပါ စေ သော။
  • 13 ဣ သ ရေ လ လူ မျိုး ကို ရည် ၍ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ခဲ့ သော ထုံး ဖွဲ့ ဆုံး ဖြတ် ချက် များ ကို စောင့် ရှောက် လိုက် နာ မှ သာ လျှင် အ ကြံ ထ မြောက် လိမ့် မည်။ ကြောက် ရွံ့ တုန် လှုပ် ခြင်း ကင်း လျက် အား ယူ ၍ ရဲ ရင့် လော့။
  • 14 ငါ သည် ဆင်း ရဲ ခံ စဉ် ပင် ရွှေ ချိန် ခွက် သုံး သန်း၊ ငွေ ချိန် ခွက် သုံး ကု ဋေ၊ ပေါ များ သ ဖြင့် မ ချိန် တွယ် နိုင် သော ကြေး၊ သံ၊ သစ် သား၊ ကျောက် များ ကို ထာ ဝ ရ ဘု ရား ဗိ မာန် တော် အ ဖို့ အ သင့် ပြင် ဆင် ခဲ့ ပြီ။
  • 15 သင် လည်း ထပ်၌ ပြင် ဆင် ရ မည်။ ထို မှ တစ် ပါး ပန်း တဉ်း၊ ပန်း ရန်၊ ကျောက် ဆစ် သ မား များ နှင့် ရွှေ၊ ငွေ၊ ကြေး၊ သံ အ လုပ် မှ စ သော လက် မှု ပ ညာ အ မျိုး မျိုး တတ် မြောက် သူ၊ ရေ တွက် ခြင်း ငှါ မ စွမ်း နိုင် အောင် သင်၌ မြောက် မြား များ စွာ ရှိ ၏။ ထ၍ တည် ဆောက် လော့။ ထာ ဝ ရ ဘု ရား သည် သင် နှင့် အ တူ ရှိ တော် မူ ပါ စေ သော ဟု မိန့် ဆို လေ ၏။
  • 16
  • 17 ဣ သ ရေ လ မှူး မတ် တို့ အား လည်း၊ သား တော် ရှော လ မုန် ကို ကူ ညီ ကြ စေ ရန် ဒါ ဝိဒ် မင်း မိန့် မှာ သည် ကား၊
  • 18 သင် တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် သင် တို့ နှင့် အ တူ ရှိ၍ ပတ် ဝန်း ကျင် အ ရပ် ရပ် ၌ သာ ယာ ခွင့် ကို ပေး တော် မူ သည် မ ဟုတ် တုံ လော။ တိုင်း ရင်း သား တို့ ကို ငါ့ လက် တွင်း သို့ အပ် နှင်း တော် မူ သ ဖြင့် လူ မျိုး တော် နှင့် ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် တစ် ပြည် လုံး ကျွန် တော် မျိုး ခံ ရ ကြ ပြီ။
  • 19 သို့ ဖြစ်၍ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စိတ် ပါ ကိုယ် ရောက် လိုက် ရှာ လျက် ထာ ဝ ရ ဘု ရား၏ နာ မ တော် အ ဖို့ တည် ဆောက် အံ့ သော ဗိ မာန် တော် တွင်း သို့ ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ နှင့် ဘု ရား သ ခင်၏ သန့် ရှင်း သော အ သုံး အ ဆောင် တော် များ ကို ဆက် သွင်း ခွင့် ရ ရန် ထာ ဝ ရ ဘု ရား သ ခင့် သန့် ရှင်း ရာ ဌာ န တော် ကို ထ၍ တည် ဆောက် ကြ လော့ ဟု မိန့် မှာ လေ ၏။
回到本卷目录 回到本版本目录 回到首页