1
ထို နောက် ဟေ ဗြုန် မြို့ ရှိ ဒါ ဝိဒ် မင်း ထံ ဣ သ ရေ လ အ မျိုး အ နွယ် အ ပေါင်း တို့ လာ ရောက်၍ ကျွန် တော် တို့ သည် အ ရှင့် အ ရိုး အ သား စင် စစ် ဖြစ် ကြ ပါ ၏။
2
ယ မန် ကျွန် တော် တို့ အ ပေါ် တွင် အုပ် စိုး သော ရှော လု မင်း လက် ထက်၊ ဣ သ ရေ လ လူ မျိုး တို့ စစ် ဝင် စစ် ထွက် မှု ကို စီ မံ သူ ကား၊ အ ရှင် ပေ တည်း။ ထာ ဝ ရ ဘု ရား က လည်း၊ သင် သည် ဣ သ ရေ လ လူ မျိုး တော် ကို ထိန်း ကျောင်း ရ လျက်၊ ထို လူ မျိုး အ ပေါ် တွင် မင်း ပြု ရ မည် ဟူ၍ မိန့် တော် မူ ခဲ့ ကြောင်း တင် လျှောက် ကြ လေ၏။
3
ထို သို့ ဣ သ ရေ လ လူ ကြီး အ ပေါင်း တို့ သည် ဟေ ဗြုန် မြို့၌ စံ နေ သော ဘု ရင် မင်း ထံ တိုး ဝင် ပြီး လျှင်၊ ၎င်း မြို့ တွင် ထာ ဝ ရ ဘု ရား ရှေ့၊ ဒါ ဝိဒ် မင်း နှင့် သ စ္စာ မိတ် ဖွဲ့ လျက် ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် ရာ ဇ ဘိ သိက် ဖြင့် ချီး မြှင့် ကြ လေ ၏။
4
ဒါ ဝိဒ် မင်း သည် အိမ် နိမ့် သုံး ဆယ် ရှိ သော် နန်း တက်၍ နန်း စံ လေး ဆယ် အ နက်
5
ဟေ ဗြုန် မြို့၌၊ ယု ဒ အ နွယ် အ ပေါ် တွင် ခု နစ် နှစ် နှင့် ခြောက် လ၊ ယေ ရု ရှ လင် မြို့၌ ဣ သ ရေ လ ယု ဒ၊ တစ် မျိုး လုံး အ ပေါ် တွင် သုံး ဆယ့် သုံး နှစ် မင်း ပြု သ တည်း။
6
ယေ ရု ရှ လင် မြို့ နေ၊ တိုင်း ရင်း သား ဖြစ် သူ၊ ယေ ဗု သိ လူ မျိုး တို့ ကို တိုက် ခိုက် ရန် ရဲ မက် တို့ နှင့် တ ကွ ဘု ရင် မင်း ကိုယ် တိုင် ချီ သွား လျှင် ထို သူ တို့ က ဤ မြို့ ကို ဒါ ဝိဒ် မင်း မ ဝင် နိုင် ဟု ထင် မှတ် လျက် သင် မ ဝင် နိုင် ရန် မျက် မ မြင် နှင့် ခြေ ဆွံ့ တို့ သာ ဆီး ဆို့ ကြ လိမ့် မည် ဟု ဒါ ဝိဒ် မင်း အား ကြား ပြော ကြ လေ ၏။
7
ဒါ ဝိဒ် မင်း က မူ ကား၊ ယေ ဗု သိ လူ မျိုး တို့ ကို လုပ် ကြံ မည့် သူ တို့ သည် ရေ ပြွန် ဖြင့် တက် လျက် ငါ ဒါ ဝိဒ် ရွံ ရှာ သော မျက် မ မြင် နှင့် ခြေ ဆွံ့ တို့ ကို သတ် စေ ဟု ထို နေ့ တွင် ပင် အ မိန့် ထုတ် ဆင့် သည့် အ တိုင်း ဒါ ဝိဒ် မြို့ တော် တည်း ဟူ သော ဇိ အုန် ခံ မြို့ ကို သိမ်း ယူ လေ၏။ ထို အ ကြောင်း ကို အ စွဲ ပြု၍ မျက် မ မြင် နှင့် ခြေ ဆွံ့ တို့ ရှိ သော ကြောင့် အ တွင်း သို့ မ ဝင် နိုင် ဟု ဆို လေ့ ရှိ ကြ သ တည်း။
8
9
၎င်း ခံ မြို့၌ ဒါ ဝိဒ် မင်း စံ နေ၍ ဒါ ဝိဒ် မြို့ တော် ဟု တွင် စေ လျက် မိ လ္လော ပြ အိုး မှ စ၍ ပတ် လည် အ တွင်း တည် ဆောက် ပြန် လေ ၏။
10
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် သည် ဒါ ဝိဒ် မင်း နှင့် အ တူ ရှိ တော် မူ သော ကြောင့် ထို မင်း၌ တန် ခိုး အာ ဏာ တိုး ပွား ကြီး မြင့် လျက် ရှိ ၏။
11
တု ရု ဘု ရင် ဟိ ရံ မင်း သည် ဒါ ဝိဒ် မင်း ထံ ရာ ဇ သံ တို့ ကို လွှတ်၍ သစ် က တိုး သစ် နှင့် လက် သ မား၊ ပန်း ရန် သ မား တို့ ကို ပို့ ဆက် သည့် အ တိုင်း နန်း တော် ကို တည် ဆောက် ရ ကြ ၏။
12
ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ လူ မျိုး တော် အ တွက် ထို လူ မျိုး အ ပေါ် တွင် ဘု ရင် အ ဖြစ် တည် မြဲ စေ၍ အာ ဏာ ကြီး စေ တော် မူ ကြောင်း ကို ဒါ ဝိဒ် မင်း သိ မြင် လေ ၏။
13
ဒါ ဝိဒ် မင်း သည် ဟေ ဗြုန် မြို့ မှ ရွှေ့ ပြောင်း၍ ယေ ရု ရှ လင် မြို့ မှာ စံ နေ သော အ ခါ အ ခြား မိ ဖု ရား နှင့် မောင်း မ တို့ ကို ယူ ပြန် သ ဖြင့် သား တော် သ မီး တော် များ ကို ရ သေး ၏။
14
ယေ ရု ရှ လင် မြို့၌ ရ သော သား တော် ကို အ မည် များ ကား ရှ မွာ၊ ရှော ဗပ်၊ နာ သန်၊
15
ရှော လ မုန်၊ ဣ ဗ ဟာ၊ ဧ လိ ရွှ၊ နေ ဖက်၊ ယာ ဖျာ၊ ဧ လိ ရှ မာ၊ ဧ လျာ ဒ၊ ဧ လိ ဖ လက် တို့ တည်း။
16
17
ဖိ လိ တ္တိ လူ မျိုး တို့ သည် ဣ သ ရေ လ နိုင် ငံ ပေါ် တွင် ဒါ ဝိဒ် ကို ရာ ဇ ဘိ သိက် ဖြင့် ချီး မြှင့် ကြ သော သ တင်း ကြား သိ ကြ သော် ဒါ ဝိဒ် ကို လိုက် ရှာ ရန် ဗိုလ် ထု အ လုံး အ ရင်း တို့ ချီ တက် လာ ရာ ဒါ ဝိဒ် မင်း ကြား သိ သ ဖြင့် ခိုင် လုံ သော ဥမင် သို့ ဆင်း ချီ လေ ၏။
18
ဖိ လိ တ္တိ ရဲ မက် တို့ ချီ လာ၍ ရေ ဖိမ် ချိုင့်၌ အ နှံ့ အ ပြား တပ် ချ ကြ သော်၊
19
ဒါ ဝိဒ် မင်း က၊ ဖိ လိ တ္တိ တပ် ကို ဆီး ဆို့ ရန် စစ် တက် ရ ပါ မည် လော။ အ ကျွန်ုပ် လက် တွင်း သို့ အပ် နှင်း တော် မူ ပါ မည် လော ဟု ထာ ဝ ရ ဘု ရား ထံ မေး လျှောက် လျင်၊ စစ် တက် လော့။ သင့် လက် တွင်း သို့ ဖိ လိ တ္တိ တပ် ကို မု ချ ငါ အပ် နှင်း မည် ဟု မိန့် တော် မူ သည့် အ တိုင်း
20
ဒါ ဝိဒ် မင်း သည် ဗာ လ ပေ ရ ဇိမ် မြို့ သို့ ချီ သွား၍ သူ တို့ ကို လုပ် ကြံ ရာ ရေ ပန်း ပေါက် ထွက် သ ကဲ့ သို့ ရန် သူ တို့ ကို၊ ငါ့ ရှေ့ ထာ ဝ ရ ဘု ရား ပေါက် ပျက် စေ တော် မူ ပြီ ဟု အောက် မေ့ လေ ၏။ ထို အ မှု ကို အ စွဲ ပြု၍ ဗာ လ ပေ ရ ဇိမ် အ မည် ဖြင့် တွင် စေ သ တည်း။
21
ထို အ ရပ်၌ ဖိ လိ တ္တိ တပ် က စွန့် လွှတ် ခဲ့ ရ သော ရုပ် ပွား များ ကို ဒါ ဝိဒ် မင်း နှင့် အ ပေါင်း ပါ တို့ သိမ်း ယူ ကြ ၏။
22
တစ် ဖန် ဖိ လိ တ္တိ တပ် ချီ တက် ပြန်၍ ရေ ဖိမ့် ချိုင့် တွင် အ နှံ့ အ ပြား တပ် ချ ကြ ရာ၊
23
ဒါ ဝိဒ် မင်း သည် ထာ ဝ ရ ဘု ရား ထံ မေး လျှောက် သော် ရင် ဆိုင် မ တက် ရ။ နောက် သို့ ပန်း၍ ပိုး စာ မြိုင် အ နီး ချဉ်း ကပ် ပြီး မှ
24
ပိုး စာ မြိုင် အ ထက် ဖျား က တပ် သံ ကြား လျှင် လုံ့ လ ပြု လော့။ ထို အ ခါ ငါ ထာ ဝ ရ ဘု ရား သည် ဖိ လိ တ္တိ အ လုံး အ ရင်း ကို လုပ် ကြံ ရန် သင့် ရှေ့ တွင် ကြွ ချီ ပြီ ဟု မိန့် တော် မူ သည့် အ တိုင်း
25
ဒါ ဝိဒ် မင်း လိုက် နာ၍ ဖိ လိ တ္တိ တပ် ကို ဂေ ဗ မြို့ မှ ဂေ ဇာ မြို့ အ ရောက် လုပ် ကြံ ကြ လေ ၏။